234 Shares 126 Views

တစ္ခါအား အျပည့္သြင္းထားရင္ တစ္လေလာက္ အသံုးခံတဲ့ စမတ္နာရီ

Jul 15, 2018
234 126

စမတ္နာရီမ်ားဟာ အရြယ္အစား ေသးငယ္တဲ့အတြက္ အရြယ္ႀကီး ဘက္ထရီမ်ား ထည့္သြင္းလို႔ မရပါဘူး။ အဲဒီအတြက္ စမတ္နာရီမ်ားရဲ႕ ဘက္ထရီ သက္တမ္းဟာ တစ္ရက္ေလာက္သာ ရွိပါတယ္။ ဒါေပမယ့္ အခုေတာ့ အားအျပည့္သြင္းထားရင္ ငါးရက္ကေန တစ္လေလာက္အထိ အသံုးခံတဲ့ စမတ္နာရီ တစ္လံုးကို Mobvoi က မိတ္ဆက္လိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ TicWatch Pro ျဖစ္ပါတယ္။

ဒီလို ဘက္ထရီ အသံုးခံေအာင္ ျပဳလုပ္ေပးႏုိင္တာက အျဖဴ၊ အမည္းသာ ျပသေပးတဲ့ မ်က္ႏွာျပင္ အပိုတစ္ခုေၾကာင့္ ျဖစ္ပါတယ္။ အပို မ်က္ႏွာျပင္ဟာ Film compensated Super Twisted Nematic (FSTN) LCD ျဖစ္ပါတယ္။ သူဟာ ေဖာက္ထြင္းျမင္ရၿပီး OLED ရဲ႕ အထက္မွာ ထည့္ထားပါတယ္္။

သင္ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္တဲ့ အခ်ိန္မ်ားမွာ အျဖဴ၊ အမည္း စကရင္ကေန အခ်ိန္၊ ရက္စြဲ၊ လမ္းေလွ်ာက္တဲ့ ေျခလွမ္း၊ ႏွလံုးခုန္ႏႈန္းမ်ားကို ျပသေပးပါတယ္။ အျဖဴ၊ အမည္းသာ ျပသေပးတဲ့အတြက္ ဘက္ထရီ စားသံုးမႈ အလြန္ သက္သာတာ ျဖစ္ပါတယ္။ OLED Display ကေန အေရာင္္မ်ားျဖင့္ ၾကည့္ခ်င္ရင္ေတာ့ Smart Mode ကို ေျပာင္းရမွာ ျဖစ္ပါတယ္။

စမတ္နာရီမွာ Apps နဲ႔ Google Assistant မ်ားကိုလည္း သံုးႏုိင္ပါတယ္။ IP68 စံႏႈန္းရွိၿပီး ေရစိုခံသလို ဖုန္မ၀င္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ သူ႔မွာ Google Pay အတြက္ NFC Chip လည္း ပါပါတယ္။ တည္ေနရာ ညႊန္ျပမႈအတြက္ ဂ်ီပီအက္စ္ တပ္ဆင္ထားပါတယ္။ Android Wear OS ထည့္သြင္းထားပါတယ္။

Ref : tnw

unicode

တစ်ခါအား အပြည့်သွင်းထားရင် တစ်လလောက် အသုံးခံတဲ့ စမတ်နာရီ

စမတ်နာရီများဟာ အရွယ်အစား သေးငယ်တဲ့အတွက် အရွယ်ကြီး ဘက်ထရီများ ထည့်သွင်းလို့ မရပါဘူး။ အဲဒီအတွက် စမတ်နာရီများရဲ့ ဘက်ထရီ သက်တမ်းဟာ တစ်ရက်လောက်သာ ရှိပါတယ်။ ဒါပေမယ့် အခုတော့ အားအပြည့်သွင်းထားရင် ငါးရက်ကနေ တစ်လလောက်အထိ အသုံးခံတဲ့ စမတ်နာရီ တစ်လုံးကို Mobvoi က မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ TicWatch Pro ဖြစ်ပါတယ်။

ဒီလို ဘက်ထရီ အသုံးခံအောင် ပြုလုပ်ပေးနိုင်တာက အဖြူ၊ အမည်းသာ ပြသပေးတဲ့ မျက်နှာပြင် အပိုတစ်ခုကြောင့် ဖြစ်ပါတယ်။ အပို မျက်နှာပြင်ဟာ Film compensated Super Twisted Nematic (FSTN) LCD ဖြစ်ပါတယ်။ သူဟာ ဖောက်ထွင်းမြင်ရပြီး OLED ရဲ့ အထက်မှာ ထည့်ထားပါတယ်။

သင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့ အချိန်များမှာ အဖြူ၊ အမည်း စကရင်ကနေ အချိန်၊ ရက်စွဲ၊ လမ်းလျှောက်တဲ့ ခြေလှမ်း၊ နှလုံးခုန်နှုန်းများကို ပြသပေးပါတယ်။ အဖြူ၊ အမည်းသာ ပြသပေးတဲ့အတွက် ဘက်ထရီ စားသုံးမှု အလွန် သက်သာတာ ဖြစ်ပါတယ်။ OLED Display ကနေ အရောင်များဖြင့် ကြည့်ချင်ရင်တော့ Smart Mode ကို ပြောင်းရမှာ ဖြစ်ပါတယ်။

စမတ်နာရီမှာ Apps နဲ့ Google Assistant များကိုလည်း သုံးနိုင်ပါတယ်။ IP68 စံနှုန်းရှိပြီး ရေစိုခံသလို ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သူ့မှာ Google Pay အတွက် NFC Chip လည်း ပါပါတယ်။ တည်နေရာ ညွှန်ပြမှုအတွက် ဂျီပီအက်စ် တပ်ဆင်ထားပါတယ်။ Android Wear OS ထည့်သွင်းထားပါတယ်။

Ref : tnw

You may be interested

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
0 shares0 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
62 shares20 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

အသည္းၿပိဳေလာက္စရာ Selfie ပံုေတြအတြက္ 20 MP အေရွ႕ကင္မရာနဲ႔ ပြဲထြက္လာေတာ႔မယ္ Vivo Y95
Local, Local News
99 shares131 views

အသည္းၿပိဳေလာက္စရာ Selfie ပံုေတြအတြက္ 20 MP အေရွ႕ကင္မရာနဲ႔ ပြဲထြက္လာေတာ႔မယ္ Vivo Y95

Creepy Tyler - Nov 19, 2018

လူငယ္ေတြရဲ႕ တစ္ကိုယ္ရည္ ဖက္ရွင္ Trend ေတြထဲမွာ ယခုေနာက္ပိုင္း ေခတ္စားလာတဲ႔ Accessory တစ္ခုက စမတ္က်တဲ႔ ဖုန္းတစ္လံုးပါ။ ဒါ႔အျပင္ Facebook လိုမ်ိဳး Social Network ေတြေပၚမွာ အေပါင္းအသင္းေတြရဲ႕ အာရံုကို ဖမ္းစားႏိုင္ဖို႔အတြက္ Selfie Camera ေကာင္းတဲ႔…

Leave a Comment

Most from this category