194 Shares 72 Views

LG က ၆.၁ လက္မ iPhone အတြက္ LCD Display ထုတ္ေပးမည္

Jul 14, 2018
194 72

ေတာင္ကိုရီးယား မီဒီယာတစ္ခုက LG ဟာ ၆.၁ လက္မ အိုင္ဖုန္း အတြက္သာ LCD Display မ်ား ထုတ္လုပ္ေပးမယ္လို႔ ေျပာပါတယ္။ အဲဒီဖုန္းဟာ အိုင္ဖုန္း သံုးလံုးထဲမွာ တန္ဖိုးအနည္းဆံုး ျဖစ္ပါတယ္။ စုစုေပါင္း LCD Display ေပါင္း သန္း ၂၀ ထုတ္လုပ္ေပးမွာပါ။

ယခင္ကေတာ့ LG ဟာ Apple iPhone X Plus အတြက္ OLED Display မ်ားကို ထုတ္လုပ္ေပးမယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။ Apple ဟာ LG အား သူ႔ရဲ႕ အိုင္ဖုန္းမ်ားအတြက္ OLED Screen ဒုတိယအမ်ားဆံုး ေထာက္ပံ့သူ အျဖစ္ သတ္မွတ္ထားၿပီး အေစာပိုင္းမွာ စကရင္ ၂ သန္းနဲ႔ ၄ သန္းအၾကား ထုတ္လုပ္ေပးဖုိ႔ ေတာင္းဆိုထားတယ္လို႔ သတင္းထြက္ခဲ့တာပါ။

ဒါေပမယ့္ ဒီႏွစ္ထဲမွာ ေရာင္းခ်မယ့္ အိုင္ဖုန္း အားလံုးအတြက္ေတာ့ ၄ သန္းဟာ မလံုေလာက္ပါဘူး။ အဲဒီအတြက္ LG ဟာ Apple အတြက္ OLED စကရင္မ်ားကို ၂၀ ရာခိုင္ႏႈန္းသာ ထုတ္လုပ္ေပးမွာ ျဖစ္ၿပီး က်န္တာေတြကို ဆမ္ေဆာင္းက ပံ့ပိုးေပးမွာ ျဖစ္တယ္လို႔ သတင္းထြက္ခဲ့တာပါ။

သတင္းမ်ားက LG Display ဟာ ဒီထက္ပိုမ်ားတဲ့ ပမာဏကို ထုတ္လုပ္ေပးခ်င္ေပမယ့္ Apple လိုခ်င္သေလာက္ မထုတ္လုပ္ေပးႏုိင္ေသးဘူးလို႔ ဆိုခဲ့ပါတယ္။ LG Display ဟာ တန္ဖိုးအႀကီးဆံုး အိုင္ဖုန္း ေမာ္ဒယ္ျဖစ္တဲ့ ၆.၅ လက္မ iPhone X Plus အတြက္ ထုတ္လုပ္ေပးမယ္လို႔ ထင္ခဲ့ရပါတယ္။ iPhone X Plus ဟာ ဆမ္ေဆာင္းရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားကို တိုက္ရိုက္ ယွဥ္ၿပိဳင္မယ္လို႔ သတင္းထြက္ေနပါတယ္။

Apple ရဲ႕ ရံုးခ်ဳပ္မွာ အျငင္းပြားမႈမ်ား ရွိေနပါတယ္။ ဒီႏွစ္ အိုင္ဖုန္းမ်ားအတြက္ ဆမ္ေဆာင္းကပဲ OLED Screen အားလံုးကို ေထာက္ပံ့ေပးမလား၊ LG Display ကလည္း ဆမ္ေဆာင္းနဲ႔ အတူ ေထာက္ပံ့ေပးမလား ဆိုတာေတြ ျဖစ္ပါတယ္။ Apple ဟာ ဆမ္ေဆာင္းကို မွီခိုေနရတာကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနတဲ့ သတင္းမ်ား ယခင္က ထြက္ေပၚခဲ့ဖူးပါတယ္။

unicode

LG က ၆.၁ လက်မ iPhone အတွက် LCD Display ထုတ်ပေးမည်

တောင်ကိုရီးယား မီဒီယာတစ်ခုက LG ဟာ ၆.၁ လက်မ အိုင်ဖုန်း အတွက်သာ LCD Display များ ထုတ်လုပ်ပေးမယ်လို့ ပြောပါတယ်။ အဲဒီဖုန်းဟာ အိုင်ဖုန်း သုံးလုံးထဲမှာ တန်ဖိုးအနည်းဆုံး ဖြစ်ပါတယ်။ စုစုပေါင်း LCD Display ပေါင်း သန်း ၂၀ ထုတ်လုပ်ပေးမှာပါ။

