184 Shares 106 Views

ကမ္ဘာ့ဖလားဘောလုံးပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို “ဒေတာအသုံးပြုခ နှင့် စာရင်းသွင်းရယူခပေးရန်မလိုဘဲ” My Ooredoo App ကနေ ကြည့်ရှုခွင့်ရမည်

Jul 15, 2018
184 106

မြန်မာနိုင်ငံတွင် အကျယ်ပြန့်ဆုံးနှင့် အမြန်ဆန်ဆုံး 4G Plus ကွန်ရက်ဖြင့် ၀န်ဆောင်မှုပေးအပ်ခြင်းကို ဦးဆောင်နေသော ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် အူရီဒူးမြန်မာသည် ယနေ့တွင် ၎င်း၏ ၀န်ဆောင်မှု အသုံးပြုသူများအတွက် ပျော်ရွှင်မှုများနှင့် စိတ်လှုပ်ရှားဖွယ်ရာများကို ယူဆောင်လာပြီဖြစ်ပါသည်။ အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ ၁၅ရက် (တနင်္ဂနွေ)နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဖလား ၂၀၁၈ ၏ နောက်ဆုံးဗိုလ်လုပွဲကို စာရင်းသွင်းခ နှင့် ဒေတာအသုံးပြုခ ပေးရန်မလိုဘဲ My Ooredoo App မှ တိုက်ရိုက်ကြည့်ရှူခွင့်ရရှိတော့မည် ဖြစ်ပါသည်။

ကမ္ဘာ့ဖလား ၂၀၁၈သည် ကမ္ဘာတစ်ဝှမ်းတွင် အရေးကြီးသော အားကစားတစ်ရပ်ဖြစ်ပါသည်။ မြန်မာပြည်သူများအနေဖြင့်လည်း ဘောလုံးအားကစားကို နှစ်သက်ခုံမင်ကြသည့်အတွက်ကြောင့် မိမိတို့ မိုဘိုင်းဖုန်းမှတဆင့် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် တိုက်ရိုက်ကြည့်ရှူခွင့် ရရှိရန်အတွက် အူရီဒူးမြန်မာအနေဖြင့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ပေးခဲ့ပါသည်။ အူရီဒူး၏ မြန်မာပြည်သူပြည်သားများအပေါ် စေတနာထားပြီး ရင်းနှီးမြှုပ်နှံမှုကြောင့် ၎င်း၏၀န်ဆောင်မှုကို အသုံးပြုသူများသည် ကမ္ဘာ့ဖလားဘောလုံးပွဲ ၂၀၁၈၏ ပွဲစဉ်များကို စာရင်းသွင်းရယူခအခမဲ့ဖြင့် တိုက်ရိုက်ကြည့်ရှုခွင့်ရခဲ့ပြီး ဘောလုံးပွဲစဉ်ကြည့်ရှူရန်အတွက် ဒေတာအသုံးပြုခသာ ၀န်ဆောင်ခအဖြစ်ပေးခဲ့ရပါသည်။ အူရီဒူးအနေဖြင့် လူငယ်များ၊ ကျေးလက်နေပြည်သူများ အစရှိသည့် ပြည်သူထုအပေါင်းကို ယခုကဲ့သို့ ထူးခြားသည့် ဗိုလ်လုပွဲကြီးကို ဒေတာအသုံးပြုခ ကုန်ကျစရိတ်အတွက် စိတ်ပူစရာမလိုဘဲ နှစ်ခြိုက်ပျော်ရွှင်စွာဖြင့် အားပေးကြည့်ရှူစေလိုပါသည်။

ကမ္ဘာ့ဖလားဘောလုံးပွဲ ၂၀၁၈ကို တိုက်ရိုက်ကြည့်ရှုခြင်းသည် မြန်မာပြည်သူလူထုကြားတွင် အရှိန်မြင့်တက်လျှက်ရှိပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ပျော်ရွှင်စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထူးခြားလှသည့် အခွင့်အရေးကို ရယူနိုင်ရန်အတွက် အူရီဒူးအသုံးပြုသူပေါင်း ၁၀၀,၀၀၀ အား ပြင်သစ်နှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲအား My Ooredoo App မှ အခမဲ့ ကြည့်ရှုခွင့်ကို အူရီဒူးက ပေးအပ်လိုက်ပြီဖြစ်ပါသည်။

ကမ္ဘာ့ဖလားဘောလုံးပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို My Ooredoo App မှ တိုက်ရိုက်ကြည့်ရှုရန်အတွက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၁၅ရက် (တနင်္ဂနွေ)နေ့ ည ၉း၀၀နာရီအချိန်မှာစတင်ပြီး My Ooredoo App သို့ ပထမဦးစွာ ၀င်ရောက်ကြည့်ရှူသူ အယောက် ၁၀၀,၀၀၀ သည် အထူးအခွင့်အရေးရရှိမည်ဖြစ်ပါသည်။ အူရီဒူးဆင်းကတ်ကို မြန်မာနိုင်ငံအနှံ့ရှိ မိုဘိုင်းအရောင်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပြီး *565# သို့ ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ Android အသုံးပြုသူများအနေဖြင့် Google Play Store မှလည်းကောင်း၊ iPhone အသုံးပြုသူများအနေဖြင့် App Store မှလည်းကောင်း My Ooredoo App ကို အခမဲ့ ဒေါင်းလုတ်ပြုလုပ်ခြင်းဖြင့် ရယူနိုင်ပါသည်။

အူရီဒူးမြန်မာ၏ Chief Executive Officer ဖြစ်သူ Mr. Vikram Sinha က “ကမ္ဘာတစ်ဝှမ်းက ဒေသတော်တော်များများမှာ ကမ္ဘာ့ဖလား ၂၀၁၈ ဘောလုံးပွဲကို မိုဘိုင်းဖုန်းဖြင့် တိုက်ရိုက်ကြည့်ရှုခွင့်ရရှိဖို့ တရားဝင် ထုတ်လွင့်ပြသခွင့် မရရှိကြသေးပါဘူး။ တိုက်ရိုက်ထုတ်လွှင့် ပြသခွင့်ရရှိတဲ့ ဒေသတွေမှာလဲ စာရင်းသွင်းရယူခက တော်တော်များပါတယ်။ အူရီဒူးက ၀န်ဆောင်မှုအသုံးပြုသူတွေကို တန်ဖိုးထား ဂရုစိုက်ပါတယ်။ ဒါကြောင့် ကမ္ဘာ့တစ်ဝှမ်းက လူအများ စိတ်ဝင်တစားကြည့်ရှုနေတဲ့ ဘောလုံးပွဲကြီးကို နှစ်နှစ်ခြိုက်ခြိုက်ကြည့်ရှုအားပေးခွင့်ရဖို့ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပေးလိုပါတယ်။ အခုဆိုရင် အူရီဒူး ၀န်ဆောင်မှုအသုံးပြုသူတွေဟာ ကမ္ဘာ့ဖလား ၂၀၁၈ရဲ့ နောက်ဆုံးဗိုလ်လုပွဲကြီးကို My Ooredoo App ကနေ စာရင်းသွင်းခ ပေးစရာမလို ဒေတာအသုံးပြုခ ပေးစရာမလိုဘဲ တိုက်ရိုက်ကြည့်ရှူခွင့်ရပြီဖြစ်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

You may be interested

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares0 views

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy

Ko Thuya - Oct 18, 2018

သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Leave a Comment

Most from this category