OnePlus 6 ရဲ႕ အားနည္းခ်က္ (၄) ခု
OnePlus 6 ဟာ အလြန္ေကာင္းတဲ့ စမတ္ဖုန္းပါ။ လွ်င္ျမန္စြာ အားသြင္းတဲ့ နည္းပညာဟာလည္း အံ့မခန္းပါ။ ဒါေပမယ့္ သူ႔မွာ အားနည္းခ်က္မ်ားလည္း ပါရွိပါတယ္။
ေစ်းႏႈန္း
၂၀၁၄ ခုႏွစ္ ဇြန္လမွာ OnePlus One ကို ၂၉၉ ေဒၚလာနဲ႔ ေရာင္းခဲ့တာပါ။ အဲဒီတုန္းက Samsung Galaxy S5 , iPhone 5S မ်ားရဲ႕ ထက္၀က္ေစ်းသာ ရွိပါတယ္။ OnePlus 6 ဟာလည္း ၉၉၉ ေဒၚလာတန္ iPhone X ရဲ႕ ထက္၀က္သာ ရွိပါတယ္။ OnePlus 6 ရဲ႕ ၅၂၉ ေဒၚလာ တန္ဖိုးဟာ ေစ်းသင့္ပါတယ္။ ဒါေပမယ့္ မူလေမာ္ဒယ္ထက္စာရင္ေစ်းႏႈန္းဟာ ထက္၀က္ေလာက္ ျမင့္မားသြားပါတယ္။
OnePlus One – $299
OnePlus 2 – $329
OnePlus X – $249
OnePlus 3 – $399
OnePlus 3T – $439
OnePlus 5 – $479
OnePlus 5T – $499
OnePlus 6 – $529
ေကာင္းမြန္တဲ့ ေရစိုခံ စြမ္းရည္ မပါျခင္း
ကုမၸဏီရဲ႕ ၀က္ဆိုက္မွာ OnePlus 6 ဟာ အေျခအေန အခ်ိဳ႕မွာ ေရစိုခံႏုိင္တယ္လို႔ ေျပာထားေပမယ့္ IP Rating ကို မေဖာ္ျပထားပါဘူး။ ဖုန္းမွာ Weather Protection ပါတယ္လို႔ ေျပာပါတယ္။ ထင္တာက မိုးေရစက္မ်ားကို ခံႏုိင္ပါတယ္။ ၂၀၁၈ ထုတ္ စြမ္းရည္ျမင့္ ဖုန္းမ်ားမွာ ေကာင္းမြန္တဲ့ ေရစိုခံ စံႏႈန္းမ်ား ပါၾကပါတယ္။ OnePlus 6 မွာလည္း တိက်တဲ့ စံႏႈန္း ပါလာသင့္ပါတယ္။
စပီကာ ထားရွိမႈ
OnePlus 6 မွာ ရုပ္ရွင္မ်ား ၾကည့္လို႔ေကာင္းတဲ့ Bezel-less Screen ထည့္သြင္းထားပါတယ္။ ရုပ္ရွင္ၾကည့္တဲ့ အခါမွာေတာ့ ဖုန္းကို Landscape အေနအထား ထားရပါတယ္။ စပီကာကို ဖုန္းရဲ႕ ေအာက္ေျခမွာ ထည့္သြင္းထားတဲ့အတြက္ လက္နဲ႔ ကာမိေနတာက အားနည္းခ်က္ပါ။ ယခင္ OnePlus Phone မ်ားမွာလည္း စပီကာကို ဒီလိုပဲ ထည့္သြင္းထားတာပါ။ စပီကာ ထားရွိမႈကို ဆန္းသစ္ထားရင္ေတာ့ အေကာင္းဆံုးပါ။
Wireless Charging မပါျခင္း
ဒီေန႔ေခတ္ စြမ္းရည္ျမင့္ စမတ္ဖုန္းမ်ားမွာ ႀကိဳးမဲ့ အားသြင္း စနစ္မ်ား ထည့္သြင္းဖို႔အတြက္ အေနာက္ကိုယ္ထည္ကို ဖန္ျဖင့္ တည္ေဆာက္ထားၾကပါတယ္။ OnePlus 6 ရဲ႕ အေနာက္ဘက္ကိုလည္း ဖန္ျဖင့္ တည္ေဆာက္ထားပါတယ္။ သူ႔ရဲ႕ ဒီဇိုင္းဟာလည္း လွပပါတယ္။ ဒါေပမယ့္ ႀကိဳးမဲ့အားသြင္း စနစ္ မပါတာက အားနည္းခ်က္ပါ။
