82 Shares 40 Views

ေလဆိပ္မွာ ခရီးသည္မ်ားကို ကူညီေပးမယ့္ စက္ရုပ္

Jul 17, 2018
82 40

ေလဆိပ္မ်ားဟာ အရြယ္အစား ႀကီးမားၿပီး လူမ်ားစြာ ရွိတဲ့အတြက္ သင္သြားမယ့္ ဂိတ္ေပါက္မ်ားကို ရွာေဖြရတာ မလြယ္ကူပါဘူး။ ေလဆိပ္ထဲမွာ တိုင္ပတ္ေနၾကရပါတယ္။ အခုေတာ့ KLM Royal Dutch Airlines က ေလဆိပ္မွာ ခရီးသည္မ်ားကို ကူညီေပးမယ့္ စက္ရုပ္ကို ဖန္တီးလို္က္ပါတယ္။

စက္ရုပ္ရဲ႕ အမည္မွာ Care-E ျဖစ္ၿပီး သူက Security Checkpoint ကေန ခရီးသြားမ်ား သြားမယ့္ေနရာကို လမ္းညႊန္ေပးမွာ ျဖစ္ပါတယ္။ သူက ခရီးေဆာင္အိတ္မ်ားကိုလည္း သယ္ေဆာင္ေပးႏုိင္ပါတယ္။ သူက သင့္ရဲ႕ Boarding Pass ကို အရင္ဆံုး စစ္ေဆးမွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ သင့္လိုရာ ခရီးကို ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။ KLM က စက္ရုပ္ကို New York ရဲ႕ JFK နဲ႔ San Francisco ရဲ႕ Internatioinal ေလဆိပ္မ်ားမွာ အရင္ဆံုး ထားရွိေပးထားမွာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ အျခား ေလဆိပ္မ်ားမွာ ထားရွိဖို႔ စီစဥ္ထားပါတယ္။

Care-E ဟာ တစ္နာရီလွ်င္ ၃ မိုင္ႏႈန္းျဖင့္ သြားႏုိင္တဲ့အတြက္ အလ်င္စလို သြားခ်င္တဲ့ ခရီးသည္မ်ားအတြက္လည္း အဆင္ေျပပါတယ္။ KLM က ဇူလိုင္နဲ႔ ၾသဂုတ္လမ်ားမွာ စက္ရုပ္ကို စတင္ ထားရွိေပးထားဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ကုမၸဏီမ်ားစြာဟာ သူ႔လို ေလဆိပ္ အကူအညီေပးတဲ့ စက္ရုပ္မ်ားကို ဖန္တီးေနၾကပါတယ္။ ဒါေပမယ့္ ဘက္ထရီ အေပၚ ေလဆိပ္မ်ားရဲ႕ မူ၀ါဒ အေျပာင္းအလဲမ်ားေၾကာင့္ မေအာင္ျမင္ခဲ့ပါဘူး။ အတိတ္မွာ ဒီလို ျပႆနာမ်ိဳးျဖစ္ပြားခဲ့ေပမယ့္ Care-E ကေတာ့ အဆင္ေျပလိမ့္မယ္လို႔ ကြ်မ္းက်င္သူမ်ားက သံုးသပ္ပါတယ္။

Ref : theverge

unicode

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။

စက်ရုပ်ရဲ့ အမည်မှာ Care-E ဖြစ်ပြီး သူက Security Checkpoint ကနေ ခရီးသွားများ သွားမယ့်နေရာကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ သူက ခရီးဆောင်အိတ်များကိုလည်း သယ်ဆောင်ပေးနိုင်ပါတယ်။ သူက သင့်ရဲ့ Boarding Pass ကို အရင်ဆုံး စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သင့်လိုရာ ခရီးကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ KLM က စက်ရုပ်ကို New York ရဲ့ JFK နဲ့ San Francisco ရဲ့ Internatioinal လေဆိပ်များမှာ အရင်ဆုံး ထားရှိပေးထားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြား လေဆိပ်များမှာ ထားရှိဖို့ စီစဉ်ထားပါတယ်။

