564 Shares 710 Views

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ႔ iPhone X တို႔ထက္ ပိုျမန္မည္

Jul 17, 2018
564 710

Samsung Galaxy Note 9 ဟာ အလြန္ စြမ္းရည္ျမင့္မယ့္ ဖုန္းဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ သူဟာ ေမွ်ာ္မွန္းထားတာထက္ေတာင္ ပိုစြမ္းရည္ျပည့္မယ္လို႔ သတင္းထြက္လာပါတယ္။ သူ႔မွာ ဆမ္ေဆာင္း မေၾကညာရေသးတဲ့ Exynos 9820 Chipset ပါလာမွာ ျဖစ္ပါတယ္။

Chip ဟာ Samsung Galaxy S9 , S9 Plus မ်ားမွာ ပါတဲ့ Exynos 9810 ရဲ႕ မ်ိဳးဆက္ ျဖစ္ႏုိင္ၿပီး Geekbench ရဲ႕ စာရင္းအရ သူဟာ ယခင္မ်ိဳးဆက္ထက္ စြမ္းရည္မ်ားစြာ တိုးတက္လာပါတယ္။ Multi-Core ရလဒ္မွာ ၁၂၂၄၆ မွတ္ရထားၿပီး Single-Core ရလဒ္မွာ ၄၀၉၈ မွတ္ ရထားပါတယ္။ ယခင္က ထြက္ခဲ့တဲ့ သတင္းမ်ား အရ Note 9 မွာ Exynos 9810 Chipset ထည့္သြင္းထားၿပီး Geekbench ရဲ႕ Multi-Core ရလဒ္မွာ ၈၉၈၄ မွတ္နဲ႔ Single-Core ရလဒ္မွာ ၃၇၁၆ မွတ္ ရရွိထားပါတယ္။ ႏိႈင္းယွဥ္ၾကည့္ရင္ Chipset အသစ္ဟာ ရမွတ္မ်ားစြာ ပိုမ်ားေနပါတယ္။

Exynos 9820 Chipset ပါတဲ့ Note 9 ဟာ Multi-Core ရလဒ္မွာ iPhone X ထက္ေတာင္ သိသိသာသာ သာလြန္ေနပါတယ္။ ဆမ္ေဆာင္းက ၾသဂုတ္လ ၉ ရက္ေန႔မွာ နယူးေယာက္စီးတီးမွာ သူ႔ကို မိတ္ဆက္ဖို႔ ဖိတ္စာမ်ားကို ေ၀ငွထားပါတယ္။

ဆမ္ေဆာင္းက Galaxy Note 9 မွာ Bixby Version 2.0 ပါမယ္လို႔ ေၾကညာထားပါတယ္။ ဗားရွင္းအသစ္ဟာ လူေတြေမးတဲ့ေမးခြန္းမ်ားကို ပိုမိုနားလည္လာၿပီး လွ်င္ျမန္စြာ အေျဖမ်ား ေျပာျပႏုိင္လာမွာ ျဖစ္ပါတယ္။ ဆူညံတဲ့ ပတ္၀န္းက်င္မွာေတာင္ သခင္ရဲ႕ အသံကို နားလည္ပါတယ္။ သူဟာ Version 1.0 ထက္ လုပ္ေဆာင္ခ်က္မ်ား ပိုမို ပါ၀င္လာမွာပါ။

Note 9 မွာ Note 8 ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားထက္ အနည္းငယ္ ပိုမို ႀကီးမားတဲ့ ၆.၄ လက္မ အရြယ္ မ်က္ႏွာျပင္ကို ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Aspect Ratio ကေတာ့ တူညီမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ အရြယ္အစား အပိုင္းမွာ Note 9 နဲ႔ S9+ တို႔ဟာ မတိမ္းမယိမ္း ျဖစ္လာပါတယ္။ Note 9 မွာ Note 8 ရဲ႕ 3300mAh Battery ထက္ ပိုိမုိႀကီးမားတဲ့ 3850mAh or 4000mAh Battery မ်ား ပါလာႏုိင္ပါတယ္။

