65 Shares 125 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Android App မ်ား

Jul 15, 2018
65 125

Smartphone App မ်ားဟာ ဖုန္းေျပာဖို႔ သာမဟုတ္ဘဲ သင့္ရဲ႕ လုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္လည္း ကူညီေပးႏုိင္ပါတယ္။ ဒီတစ္ပတ္ အတြက္ ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာေပးတဲ့ Google Fit Fitness Tracking ၊ ေပါ့ပါးသြက္လက္တဲ့ Ebook Reader တစ္ခု ျဖစ္တဲ့ Amazon Kindle Lite နဲ႔ အေမဇုန္ရဲ႕ Web Browser အသစ္တစ္ခု ျဖစ္တဲ့ Internet by Amazon တို႔ကို ေဖာ္ျပလိုက္ပါတယ္။

Amazon Kindle Lite

Amazon Kindle Lite ဟာ နာမည္ေက်ာ္ Amazon Kindle App ရဲ႕ ေပါ့ပါးသြက္လက္တဲ့ ဗားရွင္း ျဖစ္ပါတယ္။ သူ႔ရဲ႕ ဖိုင္အရြယ္အစားက 2MB သာရွိၿပီး စြမ္းရည္နိမ့္ စမတ္ဖုန္းမ်ားအတြက္ ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ အင္တာနက္လိုင္း မေကာင္းတဲ့ ေနရာေဒသမ်ားအတြက္ အဆင္ေျပပါတယ္။ သူက Ebook Reader ျဖစ္ပါတယ္။ သူ႔မွာ Library Syncing , Font Size , Night Mode အပါအ၀င္ ပင္မ App ရဲ႕ လုပ္ေဆာင္ခ်က္ အမ်ားစု ပါပါတယ္။ သူက သင္ေနာက္ဆံုး ဖတ္ထားတဲ့ ေနရာကိုလည္း သိပါတယ္။ ပင္မ App ရဲ႕ ရႈပ္ေထြးမႈမ်ားကို သူ႔မွာ ဖယ္ရွားထားပါတယ္။ ဒါေပမယ့္ သူ႔ကို ႏုိင္ငံတို္င္းမွာ အသံုးျပဳလို႔ မရပါဘူး။ အိႏၵိယလို ႏုိ္င္ငံမ်ားအတြက္ ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ အျခား ႏိုင္ငံမ်ားအတြက္ ျဖန္႔ခ်ီေပးမယ္လို႔ ထင္ရပါတယ္။ စာအုပ္တစ္ခုလံုးကို ၿပီးစီးေအာင္ ေဒါင္းလုပ္လုပ္စရာမလိုဘဲ စာစဖတ္ႏုိင္ပါတယ္။

Download

Internet by Amazon

Internet by Amazon ဟာ Amazon ရဲ႕ Web Browser အသစ္ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိ စြမ္းရည္ျမင့္ ဘေရာက္စာမ်ားလို လုပ္ေဆာင္ခ်က္မ်ားစြာ မပါပါဘူး။ သူ႔မွာ Bookmarks, Privacy Mode တို႔လို ဘေရာက္စာရဲ႕ အေျခခံ စြမ္းရည္မ်ား မပါပါဘူး။ သူ႔မွာ News Feed တစ္ခုလည္း ပါပါတယ္။ Amazon Kindle Lite လိုပဲ သူ႔ကို အသံုးျပဳႏုိင္တဲ့ ႏုိ္င္ငံမ်ားကို ကန္႔သတ္ထားပါတယ္။ သူဟာ Silk Browser ထက္ေတာ့ ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ သူဟာ 2.4MB သာ ရွိၿပီး အျခား ဘေရာက္စာမ်ားထက္ ေပါ့ပါး သြက္လက္ပါတယ္။ သူ႔မွာ သင့္ရဲ႕ ကိုယ္ေရးကိုယ္တာ ေဒတာမ်ားကို ၀က္ဆိုက္မ်ားက ရယူလို႔ မရေအာင္ ကာကြယ္ေပးတဲ့ လံုျခံဳေရး စြမ္းရည္ ပါပါတယ္။ လုပ္ေဆာင္ခ်က္ အသစ္မ်ားကိုလည္း အၿမဲ ထည့္သြင္းေပးမယ္လို႔ အေမဇုန္က ေျပာပါတယ္။

