0 Shares 129 Views

Design လန္းတဲ့ ဂ်ပန္မွ Feature Phone

Jul 16, 2018
0 129

ဂ်ပန္ ဆက္သြယ္ေရး ကုမၸဏီ KDDI က ဒီဇိုင္း လန္းတဲ့ Feature Phone အသစ္ကို မိတ္ဆက္လိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Infobar xv ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၁၅ ႏွစ္က မူလ Infobar ကို ေရာင္းခ်ခဲ့ပါတယ္။ အဲဒီအတြက္ အထိမ္းအမွတ္ အေနနဲ႔ Infobar xv ကို ထုတ္လုပ္ေရာင္းခ်တာပါ။ Infobar xv ဟာ စီးရီးထဲမွာ တတိယေျမာက္ျဖစ္ပါတယ္။

Feature Phone ဆိုေပမယ့္ သူ႔မွာ တရုတ္ရဲ႕ နာမည္ေက်ာ္ Messaging App ျဖစ္တဲ့ LINE နဲ႔ ဂ်ပန္မွ Carrier ၃ ခုက ေထာက္ပံ့တဲ့ +message အမည္ရ App မ်ားကို သံုးႏိုင္ပါတယ္။ ဒါေပမယ့္လည္း Play Store မွ App မ်ားကိုေတာ့ ေဒါင္းလုပ္လုပ္လို႔ မရပါဘူး။ ၃.၁ လက္မ WVGA LCD Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ ေဘးေဘာင္္မ်ားက အနက္ေရာင္ျဖစ္ပါတယ္။ ေကြးညႊတ္တဲ့ ကိုယ္ထည္ ဒီဇိုင္း ျဖစ္ပါတယ္။ Physical Keys မ်ားက မူလေမာ္ဒယ္မ်ား အတိုင္းျဖစ္ၿပီး ေရာင္စံု ခလုတ္မ်ားအျဖစ္ ဖန္တီးထားပါတယ္။

Nishikigoi, Nasukon (eggplant) နဲ႔ Cherry Berry အေရာင္သံုးမ်ိဳးထုတ္လုပ္ေပးထားပါတယ္။ အေနာက္ဘက္မွာ 8MP Camera တစ္လံုးပါပါတယ္။ 1500mAh Battery ၊ 32GB အထိ ၀င္ဆန္႔တဲ့ microSDHC Storage ၊ LTE ၊ ၀ိုင္ဖိုင္မ်ား ပါပါတယ္။ Siri , Google Assistant တို႔မွာ ပါတဲ့ Smart Voice Assistant Calling လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။

ဖုန္းအားသြင္းေနစဥ္မွာ နာရီလို အခ်ိန္ျပသေပးတဲ့ Desktop Holder လည္းပါပါတယ္။ သူ႔ကို ဂ်ပန္မွာ ေအာက္တိုဘာလတြင္ ေရာင္းဖို႔ စီစဥ္ထားပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းကို မသိရေသးပါဘူး။

Ref : androidpolice

unicode

Design လန်းတဲ့ ဂျပန်မှ Feature Phone

ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီ KDDI က ဒီဇိုင်း လန်းတဲ့ Feature Phone အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Infobar xv ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က မူလ Infobar ကို ရောင်းချခဲ့ပါတယ်။ အဲဒီအတွက် အထိမ်းအမှတ် အနေနဲ့ Infobar xv ကို ထုတ်လုပ်ရောင်းချတာပါ။ Infobar xv ဟာ စီးရီးထဲမှာ တတိယမြောက်ဖြစ်ပါတယ်။

Feature Phone ဆိုပေမယ့် သူ့မှာ တရုတ်ရဲ့ နာမည်ကျော် Messaging App ဖြစ်တဲ့ LINE နဲ့ ဂျပန်မှ Carrier ၃ ခုက ထောက်ပံ့တဲ့ +message အမည်ရ App များကို သုံးနိုင်ပါတယ်။ ဒါပေမယ့်လည်း Play Store မှ App များကိုတော့ ဒေါင်းလုပ်လုပ်လို့ မရပါဘူး။ ၃.၁ လက်မ WVGA LCD Display ထည့်သွင်းထားပြီး မျက်နှာပြင် ဘေးဘောင်များက အနက်ရောင်ဖြစ်ပါတယ်။ ကွေးညွှတ်တဲ့ ကိုယ်ထည် ဒီဇိုင်း ဖြစ်ပါတယ်။ Physical Keys များက မူလမော်ဒယ်များ အတိုင်းဖြစ်ပြီး ရောင်စုံ ခလုတ်များအဖြစ် ဖန်တီးထားပါတယ်။

Nishikigoi, Nasukon (eggplant) နဲ့ Cherry Berry အရောင်သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်မှာ 8MP Camera တစ်လုံးပါပါတယ်။ 1500mAh Battery ၊ 32GB အထိ ဝင်ဆန့်တဲ့ microSDHC Storage ၊ LTE ၊ ဝိုင်ဖိုင်များ ပါပါတယ်။ Siri , Google Assistant တို့မှာ ပါတဲ့ Smart Voice Assistant Calling လုပ်ဆောင်ချက်လည်း ပါပါတယ်။

ဖုန်းအားသွင်းနေစဉ်မှာ နာရီလို အချိန်ပြသပေးတဲ့ Desktop Holder လည်းပါပါတယ်။ သူ့ကို ဂျပန်မှာ အောက်တိုဘာလတွင် ရောင်းဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : androidpolice

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category