277 Shares 335 Views
Jul 16, 2018
277 335
Ref : techradar
unicode
OnePlus 6 ရဲ့ Limited Edition အနီရောင်ကို ရောင်းပြီ
OnePlus 6 ရဲ့ Limited Edition အနီရောင်ကို ရောင်းချပေးလိုက်ပါပြီ။ သူ့မှာ 8GB RAM , 128GB Storage များပါပါတယ်။ အခြား မော်ဒယ်များအတွက်တော့ 6GB RAM , 64GB Storage နဲ့ 8GB RAM , 256GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ အနီရောင်ကို ၅၇၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
အခြား အရောင်များ အနေဖြင့် Midnight Black , Mirror Black , Silk White များ ထုတ်လုပ်ပေးထားပါတယ်။ သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ OnePlus ထုတ်လုပ်ခဲ့ဖူးသမျှဖုန်းထဲမှာ မျက်နှာပြင် အကြီးဆုံး ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပြီး မျက်နှာပြင် အထက်မှာ Notch ပါပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 1080x2280p ဖြစ်ပြီး sRGB , DCI-P3 တို့ကို ထောက်ပံ့ပါတယ်။
အနောက်မှ ပင်မ ကင်မရာ ဖြစ်တဲ့ 16MP က 4K @ 60 fps Video များကို ရိုက်ကူးနိုင်ပါတယ်။ ဒါဟာ ၂၀၁၈ ထုတ် ဖုန်းများထဲမှာတောင် ရှားပါးပါတယ်။ HD Resolution ဖြင့် 480 fps Slow-Mo Video များကို ဖမ်းယူပေးပါတယ်။ OnePlus5 Series များမှာ ဖယ်ရှားထားခဲ့တဲ့ OIS လည်း ပြန်လည် ထည့်ပေးထားပါတယ်။ အနောက်မှာ အပို 20MP Camera ထည့်ပေးထားပါတယ်။ Smart Capture က သင် ရိုက်ကူးနေတဲ့ အရာအပေါ်မူတည်၍ ဓါတ်ပုံ အရည်အသွေးကို အလိုအလျှောက် မြှင့်တင်ပေးပါတယ်။ HDR စွမ်းရည်ဟာလည်း ပိုမို ကောင်းလာပါတယ်။
Selfie Camera က AI ကို အသုံးပြု၍ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများကို ဖမ်းယူပေးပါတယ်။ ဖုန်းကို ဝ.၄ စက္ကန့်အတွင်းမှာ Unlock လုပ်ပေးပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ဆန်ဆာကိုလည်း ထည့်ထားပါတယ်။ ကိုယ်ထည်ကို ဖန်နဲ့ သတ္တုဖြင့် ပေါင်းစပ်တည်ဆောက်ထားပါတယ်။
Snapdragon 845 Chipset , 6GB or 8GB RAM များ ပါပါတယ်။ microSD Slot မပါပါဘူး။ ဘက်ထရီက 3300mAh ဖြစ်ပြီး Dash Charge ပါပါတယ်။ အနောက်ကို ဖန်ဖြင့်ဖုံးအုပ်ထားပေမယ့် ကြိုးမဲ့အားသွင်း နည်းပညာ မပါပါဘူး။
Ref : techradar
You may be interested
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
0 shares0 views
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Ko Thuya - Dec 13, 2018
စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
81 shares27 views
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Ko Thuya - Dec 13, 2018
Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
343 shares101 views
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Ko Thuya - Dec 13, 2018
Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…
Leave a Comment
Most from this category