Download

Google Fit Fitness Tracking

Google Fit Fitness Tracking ဟာ အားကစားသမားမ်ား၊ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္သူမ်ား၊ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်လိုသူမ်ား၊ က်န္းမာေရး လိုက္စားသူမ်ားအတြက္ ဒီဇိုင္းထုတ္ထားတဲ့ App ျဖစ္ပါတယ္။ သင့္ရဲ႕ က်န္းမာေရး စီမံကိန္းမ်ားကို ၿပီးေျမာက္ေအာင္ျမင္ေအာင္ သူက ကူညီေပးႏုိင္ပါတယ္။ သူ သင့္ရဲ႕ ကိုယ္လက္ၾကံ႕ခုိင္ေရး နည္းျပဆိုလည္း မမွားပါဘူး။ Body Builder မ်ားအတြက္လည္း သူက အသံုး၀င္ပါတယ္။ သူ႔ကို Google Play Store မွာ အခမဲ့ ရယူႏုိင္ပါတယ္။ သူ႔ကို Android Wear Smartwatch နဲ႔ တြဲဖက္ အသံုးျပဳရင္ ပိုမို အစြမ္းထက္ပါတယ္။ သူက သင့္ရဲ႕ ကိုယ္လက္လႈပ္ရွားမႈမ်ားကို အခ်ိန္ျပည့္ တိုင္းတာေပးႏိုင္ပါတယ္။ တစ္ေန႔တာလံုးမွာ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းမ်ားအတြက္ သင့္ရဲ႕ စမတ္ဖုန္း သို႔မဟုတ္ စမတ္နာရီက တြက္ခ်က္တိုင္းတာၿပီး Google Fit မွာ သိမ္းဆည္းေပးထားႏုိင္ပါတယ္။ ေျပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ စက္ဘီးစီးျခင္းနဲ႔ ပတ္သက္တဲ့ ေဒတာမ်ားကို အခ်ိန္နဲ႔ တစ္ေျပးညီ သင္က ၾကည့္ရႈႏုိင္ပါတယ္။ Google Fit App က သင့္ရဲ႕ အျမန္ႏႈန္း၊ အကြာအေ၀း၊ လမ္းေၾကာင္းမ်ားကို တြက္ခ်က္ေပးတဲ့အတြက္ သင့္ရဲ႕ ရည္မွန္းခ်က္ေရာက္ေအာင္ လႈံ႔ေဆာ္ေပးရာလည္း ေရာက္ပါတယ္။ သင့္ရဲ႕ ရည္မွန္းခ်က္မ်ားကို ထည့္သြင္းမွတ္သားထားႏုိင္ပါတယ္။ App မွာ ေျခလွမ္းမ်ား၊ အခ်ိန္၊ အကြာအေ၀း၊ ကယ္လိုရီ ေလာင္ကြ်မ္းမႈမ်ားကို အေျခခံ၍ ရည္မွန္းခ်က္မ်ား သတ္မွတ္ထားႏုိင္ပါတယ္။ App က သင္နဲ႔ သင့္ေတာ္တဲ့ အၾကံျပဳခ်က္မ်ားကို ျပသေပးႏုိင္ပါတယ္။ သင့္ရဲ႕ ကိုယ္လက္လႈပ္ရွားမႈ ရည္မွန္းခ်က္မ်ားအတြက္ နည္းျပလုပ္ေပးႏုိင္ပါတယ္။ Google Fit ဟာ အျခား နာမည္ေက်ာ္ ကိုယ္လက္လႈပ္ရွားမႈ Apps မ်ားနဲ႔လည္း တြဲဖက္ အသံုးျပဳႏုိင္ပါတယ္။ သင့္ရဲ႕ အျခား Apps မ်ားမွ ကိုယ္လက္လႈပ္ရွားမႈ၊ အစာအာဟာရ၊ ကိုယ္အေလးခ်ိန္၊ အိပ္စက္မႈစတဲ့ ေဒတာမ်ားကိုလည္း သူက ရယူႏုိင္ပါ တယ္။ သူနဲ႔ တြဲဖက္သံုးႏုိင္တဲ့ Apps နဲ႔ ကိရိယာမ်ားထဲမွာ Android Wear, Nike+ , Runkeeper, Strava, MyFitnessPal , Lifesum , Basis , Sleep , Withings, Xiaomi Mi Bands မ်ား ပါ၀င္ပါတယ္။

