1498 Shares 3971 Views
အရွယ်အစား ၃မျိုးနဲ့ ထုတ်လုပ်ထားမယ့် Galaxy S10 ကို In-diplay Fingerprint Sensor နဲ့အတူ မြင်တွေ့ရဖွယ်ရှိ
Jul 17, 2018
1498 3971
[Zawgyi]
Galaxy Note 9 (Rumor)
Galaxy S10 (Rumor)
Ref:theverge
[Unicode]
အရွယ်အစား ၃မျိူးနဲ့ ထုတ်လုပ်ထားမယ့် Galaxy S10 ကို In-diplay Fingerprint Sensor နဲ့အတူ မြင်တွေ့ရဖွယ်ရှိ
Samsung အနေနဲ့ Galaxy S10 ကို ထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်သလို Galaxy Note 9 ကိုလည်း နောက်လ ၉ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Galaxy Note 9 ရဲ့ ဒီဇိုင်းအပိုင်းက Galaxy Note 8 နဲ့ အများကြီး ကွာခြားသွားခြင်း မရှိပေမယ့် Processor အပိုင်းမှာတော့ Exynos 9820 SoC နဲ့ ပွဲထွက်လာနိုင်တယ်လို့ သိရပါတယ်။
Galaxy Note 9 (Rumor)
Galaxy S10 နဲ့ ပတ်သတ်ပြီး Bussiness Insider ရဲ့ သတင်းများအရ Galaxy S10 ကို Display Size ၃မျိူးနဲ့ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ Ming-Chi Kuo ရဲ့ ပြောကြားချက်များအရ ဆိုရင် Galaxy S10 ဟာ ၅.၈ လက်မ၊ ၆.၁ လက်မနဲ့ ၆.၄ လက်မဆိုပြီး မော်ဒယ် ၃မျိူး ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၆.၁လက်မနဲ့ ၆.၄လက်မ မော်ဒယ်တွေမှာ In-display Fingerprint Sensor ကို အသုံးပြုထားနိုင်ကြောင်း Ming-Chi Kuo က ခန့်မှန်းပြောဆိုထားပါတယ်။ ၅.၈လက်မ မော်ဒယ်မှာတော့ Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားနိုင်ပြီး တန်ဖိုးသင့် စမတ်ဖုန်းအဖြစ် ပွဲထွက်လာနိုင်တယ်လို့ သိရပါတယ်။
Galaxy S10 (Rumor)
မကြာသေးမီကလည်း Galaxy S10 ရဲ့ ကင်မရာ အပိုင်းအတွက် စုစုပေါင်း ကင်မရာ ၅လုံးအထိ တပ်ဆင်ထားနိုင်ဖွယ်ရှိတဲ့ သတင်များ ထွက်ပေါ်နေပါတယ်။ နောက်ကျောဘက်မှာ Dual Camera အပြင် Wide Angle Lens ကိုပါ တပ်ဆင်နိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ ပိုမိုကောင်းမွန်တဲ့ Portrait ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် ကင်မရာ ၂လုံး တွဲလျက် တင်ဆင်ထားနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။
Samsung အနေနဲ့ သူတို့ရဲ့ Galaxy S စီးရီးတွေကို ဖေဖော်ဝါရီ လကုန်ခါနီးလောက်မှသာ မိတ်ဆက်လေ့ ရှိတာပါ။ ဒါ့ကြောင့် Galaxy S10 ကို မြင်တွေ့ရဖို့ကိုတော့ အချိန် အတော်ကြာ စောင့်ဆိုင်းရပါလိမ့်မယ်။ လောလောဆယ် နောက်လ ၉ရက်နေ့မှာ မြင်တွေ့ရမယ့် Galaxy Note 9 ကိုတော့ ရင်ခုန်စွာ စောင့်မျှော်ရှူ့စားနေပါတယ်။
Ref:theverge
You may be interested
Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares0 views
Lenovo ရဲ့ Foldable Tablet လာမည်
Ko Thuya - Oct 18, 2018
ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares0 views
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Ko Thuya - Oct 18, 2018
Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…
Huawei က EMUI 9.0 Beta ကို ဖုန်း ၉ လုံးအတွက် ဖြန့်ချီ
Android, Huawei, HUBS
0 shares0 views
Huawei က EMUI 9.0 Beta ကို ဖုန်း ၉ လုံးအတွက် ဖြန့်ချီ
Ko Thuya - Oct 18, 2018
Huawei က Android Pie အခြေပြု EMUI 9.0 Beta Program ကို ကြေညာလိုက်ပါတယ်။ အဲဒီ Update ကို ရရှိမယ့် စမတ်ဖုန်း စာရင်းကိုလည်း ဟွာဝေးက တွစ်တာမှာ ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းများထဲမှာ Huawei…
Leave a Comment
Most from this category