143 Shares 106 Views


Jul 15, 2018
143 106








Ref : gadgetflow

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

iPhone 8 Plus Leather Wallet Case

သူဟာ အရည်အသွေးမြင့် သားရေဖြင့် ပြုလုပ်ထားတဲ့ iPhone 8 Case ဖြစ်ပြီး ဒီဇိုင်းက ခန့်ညား သပ်ရပ်ပါတယ်။ ထူးခြားတာက သူ့ကို ပိုက်ဆံအိတ်လိုပါ သုံးနိုင်တာ ဖြစ်ပါတယ်။ ခရက်ဒစ်ကဒ်များ ထည့်သွားဖို့ အဆင်ပြေပါတယ်။ ခရက်ဒစ်ကဒ်များ ထည့်ထားပေမယ့် ကေ့စ်ရဲ့ ဒီဇိုင်းကို မထိခိုက်စေဘဲ အတွဲအစပ်မိနေတာက အရမ်း လန်းပါတယ်။ ဒီကေ့စ်နဲ့ ဆိုရင်တော့ သင့်ရဲ့ iPhone 8 Plus ကို ပိုတောင် အချစ်ပိုလာဦးမှာ ဖြစ်ပါတယ်။ သူက သင့် စမတ်ဖုန်းကိုလည်း ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။ ၅၇.၆၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Sound-vessel Unlimited Stereo Bluetooth Speaker

Sound-vessel Unlimited Stereo Bluetooth Speaker ဟာ နေအိမ်မှာ သီချင်းနားဆင်တတ်သူများအတွက် အလွန်သင့်တော်ပါတယ်။ အသံအရည်အသွေး အလွန်ကောင်းမွန်ပါတယ်။ 3D Hi-Fi Sound ကို နားဆင်ခံစားရမှာ ဖြစ်ပါတယ်။ သူ့မှာ ထူးခြားတဲ့ စွမ်းရည်များလည်း ပါပါတယ်။ CSR 4.2 Chipset က မောင်းနှင်ထားပါတယ်။ သူ့မှာ Woofer နဲ့ Subwoofer တစ်လုံးစီနဲ့ Tweeter နှစ်လုံးပါပါတယ်။ သူ့မှာ သင့် စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ Power Bank လည်း ပါပါတယ်။ သင့် စမတ်ဖုန်းနဲ့ သူ့ကို ချိတ်ဆက်၍ ဖုန်းမှ သီချင်းများကို နားဆင်နိုင်သလို microSD Card ထည့်သွင်းပြီး သီချင်းများ နားဆင်နိုင်ပါတယ်။ သူ့မှာ ပါတဲ့ ကြိုးဟာ ကွေးညွှတ်ပျော့ပြောင်းပြီး နေရာတိုင်းမှာ တပ်ဆင်ထားဖို့ အလွန် အသုံးဝင်ပါတယ်။

Xia Wireless Energy Saving Device

Xia Wireless Energy Saving Device က သင့်နေအိမ်မှာ မီတာခများကို သက်သာအောင် ပြုလုပ်ပေးတဲ့ ကိရိယာ ဖြစ်ပါတယ်။ သူ့မှာ ဆန်ဆာများ ထည့်သွင်းထားပြီး လူတစ်ဦး အခန်းထဲက ထွက်သွားတာနဲ့ သူက အဲကွန်းကို အလိုအလျှောက်ပိတ်ပေးပါတယ်။ နေအိမ်များမှာ သာမက ဟိုတယ်များမှာလည်း သူ့ကို အသုံးပြုနိုင်ပါတယ်။ သူက မီတာခများကို ၃၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ သူ့မှာ တံခါး ဆန်ဆာနဲ့ မျက်နှာကျက် ဆန်ဆာ တစ်ခုစီ ပါပါတယ်။ တံခါး ဆန်ဆာက အခန်းထဲကနေ လူထွက်သွားရင် သိပါတယ်။ မျက်နှာကျက် ဆန်ဆာက အခန်းထဲမှာ လူရှိနေသေးသလားဆိုတာကို သိပါတယ်။ ၁၅ မိနစ်ကြာလို့မှ အခန်းထဲမှာ လူမရှိတော့ရင် သူက IR Signal ကို အသုံးပြု၍ အဲကွန်းကို ပိတ်ပေးပါတယ်။ သူဟာ ဘက်ထရီဖြင့် အလုပ်လုပ်တာ ဖြစ်ပြီး မီးပလပ်ပေါက်များနဲ့ ချိတ်ဆက်စရာ မလိုပါဘူး။ ၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gadgetflow

You may be interested

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
117 shares19 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
135 shares34 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်
Google, NEWS
250 shares70 views

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်

Nigma - Dec 11, 2018

(Zawgyi) ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Google+ ဟာ Security Bug တခုကြောင့် အသုံးပြုသူ သန်းတဝက်ရဲ့ ဒေတာတွေ ပေါက်ကြားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ပြီးနောက် Google+ Consumer Version ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း…

Leave a Comment

Most from this category