Download

ref : freeapps

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Android App များ

Smartphone App များဟာ ဖုန်းပြောဖို့ သာမဟုတ်ဘဲ သင့်ရဲ့ လုပ်ငန်းများကို အောင်မြင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒီတစ်ပတ် အတွက် ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးတဲ့ Google Fit Fitness Tracking ၊ ပေါ့ပါးသွက်လက်တဲ့ Ebook Reader တစ်ခု ဖြစ်တဲ့ Amazon Kindle Lite နဲ့ အမေဇုန်ရဲ့ Web Browser အသစ်တစ်ခု ဖြစ်တဲ့ Internet by Amazon တို့ကို ဖော်ပြလိုက်ပါတယ်။

Amazon Kindle Lite

Amazon Kindle Lite ဟာ နာမည်ကျော် Amazon Kindle App ရဲ့ ပေါ့ပါးသွက်လက်တဲ့ ဗားရှင်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖိုင်အရွယ်အစားက 2MB သာရှိပြီး စွမ်းရည်နိမ့် စမတ်ဖုန်းများအတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အင်တာနက်လိုင်း မကောင်းတဲ့ နေရာဒေသများအတွက် အဆင်ပြေပါတယ်။ သူက Ebook Reader ဖြစ်ပါတယ်။ သူ့မှာ Library Syncing , Font Size , Night Mode အပါအဝင် ပင်မ App ရဲ့ လုပ်ဆောင်ချက် အများစု ပါပါတယ်။ သူက သင်နောက်ဆုံး ဖတ်ထားတဲ့ နေရာကိုလည်း သိပါတယ်။ ပင်မ App ရဲ့ ရှုပ်ထွေးမှုများကို သူ့မှာ ဖယ်ရှားထားပါတယ်။ ဒါပေမယ့် သူ့ကို နိုင်ငံတိုင်းမှာ အသုံးပြုလို့ မရပါဘူး။ အိန္ဒိယလို နိုင်ငံများအတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြား နိုင်ငံများအတွက် ဖြန့်ချီပေးမယ်လို့ ထင်ရပါတယ်။ စာအုပ်တစ်ခုလုံးကို ပြီးစီးအောင် ဒေါင်းလုပ်လုပ်စရာမလိုဘဲ စာစဖတ်နိုင်ပါတယ်။

Download

Internet by Amazon

Internet by Amazon ဟာ Amazon ရဲ့ Web Browser အသစ် ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ စွမ်းရည်မြင့် ဘရောက်စာများလို လုပ်ဆောင်ချက်များစွာ မပါပါဘူး။ သူ့မှာ Bookmarks, Privacy Mode တို့လို ဘရောက်စာရဲ့ အခြေခံ စွမ်းရည်များ မပါပါဘူး။ သူ့မှာ News Feed တစ်ခုလည်း ပါပါတယ်။ Amazon Kindle Lite လိုပဲ သူ့ကို အသုံးပြုနိုင်တဲ့ နိုင်ငံများကို ကန့်သတ်ထားပါတယ်။ သူဟာ Silk Browser ထက်တော့ ကောင်းမွန်ပါတယ်။ ဒါပေမယ့် သူဟာ 2.4MB သာ ရှိပြီး အခြား ဘရောက်စာများထက် ပေါ့ပါး သွက်လက်ပါတယ်။ သူ့မှာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာများကို ဝက်ဆိုက်များက ရယူလို့ မရအောင် ကာကွယ်ပေးတဲ့ လုံခြုံရေး စွမ်းရည် ပါပါတယ်။ လုပ်ဆောင်ချက် အသစ်များကိုလည်း အမြဲ ထည့်သွင်းပေးမယ်လို့ အမေဇုန်က ပြောပါတယ်။