ယခင်ကတော့ LG ဟာ Apple iPhone X Plus အတွက် OLED Display များကို ထုတ်လုပ်ပေးမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ Apple ဟာ LG အား သူ့ရဲ့ အိုင်ဖုန်းများအတွက် OLED Screen ဒုတိယအများဆုံး ထောက်ပံ့သူ အဖြစ် သတ်မှတ်ထားပြီး အစောပိုင်းမှာ စကရင် ၂ သန်းနဲ့ ၄ သန်းအကြား ထုတ်လုပ်ပေးဖို့ တောင်းဆိုထားတယ်လို့ သတင်းထွက်ခဲ့တာပါ။

ဒါပေမယ့် ဒီနှစ်ထဲမှာ ရောင်းချမယ့် အိုင်ဖုန်း အားလုံးအတွက်တော့ ၄ သန်းဟာ မလုံလောက်ပါဘူး။ အဲဒီအတွက် LG ဟာ Apple အတွက် OLED စကရင်များကို ၂၀ ရာခိုင်နှုန်းသာ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ကျန်တာတွေကို ဆမ်ဆောင်းက ပံ့ပိုးပေးမှာ ဖြစ်တယ်လို့ သတင်းထွက်ခဲ့တာပါ။

သတင်းများက LG Display ဟာ ဒီထက်ပိုများတဲ့ ပမာဏကို ထုတ်လုပ်ပေးချင်ပေမယ့် Apple လိုချင်သလောက် မထုတ်လုပ်ပေးနိုင်သေးဘူးလို့ ဆိုခဲ့ပါတယ်။ LG Display ဟာ တန်ဖိုးအကြီးဆုံး အိုင်ဖုန်း မော်ဒယ်ဖြစ်တဲ့ ၆.၅ လက်မ iPhone X Plus အတွက် ထုတ်လုပ်ပေးမယ်လို့ ထင်ခဲ့ရပါတယ်။ iPhone X Plus ဟာ ဆမ်ဆောင်းရဲ့ စွမ်းရည်မြင့် ဖုန်းများကို တိုက်ရိုက် ယှဉ်ပြိုင်မယ်လို့ သတင်းထွက်နေပါတယ်။

Apple ရဲ့ ရုံးချုပ်မှာ အငြင်းပွားမှုများ ရှိနေပါတယ်။ ဒီနှစ် အိုင်ဖုန်းများအတွက် ဆမ်ဆောင်းကပဲ OLED Screen အားလုံးကို ထောက်ပံ့ပေးမလား၊ LG Display ကလည်း ဆမ်ဆောင်းနဲ့ အတူ ထောက်ပံ့ပေးမလား ဆိုတာတွေ ဖြစ်ပါတယ်။ Apple ဟာ ဆမ်ဆောင်းကို မှီခိုနေရတာကို လျှော့ချဖို့ ကြိုးစားနေတဲ့ သတင်းများ ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။

You may be interested

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
261 shares68 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)
Apple, FEATURES, HOW TO
151 shares55 views

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ႔ iPhone XS Max တို႔မွာ ယခင္ႏွစ္ iPhone X ထက္ ေျပာင္းလဲတိုးတက္လာမႈမ်ား ပါ၀င္လာပါတယ္။ ေျပာင္းလဲသြားတဲ့ Tips & Tricks မ်ားလည္း ပါလာပါတယ္။ အိုင္ဖုန္း အေဟာင္း ကိုင္ထားသူမ်ားအတြက္လည္း နည္းလမ္းအခ်ိဳ႕ဟာ…

Leave a Comment

Most from this category