0 Shares 17 Views

4K ရုပ်ထွက်နဲ့ ၃၆၀ ဒီဂရီ ရိုက်ကူးနိုင်မယ့် Action Camera တစ်မျိုးကို Kodak ထုတ်လုပ်

Jan 08, 2016
0 17

 

kodak_sp360_4k_ndtv

 

Action ကင်မရာ တွေဟာ ရေပန်းစားလာတာ မှန်ပေမယ့်လည်း ၃၆၀ ဒီဂရီ လှည့်ပတ် ရိုက်ကူးနိုင်မယ့် Action ကင်မရာကတော့ ရှားပါးတယ်။ ကင်မရာထုတ်လုပ်ရေး အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Kodak ဟာ Pixpro လို့ခေါ်တဲ့ သူ့ရဲ့ Action ကင်မရာ ကို SP360 4K ဆိုတဲ့အမည်နဲ့ 4K ကြည်လင်ပြတ်သားမှု ရှိတဲ့ ဗားရှင်း အသစ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပြန်ပါတယ်။

ှSP360 4K ဟာ ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်ဖို့အတွက် Stand ကဲ့သို့သော ထောက်ပံ့ပစ္စည်းတွေနဲ့အတူထုတ်လုပ်ထားတာပါ။ ကင်မရာ ချည်းပဲသုံးမယ်ဆိုရင်တော့ ၃၆၀ ဒီဂရီ နီးပါး ရိုက်ကူးနိုင်ပေမယ့် ထောက်ပံ့ပစ္စည်းတွေပါရင်တော့ ၃၆၀ ဒီဂရီ ပြည့်အောင် ရိုက်ကူးနိုင်သွားမှာပါ။ ဈေးနှုန်းအနေနဲ့လည်း ကင်မရာချည်းပဲ ၀ယ်ယူမယ်ဆိုရင် ၄၄၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး ထောက်ပံ့ပစ္စည်းအစုံအလင်နဲ့ စုံလိုက် ၀ယ်ယူမယ်ဆိုရင်တော့ ၈၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

အခြား လုပ်ဆောင်ချက်တွေအနေနဲ့ကတော့ ၁၂.၄ Megapixel CMOS sensor ကိုသုံးထားတာကြောင့် Still ရိုက်ချက်များနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပြီး Wi-Fi နဲ့ NFC စနစ်တို့ကိုလည်း လုပ်ဆောင်နိုင်တာကြောင့် စမတ်ဖုန်း(သို့)တတ်ဘလတ်တွေနဲ့လည်း ချိတ်ဆက် နိုင်မှာပါ။ Lens ကတော့ ၂၃၅ ဒီဂရီ အထိ ကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ရိုက်ကူးနိုင်မှာပါ။ အကယ်၍ သင်ဟာ ၂၃၅ ဒီဂရီထက်ပိုမို ကျယ်ပြန့်တဲ့ မြင်ကွင်းကို လိုချင်ရင်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ ထောက်ပံ့ ပစ္စည်းတွေကို တပ်ဆင်ဖို့လိုပါလိမ့်မယ်။

ဗီဒီယို တွေ သိုလှောင်ထားဖို့အတွက် တော့ 128GB microSD ကတ် ကိုထည့်သွင်းခွင့်ပေးထားပြီး ဒီကင်မရာဟာ ဖုန်ထူထပ်တဲ့နေရာတွေအတွက်လည်းခံနိုင်ရည် ရှိသလို ရေစိုခံ စနစ်လည်းပါဝင်ပါတယ်။ လျှပ်စီး နဲ့ ရေခဲ ဒဏ်တွေကိုလည်း ခံနိုင်ပါတယ်။ Kodak ရဲ့  Pixpro SP360 4K ကင်မရာ ဟာ စက်ဘီး ပေါ်မှာ တပ်ဆင် ဖို့ ၊ ဒရုန်းပေါ်မှာတပ်ဆင်ဖို့ အပြင် အခြား အရာဝထ္ထုတော်တော်များများမှာလည်း လွယ်ကူစွာ ချိတ်ဆက်နိုင်မယ့် Action ကင်မရာ ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ GoPro ဟာ Action ကင်မရာ လောကမှာ နာမည်အကြီးဆုံးပါ။ ဒါပေမယ့် Nikon လို ကင်မရာ လောက မှာ အောင်မြင်ထားတဲ့ အမှတ်တံဆိပ် ကလည်း CES 2016 ပွဲတော်မှာ Key Mission 360 ဆိုတဲ့ 4K ရုပ်ထွက်ရှိပြီး ရေစိုခံနိုင်တဲ့ Action ကင်မရာ တစ်လုံးကို မိတ်ဆက်ထားတာကြောင့် Action ကင်မရာလောကဟာ အပြိုင်အဆိုင်ဖြစ်လာတော့မှာပါ။ Facebook နဲ့ YouTube 360 တို့ဟာလည်း လက်ရှိမှာ ၃၆၀ ဒီဂရီ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ကို ပြသဖို့ အကောင်းဆုံးနေရာတွေဖြစ်နေပါတယ်။

Ref : Gadgets 360

You may be interested

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်

Ko Thuya - Oct 23, 2018

Mi Mix 3 ကို မိတ်ဆက်မယ့် ရက်နီးလာလေလေ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပိုမို ထွက်ပေါ်လာလေလေ ဖြစ်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ Mi Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း လည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ…

Samsung ရဲ့ Gaming Phone လာမည်
Android, HUBS, Mobiles & Tablets
0 shares8 views

Samsung ရဲ့ Gaming Phone လာမည်

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ I Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။…

Leave a Comment

Most from this category