Download

Google Fit Fitness Tracking

Google Fit Fitness Tracking ဟာ အားကစားသမားများ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများ၊ ကိုယ်အလေးချိန် လျှော့ချလိုသူများ၊ ကျန်းမာရေး လိုက်စားသူများအတွက် ဒီဇိုင်းထုတ်ထားတဲ့ App ဖြစ်ပါတယ်။ သင့်ရဲ့ ကျန်းမာရေး စီမံကိန်းများကို ပြီးမြောက်အောင်မြင်အောင် သူက ကူညီပေးနိုင်ပါတယ်။ သူ သင့်ရဲ့ ကိုယ်လက်ကြံ့ခိုင်ရေး နည်းပြဆိုလည်း မမှားပါဘူး။ Body Builder များအတွက်လည်း သူက အသုံးဝင်ပါတယ်။ သူ့ကို Google Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်။ သူ့ကို Android Wear Smartwatch နဲ့ တွဲဖက် အသုံးပြုရင် ပိုမို အစွမ်းထက်ပါတယ်။ သူက သင့်ရဲ့ ကိုယ်လက်လှုပ်ရှားမှုများကို အချိန်ပြည့် တိုင်းတာပေးနိုင်ပါတယ်။ တစ်နေ့တာလုံးမှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများအတွက် သင့်ရဲ့ စမတ်ဖုန်း သို့မဟုတ် စမတ်နာရီက တွက်ချက်တိုင်းတာပြီး Google Fit မှာ သိမ်းဆည်းပေးထားနိုင်ပါတယ်။ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ ပတ်သက်တဲ့ ဒေတာများကို အချိန်နဲ့ တစ်ပြေးညီ သင်က ကြည့်ရှုနိုင်ပါတယ်။ Google Fit App က သင့်ရဲ့ အမြန်နှုန်း၊ အကွာအဝေး၊ လမ်းကြောင်းများကို တွက်ချက်ပေးတဲ့အတွက် သင့်ရဲ့ ရည်မှန်းချက်ရောက်အောင် လှုံ့ဆော်ပေးရာလည်း ရောက်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်များကို ထည့်သွင်းမှတ်သားထားနိုင်ပါတယ်။ App မှာ ခြေလှမ်းများ၊ အချိန်၊ အကွာအဝေး၊ ကယ်လိုရီ လောင်ကျွမ်းမှုများကို အခြေခံ၍ ရည်မှန်းချက်များ သတ်မှတ်ထားနိုင်ပါတယ်။ App က သင်နဲ့ သင့်တော်တဲ့ အကြံပြုချက်များကို ပြသပေးနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်လက်လှုပ်ရှားမှု ရည်မှန်းချက်များအတွက် နည်းပြလုပ်ပေးနိုင်ပါတယ်။ Google Fit ဟာ အခြား နာမည်ကျော် ကိုယ်လက်လှုပ်ရှားမှု Apps များနဲ့လည်း တွဲဖက် အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ အခြား Apps များမှ ကိုယ်လက်လှုပ်ရှားမှု၊ အစာအာဟာရ၊ ကိုယ်အလေးချိန်၊ အိပ်စက်မှုစတဲ့ ဒေတာများကိုလည်း သူက ရယူနိုင်ပါ တယ်။ သူနဲ့ တွဲဖက်သုံးနိုင်တဲ့ Apps နဲ့ ကိရိယာများထဲမှာ Android Wear, Nike+ , Runkeeper, Strava, MyFitnessPal , Lifesum , Basis , Sleep , Withings, Xiaomi Mi Bands များ ပါဝင်ပါတယ်။

Download

ref : freeapps

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category