0 Shares 1366 Views

iPhone X ကို အားသြင္းရင္ ၂ ဆ ပိုျမန္ေအာင္ ဘယ္လိုလုပ္မလဲ ?

Jul 15, 2018
0 1366

iPhone X ကို လွ်င္ျမန္စြာ အားသြင္းဖို႔အတြက္ ေဒၚလာ ၅၀ တန္ 29-watt Power Adapter နဲ႔ ၂၅ ေဒၚလာတန္ USB-C-to-Lightning Cable ကို ထပ္မံ ၀ယ္ယူရမွာ ျဖစ္ပါတယ္။ အပို ထပ္ကုန္မယ့္ ၇၅ ေဒၚလာဟာ ထိုက္တန္ရဲ႕လားဆိုတာကို ေအာက္မွာ ေလ့လာႏိုင္ပါတယ္။

iPhone X ရဲ႕ ဘက္ထရီအားကို ၀ ရာခုိင္ႏႈန္းအထိ ထားရွိထားၿပီး USB-C-to-Lightning Cable နဲ႔ 29-watt Power Adapter တို႔ျဖင့္ ခ်ိတ္ဆက္၍ နံရံကပ္ အားသြင္းေပါက္ကေန အားသြင္းျခင္းကို စမ္းသပ္လိုက္ပါတယ္။

အားသြင္းႏႈန္းမ်ားကို ႏိႈင္းယွဥ္ျခင္း

iPhone X ကို အားသြင္းၿပီး ၁၅ မိနစ္နဲ႔ ၃၀ မိနစ္မ်ားမွာ ဘက္ထရီ ရာခုိင္ႏႈန္းကို မွတ္သားလိုက္ပါတယ္။

iPhone X
• 15 minutes: 26 percent
• 30 minutes: 46 percent

Apple က ၃၀ မိနစ္အားသြင္းရင္ ၅၀ ရာခုိင္ႏႈန္း အထိ ရမယ္လို႔ ေၾကညာထား ပါတယ္။ ယခု ၄၆ ရာခုိင္ႏႈန္းကလည္း ေၾကညာထားတဲ့ ရာခုိင္ႏႈန္း နီးပါး ရွိေနပါတယ္။ ဒါေပမယ့္ iPhone X ဟာ အားသြင္းရာမွာ iPhone 8 Plus ေလာက္ေတာ့ မျမန္ပါဘူး။

ေအာက္မွာေတာ့ iPhone 8 Plus နဲ႔ iPhone 7 Plus တို႔ကို တူညီတဲ့ ႀကိဳးမ်ားနဲ႔ Adapter မ်ားျဖင့္ အားသြင္းထားတဲ့ ရလဒ္မ်ားကို ႏိႈင္းယွဥ္ေလ့လာႏုိင္ပါတယ္။

iPhone 8 Plus
• 15 minutes: 27 percent
• 30 minutes: 54 percent
iPhone 7 Plus
• 15 minutes: 15 percent
• 30 minutes: 29 percent

၁၀၀ ရာခုိင္ႏႈန္း အျပည့္ အားသြင္းရာမွာ ဘယ္ iPhone က အျမန္ဆံုးလဲ ?

အထက္ပါ ဖုန္းသံုးလံုးကို ၁၀၀ ရာခုိင္ႏႈန္း အားသြင္းၾကည့္တဲ့ အခါမွာ ေအာက္ပါ ရလဒ္ကုိ ရပါတယ္။

iPhone X: 2 hours, 5 minutes
iPhone 8 Plus: 1 hour, 50 minutes
iPhone 7 Plus: 2 hours, 32 minutes

iPhone X ရဲ႕ သာမာန္နဲ႔ လွ်င္ျမန္စြာ အားသြင္းနည္းမ်ားကို ႏိႈင္းယွဥ္ျခင္း

iPhone X ကို ဘူးထဲမွာပါတဲ့ သာမာန္ 5-watt Power Adapter ၊ USB-A-to-Lightning Cable မ်ားနဲ႔ အားသြင္းၾကည့္တဲ့အခါမွာ ေအာက္ပါ ရလဒ္မ်ားကို ရပါတယ္။

15 minutes: 10 percent

30 minutes: 22 percent

3 hours, 33 minutes: 100 percent

အဲဒီအတြက္ လွ်င္ျမန္စြာ အားသြင္းနည္းကို အသံုးျပဳရင္ ၀ ကေန ၁၀၀ ရာခုိင္ႏႈန္း အားျဖည့္ဖို႔အတြက္ အခိ်န္ ၁ နာရီခြဲ သက္သာမွာ ျဖစ္ပါတယ္။

Fast Charger မ်ား၀ယ္ဖို႔ တန္ရဲ႕လား ?

iPhone X ကို ၂ ဆ ပုိမိို လွ်င္ျမန္စြာ အားသြင္းဖို႔ ၇၅ ေဒၚလာ ေပးရမွာ တန္ရဲ႕လားဆိုတာ ေမးစရာ ရွိပါတယ္။ သင္ဟာ ဖုန္းကို အလြန္အကြ်ံ အသံုးျပဳသူ၊ ဖုန္းအားသြင္းခ်ိန္ မေပးနိုင္ေလာက္ေအာင္ အလုပ္မ်ားသူ၊ မၾကာခဏ ခရီးသြားသူမ်ားအတြက္ေတာ့ Fast Charger ကို ၀ယ္ယူထားသင့္ပါတယ္။ သာမာန္ေလာက္သာ အသံုးျပဳသူမ်ားအတြက္ေတာ့ ဘူးထဲမွာပါတဲ့ Charger က အဆင္ေျပပါတယ္။

ref : mashable

unicode

iPhone X ကို အားသွင်းရင် ၂ ဆ ပိုမြန်အောင် ဘယ်လိုလုပ်မလဲ ?

