405 Shares 870 Views

Android One နဲ့ထွက်လာမယ့် Mi A2 အတွက် Xiaomi ရဲ့ ကြော်ငြာ Teaser

Jul 17, 2018
405 870

[Zawgyi]




Ref: AndroidCentral

[Unicode]

မနှစ်ကလည်း Xiaomi က Google နဲ့ပေါင်းပြီး Android One ဖုန်းတစ်လုံးကိုထုတ်ခဲ့ပါတယ်။ အဲဒီ Mi A1 ဖုန်းကတော့ ၂၀၁၇ ရဲ့အကောင်းဆုံးဖုန်းတစ်လုံးထဲမှာဝင်ခဲ့ပြီး အခုလည်း သူ့ရဲ့နောက်မျိုးဆက်ဖုန်းတစ်လုံးကို မိတ်ဆက်ဖို့ပြင်နေပါပြီ။ နောက်မျိုးဆက်သစ်မော်ဒယ်လ်အတွက် ကြော်ငြာ Teaser လေးကိုတော့ Xiaomi ကနေ ဖော်ပြလိုက်ပြီဖြစ်ပြီး Mi A2 လို့နာမည်ပေးမယ့်ပုံပါပဲ။ Global Launch ပွဲကို ဇူလိုင်လ ၂၄ရက်နေ့ စပိန်နိုင်ငံ မက်ဒရစ်မှာကျင်းပဖို့ Xiaomi က စီစဉ်ထားတဲ့အတွက် အဲဒီပွဲမှာ Mi A2 ကိုမိတ်ဆက်သွားနိုင်ချေအရမ်းများပါတယ်။

ကြော်ငြာ Teaser မှာတော့ Mi A1 fan တွေအနေနဲ့ နောက်လာမယ့်မျိုးဆက်ကိုလည်း ကြိုက်ကြလိ့မ်မယ်ဆိုတာကလွဲရင် ဘာမှမပါပါဘူး။ Mi A1 တုန်းက Mi 5X ကိုမှ Android One နဲ့လာတာဖြစ်လို့ Mi A2 ကတော့ Mi 6X ကိုမှ Android One အနေနဲ့လာမယ့်ပုံပါပဲ။ Mi 6X အတိုင်းပဲဆိုရင်တော့ Android One ဖြစ်သွားတာကလွဲရင် 5.99- inch FHD+ display, Snapdragon 660, RAM 6GB, Storage 128GB, ကျောဘက် dual 12MP+20MP ကင်မရာ၊ ရှေ့ဘက် 20MP ကင်မရာနဲ့ 3010 mAh ဘက်ထရီတွေနဲ့ထွက်လာမှာပါ။

မနှစ်က Mi A1 တုန်းကလည်း Android One platform ကိုမှ Hardware တွေကလည်း ကောင်းတဲ့အတွက် သုံးစွဲသူတွေ တော်တော်အကြိုက်တွေ့ခဲ့တဲ့ဖုန်းတစ်လုံးပါ။ ဒီနှစ် Mi A2 တွေလည်း ဒီလိုပဲလူကြိုက်များဦးမှာသေချာပါတယ်။ မိတ်ဆက်ဖို့ကလည်း တစ်ပတ်လောက်လိုသေးတယ်ဆိုတော့ Mi A2 အကြောင်းတွေ ထပ်သိရင်လည်း သိရဦးမှာပါ။ မထွက်ခင်ထိ လည်ပင်းရှည်ရှည်စောင့်ကြဦးစို့…..

Ref: AndroidCentral

You may be interested

ကြိုးမဲ့ အားသွင်းစက်ပါတဲ့ Asus Zen AiO 27 Desktop
ASUS, HUBS, NEWS
0 shares0 views

ကြိုးမဲ့ အားသွင်းစက်ပါတဲ့ Asus Zen AiO 27 Desktop

Ko Thuya - Oct 23, 2018

Asus က Zen AiO27 Desktop Computer ကို ကြေညာလိုက်ပါတယ်။ All-in-one Desktop ဖြစ်ပြီး ၂၇ လက်မ 4K Touchscreen ထည့်သွင်းထားပါတယ်။ Base မှာ 7.5W Qi Wireless Charger ထည့်သွင်းထားတဲ့…

နေရောင်ခြည် စွမ်းအင်သုံး ရေသန့်စင်စက်
Gadgets, NEWS, Tech Update
0 shares0 views

နေရောင်ခြည် စွမ်းအင်သုံး ရေသန့်စင်စက်

Ko Thuya - Oct 23, 2018

ကမ္ဘာ အ၀န်းမှာ သန့်ရှင်းတဲ့ သောက်ရေသန့် မရရှိတဲ့ ပြဿနာများ ရှိနေပါသေးတယ်။ ကမ္ဘာ့ နေရာများစွာမှာ မသန့်ရှင်းတဲ့ ရေများ၊ အဆိပ်အတောက်များ ပါတဲ့ ရေများကို သောက်သုံးနေကြရသူများစွာ ရှိနေပါသေးတယ်။ ရေများကို သန့်ရှင်းအောင် ကျိုချက် သောက်သုံးနေရသူများစွာလည်း ရှိနေပါတယ်။ အခုတော့ WorldWater…

Amazon က ဆန်ဖရန်စစ္စကိုမှာ Cashier မလိုဘဲ ဈေးဝယ်လို့ရတဲ့ Go Store ကို ဖွင့်လှစ်
NEWS, Softwares & Application, Tech Update
0 shares0 views

Amazon က ဆန်ဖရန်စစ္စကိုမှာ Cashier မလိုဘဲ ဈေးဝယ်လို့ရတဲ့ Go Store ကို ဖွင့်လှစ်

Ko Thuya - Oct 23, 2018

အမေဇုန်က ဆန်ဖရန်စစ္စကိုမှာ Cashier-less Go Store ကို ဖွင့်လှစ်လိုက်ပါတယ်။ ချီကာဂိုနဲ့ ဆီယေတယ် ပြီးနောက် Go Store ဖွင့်တဲ့ တတိယမြောက် မြို့ ဖြစ်လာပါတယ်။ စတိုးအသစ်ရဲ့ ဒီဇိုင်းဟာ ယခင် Go Store များနဲ့ တူညီပါတယ်။…

Leave a Comment

Most from this category