4146 Shares 16685 Views


Jul 15, 2018
4146 16685





Ref : businessinsider

unicode

တောင်ကိုရီးယားက ကားသုံးဖို့ မလိုတဲ့ ဒေါ်လာ ၄၀ ဘီလီယမ်တန် မြို့တော်ကို တည်ဆောက်နေ

ဒီနေ့ခေတ် စမတ်ဖုန်း၊ တက်ဘလက်လို အီလက်ထရောနစ် ကိရိယာများကြောင့် တောင်ကိုရီးယားကို လူတိုင်း နီးပါး သိကြပါတယ်။ သူဟာ နည်းပညာ အပိုင်းမှာ ကမ္ဘာကို ယှဉ်နိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အခုလည်း တောင်ကိုရီးယား အစိုးရက ဆောင်ဒိုမှ International Business District (IBD) မှာ ကားစီးဖို့ မလိုတဲ့ မြို့တော်တစ်ခုကို တည်ဆောက်နေပါတယ်။

အဲဒီ စီမံကိန်းကို ၂၀၀၂ ခုနှစ်မှာ စတင် ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ၄၀ ဘီလီယမ် အကုန်အကျခံ တည်ဆောက်မှာ ဖြစ်ပါတယ်။ လူနေအိမ်များကနေ ကျောင်းများ၊ ဆေးရုံများ၊ ပန်းခြံများ၊ ရုံးခန်းများ ဈေးဝယ်စင်တာများ အားလုံးကို လမ်းလျှောက်သွားလို့ရအောင် တည်ဆောက်ပေးထားပါတယ်။

သဘာ၀ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဒီဇိုင်းထုတ် တည်ဆောက်နေပါတယ်။ မြို့နေ ပြည်သူများ လမ်းများများလျှောက်အောင် တွန်းအား ပေးထားတဲ့ အနေနဲ့ မြို့ ဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းမှာ အပင်များ စိုက်ပျိုးထားမှာ ဖြစ်ပါတယ်။ အဲဒီ ဧရိယာဟာ နယူးယောက် စီးတီးရဲ့ ၂ ဆခန့် ရှိပါတယ်။ အများသုံးသယ်ယူပို့ဆောင်ရေး စနစ်များကိုသာ အဓိက အသုံးပြုမှာ ဖြစ်ပြီး ဘတ်စ်ကားများ၊ မီးရထားများ၊ စက်ဘီးများကိုသာ အသုံးပြုကြမှာ ဖြစ်ပါတယ်။

ကားလမ်းများတောင် မရှိဘူးလို့ IBD ကို တည်ဆောက်နေတဲ့ Gale Internatiional မှ အရာရှိ ဖြစ်သူ Stan Gale က ပြောပါတယ်။ တည်ဆောက်ပြီးချိန်မှာ မြို့ရဲ့ အကျယ်အဝန်းဟာ စတုရန်းပေ သန်း ၁၀၀ ရှိလာမှာ ဖြစ်ပါတယ်။

Ref : businessinsider

You may be interested

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်

Ko Thuya - Feb 23, 2019

Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…

Leave a Comment

Most from this category