Ref : androidpolice
unicode
OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။
ဈေးနှုန်း
၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။ အဲဒီတုန်းက Samsung Galaxy S5 , iPhone 5S များရဲ့ ထက်ဝက်ဈေးသာ ရှိပါတယ်။ OnePlus 6 ဟာလည်း ၉၉၉ ဒေါ်လာတန် iPhone X ရဲ့ ထက်ဝက်သာ ရှိပါတယ်။ OnePlus 6 ရဲ့ ၅၂၉ ဒေါ်လာ တန်ဖိုးဟာ ဈေးသင့်ပါတယ်။ ဒါပေမယ့် မူလမော်ဒယ်ထက်စာရင်ဈေးနှုန်းဟာ ထက်ဝက်လောက် မြင့်မားသွားပါတယ်။
OnePlus One – $299
OnePlus 2 – $329
OnePlus X – $249
OnePlus 3 – $399
OnePlus 3T – $439
OnePlus 5 – $479
OnePlus 5T – $499
OnePlus 6 – $529
ကောင်းမွန်တဲ့ ရေစိုခံ စွမ်းရည် မပါခြင်း
ကုမ္ပဏီရဲ့ ဝက်ဆိုက်မှာ OnePlus 6 ဟာ အခြေအနေ အချို့မှာ ရေစိုခံနိုင်တယ်လို့ ပြောထားပေမယ့် IP Rating ကို မဖော်ပြထားပါဘူး။ ဖုန်းမှာ Weather Protection ပါတယ်လို့ ပြောပါတယ်။ ထင်တာက မိုးရေစက်များကို ခံနိုင်ပါတယ်။ ၂၀၁၈ ထုတ် စွမ်းရည်မြင့် ဖုန်းများမှာ ကောင်းမွန်တဲ့ ရေစိုခံ စံနှုန်းများ ပါကြပါတယ်။ OnePlus 6 မှာလည်း တိကျတဲ့ စံနှုန်း ပါလာသင့်ပါတယ်။
စပီကာ ထားရှိမှု
OnePlus 6 မှာ ရုပ်ရှင်များ ကြည့်လို့ကောင်းတဲ့ Bezel-less Screen ထည့်သွင်းထားပါတယ်။ ရုပ်ရှင်ကြည့်တဲ့ အခါမှာတော့ ဖုန်းကို Landscape အနေအထား ထားရပါတယ်။ စပီကာကို ဖုန်းရဲ့ အောက်ခြေမှာ ထည့်သွင်းထားတဲ့အတွက် လက်နဲ့ ကာမိနေတာက အားနည်းချက်ပါ။ ယခင် OnePlus Phone များမှာလည်း စပီကာကို ဒီလိုပဲ ထည့်သွင်းထားတာပါ။ စပီကာ ထားရှိမှုကို ဆန်းသစ်ထားရင်တော့ အကောင်းဆုံးပါ။
Wireless Charging မပါခြင်း
ဒီနေ့ခေတ် စွမ်းရည်မြင့် စမတ်ဖုန်းများမှာ ကြိုးမဲ့ အားသွင်း စနစ်များ ထည့်သွင်းဖို့အတွက် အနောက်ကိုယ်ထည်ကို ဖန်ဖြင့် တည်ဆောက်ထားကြပါတယ်။ OnePlus 6 ရဲ့ အနောက်ဘက်ကိုလည်း ဖန်ဖြင့် တည်ဆောက်ထားပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာလည်း လှပပါတယ်။ ဒါပေမယ့် ကြိုးမဲ့အားသွင်း စနစ် မပါတာက အားနည်းချက်ပါ။
Ref : androidpolice
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.