239 Shares 596 Views


Jul 14, 2018
239 596




Ref : gsmarena

unicode

Notch နဲ့ အနောက်ကင်မရာ ၂ လုံးပါတဲ့ Oppo A3s

Oppo က အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ A3s ဖြစ်ပြီး Oppo A5 ကို မွမ်းမံထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။ Oppo A3s မှာ ၆.၂ လက်မ IPS Display ထည့်သွင်းထားပြီး 720x1520p Resoluton ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ ရှည်လျားတဲ့ 19:9 ဖြစ်ပါတယ်။ Oppo က FullView Display လို့ ခေါ်ပြီး Screen-to-Body Ratio မှာ ၈၈.၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Qualcomm Snapdragon 450 SoC ထည့်သွင်းထားပါတယ်။ 2GB RAM , 16GB Internal Storage များ ပါပါတယ်။ အနောက်ဘက်မှာ 13MP Main Camera ကို 2MP Camera နဲ့ တွဲဖက်ထားပါတယ်။ အရှေ့ဘက် မှာ AI Beauty Effects များပါတဲ့ 8MP Camera တစ်လုံး တပ်ဆင်ထားပါတယ်။ အရွယ်အစား ကြီးမားတဲ့ 4230mAh Battery ထည့်သွင်းထားပါတယ်။ Android 8.1 Oreo ကို Oppo Color OS 5.1 Skin နဲ့ အုပ်ထားပါတယ်။

အမေဇုန် အိန္ဒိယ ၊ Flipkart နဲ့ PayTM တို့ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ယခု လ ၁၅ ရက်နေ့မှာ မြေပြင် အရောင်းဆိုင်များကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ရူပီး ၁၀၉၉၀ သတ်မှတ်ထားပြီး ၁၆၀ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

Ref : gsmarena

You may be interested

Android ကို Pro လို သုံးနိုင်မယ့် Tips များ
Android, FEATURES, HUBS
115 shares50 views

Android ကို Pro လို သုံးနိုင်မယ့် Tips များ

Ko Thuya - Nov 19, 2018

Android ပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ။ Update တစ်ခုထွက်တိုင်းမှာ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အချို့ လုပ်ဆောင်ချက်တွေကို လူတွေ သိပ်မသိကြပါဘူး။ ဒီပို့စ်မှာ အန်းဒရွိုက်ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ ၁။ App များအတွက် သီးခြား Shortcuts…

Instagram မှ User များရဲ့ Password များ ပေါက်ကြား
Facebook, HUBS, NEWS
56 shares10 views

Instagram မှ User များရဲ့ Password များ ပေါက်ကြား

Ko Thuya - Nov 19, 2018

Instagram မကြာခင်က မိတ်ဆက်ခဲ့တဲ့ Download Your Data Tool ကနေ User များရဲ့ Password များ ပေါက်ကြားသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် User အနည်းငယ်သာ ပေါက်ကြားသွားတာ ဖြစ်ပြီး အခုတော့ လုံခြုံရေး ဟာကွက်ကို…

အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
NEWS, Odd
96 shares27 views

အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်

Ko Thuya - Nov 19, 2018

ချစ်စရာ အနက်နဲ့ အ၀ါရောင် ကြောင်လေး နှစ်ကောင်ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှ အနုပညာ ပြတိုက်ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ၀င်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဒီလိုလုပ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ လုံခြုံရေး ၀န်ထမ်းများကြောင့်…

Leave a Comment

Most from this category