Ref : techradar

unicode

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်

Samsung Galaxy Note 9 ဟာ အလွန် စွမ်းရည်မြင့်မယ့် ဖုန်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ မျှော်မှန်းထားတာထက်တောင် ပိုစွမ်းရည်ပြည့်မယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ ဆမ်ဆောင်း မကြေညာရသေးတဲ့ Exynos 9820 Chipset ပါလာမှာ ဖြစ်ပါတယ်။

Chip ဟာ Samsung Galaxy S9 , S9 Plus များမှာ ပါတဲ့ Exynos 9810 ရဲ့ မျိုးဆက် ဖြစ်နိုင်ပြီး Geekbench ရဲ့ စာရင်းအရ သူဟာ ယခင်မျိုးဆက်ထက် စွမ်းရည်များစွာ တိုးတက်လာပါတယ်။ Multi-Core ရလဒ်မှာ ၁၂၂၄၆ မှတ်ရထားပြီး Single-Core ရလဒ်မှာ ၄၀၉၈ မှတ် ရထားပါတယ်။ ယခင်က ထွက်ခဲ့တဲ့ သတင်းများ အရ Note 9 မှာ Exynos 9810 Chipset ထည့်သွင်းထားပြီး Geekbench ရဲ့ Multi-Core ရလဒ်မှာ ၈၉၈၄ မှတ်နဲ့ Single-Core ရလဒ်မှာ ၃၇၁၆ မှတ် ရရှိထားပါတယ်။ နှိုင်းယှဉ်ကြည့်ရင် Chipset အသစ်ဟာ ရမှတ်များစွာ ပိုများနေပါတယ်။

Exynos 9820 Chipset ပါတဲ့ Note 9 ဟာ Multi-Core ရလဒ်မှာ iPhone X ထက်တောင် သိသိသာသာ သာလွန်နေပါတယ်။ ဆမ်ဆောင်းက သြဂုတ်လ ၉ ရက်နေ့မှာ နယူးယောက်စီးတီးမှာ သူ့ကို မိတ်ဆက်ဖို့ ဖိတ်စာများကို ဝေငှထားပါတယ်။

ဆမ်ဆောင်းက Galaxy Note 9 မှာ Bixby Version 2.0 ပါမယ်လို့ ကြေညာထားပါတယ်။ ဗားရှင်းအသစ်ဟာ လူတွေမေးတဲ့မေးခွန်းများကို ပိုမိုနားလည်လာပြီး လျှင်မြန်စွာ အဖြေများ ပြောပြနိုင်လာမှာ ဖြစ်ပါတယ်။ ဆူညံတဲ့ ပတ်ဝန်းကျင်မှာတောင် သခင်ရဲ့ အသံကို နားလည်ပါတယ်။ သူဟာ Version 1.0 ထက် လုပ်ဆောင်ချက်များ ပိုမို ပါဝင်လာမှာပါ။

Note 9 မှာ Note 8 ရဲ့ မျက်နှာပြင် အရွယ်အစားထက် အနည်းငယ် ပိုမို ကြီးမားတဲ့ ၆.၄ လက်မ အရွယ် မျက်နှာပြင်ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Aspect Ratio ကတော့ တူညီမယ်လို့ သိရပါတယ်။ မျက်နှာပြင် အရွယ်အစား အပိုင်းမှာ Note 9 နဲ့ S9+ တို့ဟာ မတိမ်းမယိမ်း ဖြစ်လာပါတယ်။ Note 9 မှာ Note 8 ရဲ့ 3300mAh Battery ထက် ပိုမိုကြီးမားတဲ့ 3850mAh or 4000mAh Battery များ ပါလာနိုင်ပါတယ်။

Ref : techradar

You may be interested

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
59 shares208 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ Redmi Note 7 ကို ေၾကညာခဲ့ပါတယ္။ ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူက ပထမဆံုး ေရာင္းတဲ့ လမွာ အလံုးေရ ၁ သန္းေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားမယ္လို႔ အဲဒီအခ်ိန္က ေျပာခဲ့ပါတယ္။ တကယ္လည္း…

Leave a Comment

Most from this category