Care-E ဟာ တစ်နာရီလျှင် ၃ မိုင်နှုန်းဖြင့် သွားနိုင်တဲ့အတွက် အလျင်စလို သွားချင်တဲ့ ခရီးသည်များအတွက်လည်း အဆင်ပြေပါတယ်။ KLM က ဇူလိုင်နဲ့ သြဂုတ်လများမှာ စက်ရုပ်ကို စတင် ထားရှိပေးထားဖို့ မျှော်လင့်ထားပါတယ်။

ကုမ္ပဏီများစွာဟာ သူ့လို လေဆိပ် အကူအညီပေးတဲ့ စက်ရုပ်များကို ဖန်တီးနေကြပါတယ်။ ဒါပေမယ့် ဘက်ထရီ အပေါ် လေဆိပ်များရဲ့ မူဝါဒ အပြောင်းအလဲများကြောင့် မအောင်မြင်ခဲ့ပါဘူး။ အတိတ်မှာ ဒီလို ပြဿနာမျိုးဖြစ်ပွားခဲ့ပေမယ့် Care-E ကတော့ အဆင်ပြေလိမ့်မယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

Ref : theverge

You may be interested

ႀကိဳးမဲ့ အားသြင္းစက္ပါတဲ့ Asus Zen AiO 27 Desktop
ASUS, HUBS, NEWS
0 shares0 views

ႀကိဳးမဲ့ အားသြင္းစက္ပါတဲ့ Asus Zen AiO 27 Desktop

Ko Thuya - Oct 23, 2018

Asus က Zen AiO27 Desktop Computer ကို ေၾကညာလိုက္ပါတယ္။ All-in-one Desktop ျဖစ္ၿပီး ၂၇ လက္မ 4K Touchscreen ထည့္သြင္းထားပါတယ္။ Base မွာ 7.5W Qi Wireless Charger ထည့္သြင္းထားတဲ့…

ေနေရာင္ျခည္ စြမ္းအင္သံုး ေရသန္႔စင္စက္
Gadgets, NEWS, Tech Update
0 shares0 views

ေနေရာင္ျခည္ စြမ္းအင္သံုး ေရသန္႔စင္စက္

Ko Thuya - Oct 23, 2018

ကမာၻ အ၀န္းမွာ သန္႔ရွင္းတဲ့ ေသာက္ေရသန္႔ မရရွိတဲ့ ျပႆနာမ်ား ရွိေနပါေသးတယ္။ ကမာၻ႕ ေနရာမ်ားစြာမွာ မသန္႔ရွင္းတဲ့ ေရမ်ား၊ အဆိပ္အေတာက္မ်ား ပါတဲ့ ေရမ်ားကို ေသာက္သံုုးေနၾကရသူမ်ားစြာ ရွိေနပါေသးတယ္။ ေရမ်ားကို သန္႔ရွင္းေအာင္ က်ိဳခ်က္ ေသာက္သံုးေနရသူမ်ားစြာလည္း ရွိေနပါတယ္။ အခုေတာ့ WorldWater…

Amazon က ဆန္ဖရန္စစၥကိုမွာ Cashier မလိုဘဲ ေစ်း၀ယ္လို႔ရတဲ့ Go Store ကို ဖြင့္လွစ္
NEWS, Softwares & Application, Tech Update
0 shares0 views

Amazon က ဆန္ဖရန္စစၥကိုမွာ Cashier မလိုဘဲ ေစ်း၀ယ္လို႔ရတဲ့ Go Store ကို ဖြင့္လွစ္

Ko Thuya - Oct 23, 2018

အေမဇုန္က ဆန္ဖရန္စစၥကိုမွာ Cashier-less Go Store ကို ဖြင့္လွစ္လိုက္ပါတယ္။ ခ်ီကာဂိုနဲ႔ ဆီေယတယ္ ၿပီးေနာက္ Go Store ဖြင့္တဲ့ တတိယေျမာက္ ၿမိဳ႕ ျဖစ္လာပါတယ္။ စတိုးအသစ္ရဲ႕ ဒီဇိုင္းဟာ ယခင္ Go Store မ်ားနဲ႔ တူညီပါတယ္။…

Leave a Comment

Most from this category