116 Shares 86 Views

အျမင့္ေပ ၄၅၀ ကေန ျပဳတ္က်တာေတာင္ ဘာမွ မျဖစ္တဲ့ iPhone (Video)

Jul 17, 2018
116 86

ဖေလာ္ရီဒါ ျပည္နယ္၊ ေအာ္လန္ဒိုမွ Magical Midway Thrill Park တြင္ ရဟတ္ စီးနင္းေနစဥ္မွာ အမ်ိဳးသမီး တစ္ဦးရဲ႕ iPhone 7 Plus ဟာ မေတာ္တဆ ျပဳတ္က်သြားခဲ့ပါတယ္။ ရဟတ္ရဲ႕ အျမင့္ေပဟာ ၄၅၀ ေတာင္ရွိၿပီး ကမာၻ႕ အျမင့္ဆံုး ရဟတ္မ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ အမ်ိဳးသမီးရဲ႕ အမည္မွာ Cansel Yildirim ျဖစ္ၿပီး ရဟတ္စီးေနတာကို ဗီဒီယို ရိုက္ကူးဖုိ႔အတြက္ ကစားကြင္းက တားျမစ္ထားတဲ့အၾကားက ဖုန္းကို ရဟတ္အေပၚကို ယူေဆာင္သြားတာ ျဖစ္ပါတယ္။

သူမဟာ ရဟတ္ စီးနင္းေနစဥ္ စကၠန္႔ ၃၀ ၾကာ ဗီဒီယို ရိုက္ကူးၿပီးေနာက္မွာ လက္ကေန ဖုန္း လြတ္က်သြားတာပါ။ ရဟတ္အေပၚကေန ဆင္းလာၿပီးေနာက္ သူမဟာ Find My iPhone App ကို အသံုးျပဳ၍ ဖုန္းကို ရွာခဲ့ပါတယ္။ ဖုန္းဟာ အေသးအမႊားျခစ္ရာ၊ ပြန္းရာေလာက္သာ ရွိတာကို သူမဟာ အံ့အားသင့္စြာ ေတြ႕ျမင္ခဲ့ရပါတယ္။ သူမက ဖုန္းမွာ Case ေတာင္ မတပ္ထားပါဘူး။ “ မယံုႏုိင္စရာပါပဲ။ ဖုန္းရဲ႕ မွန္ေတာင္ မကြဲအက္သြားပါဘူး။ ဖုန္းဟာ ေကာင္းစြာ အလုပ္လုပ္ေနပါ တယ္။ “ လို႔ သတင္းဌာနတစ္ခုကို ေျပာခဲ့ပါတယ္။

မၾကာခင္ကလည္း အိုင္ဖုန္း တစ္လံုးဟာ ျမစ္ထဲမွာ ရက္ေပါင္းမ်ားစြာ နစ္ျမဳပ္ေနတာေတာင္ ပ်က္ဆီးျခင္း မရွိတဲ့ သတင္းတစ္ပုဒ္ ထြက္ေပၚခဲ့ဖူးပါတယ္။ တစ္ခု သတိထားသင့္တာက ကစားကြင္းမွာ ျမင့္မားတဲ့ ရိုလာကိုစတာမ်ား၊ ရဟတ္မ်ား စီးနင္းတဲ့ အခါမွာ ဖုန္းနဲ႔ အျခား ပစၥည္းမ်ားကို မယူေဆာင္သင့္ပါဘူး။ ပစၥည္းမ်ား ျပဳတ္က် ပ်က္ဆီးႏုိင္သလို ေအာက္က လူကို ထိမိရင္လည္း ဒဏ္ရာရသြားႏုိင္ပါတယ္။

Ref : tnw

unicode

အမြင့်ပေ ၄၅၀ ကနေ ပြုတ်ကျတာတောင် ဘာမှ မဖြစ်တဲ့ iPhone

ဖလော်ရီဒါ ပြည်နယ်၊ အော်လန်ဒိုမှ Magical Midway Thrill Park တွင် ရဟတ် စီးနင်းနေစဉ်မှာ အမျိုးသမီး တစ်ဦးရဲ့ iPhone 7 Plus ဟာ မတော်တဆ ပြုတ်ကျသွားခဲ့ပါတယ်။ ရဟတ်ရဲ့ အမြင့်ပေဟာ ၄၅၀ တောင်ရှိပြီး ကမ္ဘာ့ အမြင့်ဆုံး ရဟတ်များထဲမှ တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ အမည်မှာ Cansel Yildirim ဖြစ်ပြီး ရဟတ်စီးနေတာကို ဗီဒီယို ရိုက်ကူးဖို့အတွက် ကစားကွင်းက တားမြစ်ထားတဲ့အကြားက ဖုန်းကို ရဟတ်အပေါ်ကို ယူဆောင်သွားတာ ဖြစ်ပါတယ်။

