0 Shares 95 Views

ဖုန္မဝင္ေအာင္ ကီးဘုတ္ဒီဇုိင္းေျပာင္းလဲလိုက္တဲ့ MacBook Pro အသစ္ေတြ

Jul 16, 2018
0 95

[Zawgyi]

Apple MacBook Pro အသစ္ရဲ႕ကီးဘုတ္ေတြကေတာ့ အရင္တုန္းက လပ္ေတာ့ပ္ေတြေလာက္ အသံသိပ္မျမည္ေတာ့ပါဘူး။ အရင္တစ္လတုန္က ကီးဘုတ္ျပင္ဆင္တ့ဲအစီအစဥ္ေၾကာင့္ ကီးဘုတ္ျပႆနာေတြေျဖရွင္းႏုိင္ခဲ့လို႔အဆင္ေျပေပမယ့္ အရမ္းၾကီးေျပာင္းလဲမသြားတဲ့ ကီးဘုတ္ဒီဇုိင္းေၾကာင့္ ထပ္ျပီးဖုန္ဝင္ျပႆနာေတြျဖစ္ဦးမလား ေတာ္ေတာ္မ်ားမ်ားစိတ္ပူေနၾကပါတယ္။

ဒါေတြသိရေအာင္ iFixit ကေန ကီးဘုတ္ရဲ႕ ကီးေတြကိုလွန္စစ္ေဆးၾကည့္တဲ့အခါမွာ ဒီတစ္ေခါက္ MacBook Pro ကီးဘုတ္အသစ္ေတြရဲ႕ ကီးတစ္ခုခ်င္းစီေအာက္မွာ စီလီကြန္အလႊာပါးေလးခံေပးထားတာကိုေတြ႔ရပါတယ္။ ဒီေတာ့ ဖုန္ေတြ တျခားအမႈန္အမႊားေတြ ကီးဘုတ္ေအာက္ကိုဝင္ျပီးညပ္ေနစရာအေၾကာင္းမရိွေတာ့လို႔ Repair အဖြဲ႔လည္း ဒီ ၁၅လက္မ MacBook Pro ကီးဘုတ္ေတြကို ျပင္ဆင္ရဖို႔အလားအလာနည္းသြားမယ္ထင္ပါတယ္။

ဒီတစ္ေခါက္ MacBook Pro အသစ္ေတြရဲ႕ ကီးဘုတ္ဒီဇုိင္းက မတ္လတုန္းက တင္ခ့ဲတဲ့ Apple ရဲ႕မူပိုင္ခြင့္နဲ႔ဆင္တူပါတယ္။ ကီးကပ္တာစာရိုက္လို႔မရတာ စတဲ့ျပႆနာေတြမရိွေတာ့ေအာင္ ကီးဘုတ္ရဲ႕ကီးေတြေအာက္ ဖုန္ေတြအမႈန္႔အမႊားေတြမဝင္ႏုိင္မယ့္နည္းလမ္းေပါင္းမ်ားစြာကို Apple က မူပိုင္ခြင့္တင္ထားခဲ့တာပါ။ အခု MacBook Pro အသစ္ေတြမွာေတာ့ ဒီလုိ ဆီလီကြန္အလႊာပါးေလးပါတဲ့အတြက္ ဖုန္မဝင္တဲ့အျပင္ စာရိုက္သံသိပ္မက်ယ္ေတာ့ဘူးဆိုတာလည္း သူ႔ေၾကာင့္လို႔ ေျပာလို႔ရပါတယ္။

၂၀၁၅  Butterfly switch ေတြကိုစသံုးခဲ့ကတည္းက ၾကံဳလာရတဲ့ ကီးဘုတ္ျပႆနာကို ဒီ ဒီဇုိင္းသစ္ေတြက လံုးဝအျပီးသတ္ေျဖရွင္းႏုိင္ပါ့မလားဆိုတာကေတာ့ အခ်ိန္တစ္ခုေလာက္ေပးျပီးေစာင့္ၾကည့္ရမွာပါပဲ။

