760 Shares 215 Views
Jul 16, 2018
760 215
[Zawgyi]
Ref: gsmarena
[Unicode]
တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ ၁၉ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်ကြောင်း Xiaomi က အတည်ပြု ပြောကြားထားပါတယ်။
Mi Max 3 နဲ့ ပတ်သတ်ပြီး လောလောဆယ် သိရှိထားတဲ့ အချက်အလက်တွေအရ ဆိုရင် Mi Max 3 ဟာ ၆.၉ လက်မ မျက်နှာပြင် အကျယ်ရှိ 18:9 Ratio Full HD+ Display နဲ့ ပွဲထွက်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘက်ထရီ သိုလှောင်မှု ပမာဏကိုလည်း 5500mAh အထိ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Mi Max 2 မှာတုန်းကတော့ 5300mAh သာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ Mi Max 3 ရဲ့ Specs တွေ ပါဝင်တဲ့ ဓာတ်ပုံတစ်ချိူ့ ဟာ မိတ်မဆက်ရသေးခင်မှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံများအရ Mi Max 3 ရဲ့ Processor အပိုင်းအတွက် Clock Speed 1.8GHz ရှိတဲ့ Snapdragon 636 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 4GB ပါဝင်နိုင်ဖွယ်ရှိပါတယ်။ Memory Storage အတွက် 64GB ထည့်သွင်းပေးထားနိုင်ပြီး ကင်မရာ အပိုင်းမှာတော့ Redmi Note 5 မှာ အသုံးပြုထားတဲ့ 12+5MP Dual Camera Setup ကို တပ်ဆင်ထားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ Operating System အပိုင်းမှာတော့ Android 8.1 Oreo ကို Customize ပြုလုပ်ထားတဲ့ MIUI 9.6 နဲ့ ပွဲထွက်လာနိုင်ပါတယ်။ MIUI 10 ကိုလည်း Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။
စျေးနှုန်း၊ အရောင်နဲ့ စတင်ရောင်းချမယ့် နေ့ရက်တွေကိုတော့ အတိအကျ မသိရသေးပါဘူး။ တရားဝင်မိတ်ဆက်တဲ့ အခါကျရင်လည်း ထပ်မံတင်ဆက် ရေးသားပေးမှာမို့ စောင့်မျှော်ရှု့စား အားပေးကြပါအုံး ခင်ဗျာ။
Ref: gsmarena
You may be interested
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Ko Thuya - Sep 25, 2018
Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
215 shares58 views
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Ko Thuya - Sep 25, 2018
Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…
iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)
Apple, FEATURES, HOW TO
141 shares52 views
iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)
Ko Thuya - Sep 24, 2018
iPhone XS နဲ့ iPhone XS Max တို့မှာ ယခင်နှစ် iPhone X ထက် ပြောင်းလဲတိုးတက်လာမှုများ ပါဝင်လာပါတယ်။ ပြောင်းလဲသွားတဲ့ Tips & Tricks များလည်း ပါလာပါတယ်။ အိုင်ဖုန်း အဟောင်း ကိုင်ထားသူများအတွက်လည်း နည်းလမ်းအချို့ဟာ…
Leave a Comment
Most from this category