သူမဟာ ရဟတ် စီးနင်းနေစဉ် စက္ကန့် ၃၀ ကြာ ဗီဒီယို ရိုက်ကူးပြီးနောက်မှာ လက်ကနေ ဖုန်း လွတ်ကျသွားတာပါ။ ရဟတ်အပေါ်ကနေ ဆင်းလာပြီးနောက် သူမဟာ Find My iPhone App ကို အသုံးပြု၍ ဖုန်းကို ရှာခဲ့ပါတယ်။ ဖုန်းဟာ အသေးအမွှားခြစ်ရာ၊ ပွန်းရာလောက်သာ ရှိတာကို သူမဟာ အံ့အားသင့်စွာ တွေ့မြင်ခဲ့ရပါတယ်။ သူမက ဖုန်းမှာ Case တောင် မတပ်ထားပါဘူး။ “ မယုံနိုင်စရာပါပဲ။ ဖုန်းရဲ့ မှန်တောင် မကွဲအက်သွားပါဘူး။ ဖုန်းဟာ ကောင်းစွာ အလုပ်လုပ်နေပါ တယ်။ “ လို့ သတင်းဌာနတစ်ခုကို ပြောခဲ့ပါတယ်။

မကြာခင်ကလည်း အိုင်ဖုန်း တစ်လုံးဟာ မြစ်ထဲမှာ ရက်ပေါင်းများစွာ နစ်မြုပ်နေတာတောင် ပျက်ဆီးခြင်း မရှိတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့ဖူးပါတယ်။ တစ်ခု သတိထားသင့်တာက ကစားကွင်းမှာ မြင့်မားတဲ့ ရိုလာကိုစတာများ၊ ရဟတ်များ စီးနင်းတဲ့ အခါမှာ ဖုန်းနဲ့ အခြား ပစ္စည်းများကို မယူဆောင်သင့်ပါဘူး။ ပစ္စည်းများ ပြုတ်ကျ ပျက်ဆီးနိုင်သလို အောက်က လူကို ထိမိရင်လည်း ဒဏ်ရာရသွားနိုင်ပါတယ်။

Ref : tnw

You may be interested

Honor Magic 2 ရဲ႕ Teaser Video ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

Honor Magic 2 ရဲ႕ Teaser Video ထြက္ေပၚလာ

Ko Thuya - Oct 21, 2018

Honor Magic 2 ရဲ႕ သတင္းအခ်က္အလက္ အေသးစိတ္မ်ား ေပါက္ၾကားထြက္ေပၚျခင္း မရွိေသးသလို တရုတ္ဆက္သြယ္ေရး ေကာ္မရွင္ (TENAA) ကိုလည္း သူ႔ရဲ႕ ေဒတာမ်ား မေရာက္ရွိေသးပါဘူး။ ဒါေပမယ့္ Honor က ဖုန္းရဲ႕ အေကာင္းဆံုး စြမ္းရည္မ်ားကို အြန္လိုင္းမွာ မၾကာခဏ…

Vivo V11 ရဲ႕ 25MP AI Camera မွာပါတဲ့ အလန္းစား Feature မ်ား
Android, FEATURES, Mobiles & Tablets
0 shares0 views

Vivo V11 ရဲ႕ 25MP AI Camera မွာပါတဲ့ အလန္းစား Feature မ်ား

Creepy Tyler - Oct 21, 2018

(Zawgyi) Vivo V11 က In-display Fingerprint နည္းပညာ ပါဝင္တဲ့ စမတ္ဖုန္းအျဖစ္ ျပည္တြင္းကို တရားဝင္ ဝင္ေရာက္ခဲ့တဲ့ ပထမဦးဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။ V11 မွာ In-display Fingerprint နည္းပညာအျပင္ Dual-Engine Fast Charging,…

Asus ROG Phone ကို Pre Order ျပဳလုပ္နိုင္ၿပီ
Android, ASUS, HUBS
0 shares0 views

Asus ROG Phone ကို Pre Order ျပဳလုပ္နိုင္ၿပီ

Ko Thuya - Oct 21, 2018

Gaming Phone နယ္ပယ္မွာေတာ့ ၿပိဳင္ဆိုင္မႈ ျပင္းထန္လာေနပါၿပီ။ Razer က ပထမဆံုး Gaming Phone ကို မိတ္ဆက္ၿပီးေနာက္မွာ အျခား ကုမၸဏီမ်ားကလည္း အားက်မခံ သူတို႔ ကိုယ္ပိုင္ Gaming Phone မ်ားကို ပြဲထုတ္လာၾကပါတယ္။ အဲဒီအထဲမွာ Asus…

Leave a Comment

Most from this category