Ref: TheVerge

[Unicode]

Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။

ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro ကီးဘုတ်အသစ်တွေရဲ့ ကီးတစ်ခုချင်းစီအောက်မှာ စီလီကွန်အလွှာပါးလေးခံပေးထားတာကိုတွေ့ရပါတယ်။ ဒီတော့ ဖုန်တွေ တခြားအမှုန်အမွှားတွေ ကီးဘုတ်အောက်ကိုဝင်ပြီးညပ်နေစရာအကြောင်းမရှိတော့လို့ Repair အဖွဲ့လည်း ဒီ ၁၅လက်မ MacBook Pro ကီးဘုတ်တွေကို ပြင်ဆင်ရဖို့အလားအလာနည်းသွားမယ်ထင်ပါတယ်။

ဒီတစ်ခေါက် MacBook Pro အသစ်တွေရဲ့ ကီးဘုတ်ဒီဇိုင်းက မတ်လတုန်းက တင်ခဲ့တဲ့ Apple ရဲ့မူပိုင်ခွင့်နဲ့ဆင်တူပါတယ်။ ကီးကပ်တာစာရိုက်လို့မရတာ စတဲ့ပြဿနာတွေမရှိတော့အောင် ကီးဘုတ်ရဲ့ကီးတွေအောက် ဖုန်တွေအမှုန့်အမွှားတွေမဝင်နိုင်မယ့်နည်းလမ်းပေါင်းများစွာကို Apple က မူပိုင်ခွင့်တင်ထားခဲ့တာပါ။ အခု MacBook Pro အသစ်တွေမှာတော့ ဒီလို ဆီလီကွန်အလွှာပါးလေးပါတဲ့အတွက် ဖုန်မဝင်တဲ့အပြင် စာရိုက်သံသိပ်မကျယ်တော့ဘူးဆိုတာလည်း သူ့ကြောင့်လို့ ပြောလို့ရပါတယ်။

၂၀၁၅  Butterfly switch တွေကိုစသုံးခဲ့ကတည်းက ကြုံလာရတဲ့ ကီးဘုတ်ပြဿနာကို ဒီ ဒီဇိုင်းသစ်တွေက လုံးဝအပြီးသတ်ဖြေရှင်းနိုင်ပါ့မလားဆိုတာကတော့ အချိန်တစ်ခုလောက်ပေးပြီးစောင့်ကြည့်ရမှာပါပဲ။

Ref: TheVerge

You may be interested

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ
Android, HUBS, Mobiles & Tablets
0 shares0 views

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ

Ko Thuya - May 23, 2019

OPPO က စြမ္းေဆာင္ရည္သင့္ K3 စမတ္ဖုန္းကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ ၆.၅ လက္မ Full HD+ AMOLED Display တပ္ဆင္ထားၿပီး Notch မပါပါဘူး။ Screen-to-body Ratio မွာ ၉၁.၁ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ ယခင္မ်ိဳးဆက္ထက္…

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search
NEWS, Softwares & Application
0 shares0 views

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search

Nigma - May 23, 2019

Google က Mobile Devices ေတြအတြက္ Search Result ေဖာ္ျပတဲ့ စာမ်က္ႏွာကို ဒီဇိုင္းအနည္းငယ္ ေျပာင္းလဲလိုက္ပါတယ္။ အခုဆိုရင္ Search Result တခုခ်င္းစီရဲ႕ ေခါင္းစီးစာသား (Title) ေပၚမွာ website ရဲ႕ icon နဲ႔ နာမည္တို႔ကို…

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္
NEWS
0 shares38 views

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္

Nigma - May 23, 2019

နာမည္ႀကီး MOBA ဂိမ္းတခုျဖစ္တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ League of Legends ဂိမ္း developer Riot Games နဲ႔ မိခင္ကုမၸဏီ Tencent တို႔ က LoL…

Leave a Comment

Most from this category