iPhone X ကို လျှင်မြန်စွာ အားသွင်းဖို့အတွက် ဒေါ်လာ ၅၀ တန် 29-watt Power Adapter နဲ့ ၂၅ ဒေါ်လာတန် USB-C-to-Lightning Cable ကို ထပ်မံ ဝယ်ယူရမှာ ဖြစ်ပါတယ်။ အပို ထပ်ကုန်မယ့် ၇၅ ဒေါ်လာဟာ ထိုက်တန်ရဲ့လားဆိုတာကို အောက်မှာ လေ့လာနိုင်ပါတယ်။

iPhone X ရဲ့ ဘက်ထရီအားကို ၀ ရာခိုင်နှုန်းအထိ ထားရှိထားပြီး USB-C-to-Lightning Cable နဲ့ 29-watt Power Adapter တို့ဖြင့် ချိတ်ဆက်၍ နံရံကပ် အားသွင်းပေါက်ကနေ အားသွင်းခြင်းကို စမ်းသပ်လိုက်ပါတယ်။

အားသွင်းနှုန်းများကို နှိုင်းယှဉ်ခြင်း

iPhone X ကို အားသွင်းပြီး ၁၅ မိနစ်နဲ့ ၃၀ မိနစ်များမှာ ဘက်ထရီ ရာခိုင်နှုန်းကို မှတ်သားလိုက်ပါတယ်။

iPhone X
• 15 minutes: 26 percent
• 30 minutes: 46 percent

Apple က ၃၀ မိနစ်အားသွင်းရင် ၅၀ ရာခိုင်နှုန်း အထိ ရမယ်လို့ ကြေညာထား ပါတယ်။ ယခု ၄၆ ရာခိုင်နှုန်းကလည်း ကြေညာထားတဲ့ ရာခိုင်နှုန်း နီးပါး ရှိနေပါတယ်။ ဒါပေမယ့် iPhone X ဟာ အားသွင်းရာမှာ iPhone 8 Plus လောက်တော့ မမြန်ပါဘူး။

အောက်မှာတော့ iPhone 8 Plus နဲ့ iPhone 7 Plus တို့ကို တူညီတဲ့ ကြိုးများနဲ့ Adapter များဖြင့် အားသွင်းထားတဲ့ ရလဒ်များကို နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။

iPhone 8 Plus
• 15 minutes: 27 percent
• 30 minutes: 54 percent
iPhone 7 Plus
• 15 minutes: 15 percent
• 30 minutes: 29 percent

၁၀၀ ရာခိုင်နှုန်း အပြည့် အားသွင်းရာမှာ ဘယ် iPhone က အမြန်ဆုံးလဲ ?

အထက်ပါ ဖုန်းသုံးလုံးကို ၁၀၀ ရာခိုင်နှုန်း အားသွင်းကြည့်တဲ့ အခါမှာ အောက်ပါ ရလဒ်ကို ရပါတယ်။

iPhone X: 2 hours, 5 minutes
iPhone 8 Plus: 1 hour, 50 minutes
iPhone 7 Plus: 2 hours, 32 minutes

iPhone X ရဲ့ သာမာန်နဲ့ လျှင်မြန်စွာ အားသွင်းနည်းများကို နှိုင်းယှဉ်ခြင်း

iPhone X ကို ဘူးထဲမှာပါတဲ့ သာမာန် 5-watt Power Adapter ၊ USB-A-to-Lightning Cable များနဲ့ အားသွင်းကြည့်တဲ့အခါမှာ အောက်ပါ ရလဒ်များကို ရပါတယ်။

15 minutes: 10 percent

30 minutes: 22 percent

3 hours, 33 minutes: 100 percent

အဲဒီအတွက် လျှင်မြန်စွာ အားသွင်းနည်းကို အသုံးပြုရင် ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ဖို့အတွက် အချိန် ၁ နာရီခွဲ သက်သာမှာ ဖြစ်ပါတယ်။

Fast Charger များဝယ်ဖို့ တန်ရဲ့လား ?

iPhone X ကို ၂ ဆ ပိုမို လျှင်မြန်စွာ အားသွင်းဖို့ ၇၅ ဒေါ်လာ ပေးရမှာ တန်ရဲ့လားဆိုတာ မေးစရာ ရှိပါတယ်။ သင်ဟာ ဖုန်းကို အလွန်အကျွံ အသုံးပြုသူ၊ ဖုန်းအားသွင်းချိန် မပေးနိုင်လောက်အောင် အလုပ်များသူ၊ မကြာခဏ ခရီးသွားသူများအတွက်တော့ Fast Charger ကို ဝယ်ယူထားသင့်ပါတယ်။ သာမာန်လောက်သာ အသုံးပြုသူများအတွက်တော့ ဘူးထဲမှာပါတဲ့ Charger က အဆင်ပြေပါတယ်။

ref : mashable

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category