116 Shares 71 Views


Jul 14, 2018
116 71





Download

Ref : google Play

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ AXE.IO (Android Game)

AXE.IO ဟာ Online Multiplayer Game အသစ် ဖြစ်ပါတယ်။ ရန်သူများနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ ဂိမ်း ဖြစ်ပါတယ်။ နဂါးများကိုလည်း သတ်ဖြတ်ချေမှုန်းရမှာပါ။ ရန်သူများနဲ့ တိုက်ခိုက်ဖို့အတွက် ပုဆိန်ကို ပေးထားမှာ ဖြစ်ပါတယ်။ ဇာတ်ကောင် ၁၆ ကောင်ထဲမှ သင်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

ဇာတ်ကောင်ကို ထိန်းချုပ်ရတဲ့ ခလုတ်များကလည်း လွယ်ကူပါတယ်။ ဘယ်ဘက် လက်မကို Joystick လို အသုံးပြုပြီး ဇာတ်ကောင်ကို လှုပ်ရှားသွားလာခိုင်းရမှာပါ။ အစိမ်းရောင်မျှားကို ရန်သူများအား ချိန်ရွယ်ပြီး ပုဆိန်နဲ့ ပစ်ရမှာ ဖြစ်ပါတယ်။

ပုဆိန်တစ်ချောင်းကို ပစ်ပြီးရင်တော့ နောက်ထပ် ပုဆိန်ကို လိုက်ရှာပြီး တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ပုဆိန်ကို ကောက်ယူဖို့အတွက် ပုဆိန်အပေါ်ကို ပြေးသွားရုံပါပဲ။ ရန်သူများ သင့်ကို ပစ်လိုက်တဲ့ ပုဆိန်များကိုလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။

ရန်သူ တစ်ယောက်ကို သတ်နိုင်ရင် ရွှေပြားများ ရရှိမှာ ဖြစ်ပြီး အဲဒါတွေနဲ့ သင့် ဇာတ်ကောင်ရဲ့ စွမ်းရည်များကို အဆင့်မြှင့်နိုင်ပါတယ်။ Level မြင့်လာလေလေ၊ သင် ကိုင်ဆောင်နိုင်တဲ့ ပုဆိန်အရေအတွက် များလာလေလေ ဖြစ်ပါတယ်။ အကန့်အသတ်မရှိ ပုဆိန်များ ပစ်နိုင်တဲ့ စွမ်းရည်လည်း ပါပါတယ်။ Android 4.1 နဲ့ သူ့အထက်မှာ ကစားနိုင်ပါတယ်။

Download

Ref : google Play

You may be interested

Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views

Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ

Ko Thuya - Oct 21, 2018

Honor Magic 2 ရဲ့ သတင်းအချက်အလက် အသေးစိတ်များ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးသလို တရုတ်ဆက်သွယ်ရေး ကော်မရှင် (TENAA) ကိုလည်း သူ့ရဲ့ ဒေတာများ မရောက်ရှိသေးပါဘူး။ ဒါပေမယ့် Honor က ဖုန်းရဲ့ အကောင်းဆုံး စွမ်းရည်များကို အွန်လိုင်းမှာ မကြာခဏ…

Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ
Android, FEATURES, Mobiles & Tablets
0 shares0 views

Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ

Creepy Tyler - Oct 21, 2018

(Zawgyi) Vivo V11 က In-display Fingerprint နည်းပညာ ပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပြည်တွင်းကို တရားဝင် ဝင်ရောက်ခဲ့တဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ V11 မှာ In-display Fingerprint နည်းပညာအပြင် Dual-Engine Fast Charging,…

Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ
Android, ASUS, HUBS
0 shares0 views

Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ

Ko Thuya - Oct 21, 2018

Gaming Phone နယ်ပယ်မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာနေပါပြီ။ Razer က ပထမဆုံး Gaming Phone ကို မိတ်ဆက်ပြီးနောက်မှာ အခြား ကုမ္ပဏီများကလည်း အားကျမခံ သူတို့ ကိုယ်ပိုင် Gaming Phone များကို ပွဲထုတ်လာကြပါတယ်။ အဲဒီအထဲမှာ Asus…

Leave a Comment

Most from this category