116 Shares 68 Views

2017 MacBook Pro vs. 2018 MacBook Pro

Jul 14, 2018
116 68

[Zawgyi]

ဇူလိုင္လ ၁၂ရက္ေန႔ကပဲ Apple ကေန Touch Bar ပါတဲ့ 13-inch နဲ႔ 15-inch MacBook Pro ေတြကိုမိတ္ဆက္လိုက္ပါတယ္။ အခုဆို အြန္လုိင္းစတိုးေတြကေန မွာယူလို႔ရေနပါျပီ။

အခုထြက္လာတဲ့ 2018 MacBook Pro ေတြက မႏွစ္က 2017 MacBook Pro ေတြနဲ႔ ဘာကြာလဲ ဘာေတြေကာင္းလာလဲဆိုတာ ၾကည့္ရေအာင္..

  • 2018 MacBook Pro ေတြမွာ 8th-Generation Intel Core Processor ေတြသံုးထားပါတယ္။ ဒါေၾကာင့္ 15-inch ေမာ္ဒယ္ေတြက မႏွစ္ကထက္ ၇၀% ေလာက္ပိုျမန္လာျပီး 13-inch ေမာ္ဒယ္လ္ေတြကေတာ့ မႏွစ္က 7th-Generation Intel Core Processor ေတြထက္ ၂ဆေတာင္ပိုျမန္လာတာကိုေတြ႔ရပါတယ္။ (Benchmark score ေတြအရေပါ့)
  • မႏွစ္က 15-inch ေမာ္ဒယ္လ္မွာေတာ့ clock-speed 3.1 GHz ရိွတဲ့ quad-core Core i7 ကိုသံုးခဲ့ျပီး ဒီႏွစ္မွာေတာ့ 2.9 GHz ရိွတဲ့ six-core Processor ကိုသံုးထားပါတယ္။ ၂၀၁၇ 13-inch ေမာ္ဒယ္ေတြတုန္က 3.5 GHz dual-core ပဲသံုးခဲ့ေပမယ့္ 2018 13-inch ေတြမွာေတာ့ 2.7GHz quad-core သံုးထားတဲ့အျပင္ Touch Bar လည္းပါတဲ့ MacBook Pro ျဖစ္သြားပါျပီ။
  • ၂၀၁၇ ၁၅လက္မေမာ္ဒယ္လ္တုန္းက LPDDR3 RAM 16GB ပဲရိွခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ DDR4 RAM 32 GB ေတာင္ ေထာက္ပံ့ေပးထားပါတယ္။ ဘက္ထရီသက္တမ္းကလည္း ၁၀% ေလာက္ပိုအားခံလာပါတယ္။ အားတစ္ခါအျပည့္သြင္းထားရင္ ၁၀နာရီေလာက္ အသံုးခံပါတယ္။
  • AMD ရဲ႕ Radeon Pro ဂရပ္ဖစ္ကဒ္ေတြက 15-inch ေမာ္ဒယ္ေတြမွာေတာ့ 4GB GDDR5 memory standard နဲ႔လာျပီး 13-inch ေမာ္ဒယ္လ္ေတြမွာေတာ့ eDRAM 128MB ရိွလာျပီး Graphic ကေတာ့မေျပာင္းလဲပါဘူး။
  • 2017 ေမာ္ဒယ္လ္ေတြတုန္းက Apple T1 chip ေတြသံုးခဲ့ျပီး၂၀၁၈ MacBook Pro ေတြမွာေတာ့ Apple T2 chip ေတြသံုးထားတဲ့အတြက္ “Hey  Siri” ဆိုတဲ့ Feature ကိုသံုးလို႔ရႏုိင္ပါျပီ။
  • 13-inch ေမာ္ဒယ္လ္ေတြမွာ SSD storage ပမာဏကိုအရင္က 1TB ဒီႏွစ္မွာေတာ့ 2TB ျဖစ္တဲ့အတြက္ ၂ဆျဖစ္သြားျပီး 15-inch ေမာ္ဒယ္လ္ေတြကေတာ့ မႏွစ္က 2TB ကေန ဒီႏွစ္ 4TB ထိရလာပါျပီ။
  • 2018 MacBook Pro ေတြမွာေတာ့ အခု True Tone Display ေတြကိုသံုးလိုက္တဲ့အျပင္ ၁၅လက္မေရာ ၁၃လက္မေမာ္ဒယ္လ္ပါ Touch Bar နဲ႔ျဖစ္သြားပါျပီ။ ေနာက္ဆံုးထြက္ iPhone, iPad display ေတြလိုပဲ ကိုယ့္ပတ္ဝန္းက်င္မွာရိွတဲ့အလင္းေရာင္ကိုလုိက္ျပီး Display အလင္းကိုခ်ိန္ညိွေပးႏုိင္တဲ့အတြက္ မ်က္စိကုိမထိခိုက္ေစေတာ့ပါဘူး။
  • ၂၀၁၈ MacBook Pro ေတြမွာေတာ့ ပိုေကာင္းျပီး အသံပိုတိုးသြားတဲ့ 3rd-Generation Keyboard ေတြကိုသံုးထားပါတယ္။ ဒါေပမယ့္ Butterfly ခလုတ္ေတြကိုပဲဆက္သံုးထားတာျဖစ္လုိ႔ အရင္လို ကီးကပ္တာေတြ မလုပ္မလုပ္တာေတြ စတဲ့ျပႆနာေတြဆက္ျဖစ္ဦးမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။
  • မႏွစ္က Bluetooth 4.2 ကိုပဲေထာက္ပံ့ေပးခဲ့ေပမယ့္ 2018 MacBook Pro ေတြမွာေတာ့ Bluetooth 5.0 ကိုေထာက္ပ့ံေပးထားပါတယ္။ Wi-Fi ကေတာ့ 802.11ac ျဖစ္လို႔ မေျပာင္းလဲေသးပါဘူး။
  • ၂၀၁၈ ေမာ္ဒယ္လ္ေတြက ဒီဇုိင္းေရာ I/O ေရာ မႏွစ္က ေမာ္ဒယ္လ္ေတြနဲ႔ တူတူပါပဲ။ Thunderbolt ၃ေပါက္၊ 3.5mm နားၾကပ္ေပါက္၊ Space Gray or Silver အေရာင္ေတြအျပင္ ၁၃လက္မေမာ္ဒယ္လ္ကလည္း ၃ေပါင္၊ ၁၅လက္မေမာ္ဒယ္လ္ကလည္း ၄ေပါင္အတုိင္းပဲ ဆက္ရိွေနပါေသးတယ္။
  • Resolution ကလည္း မႏွစ္ကအတုိင္းမေျပာင္းလဲပါဘူး 13-inch ေတြက 2560 x 1600 နဲ႔ 15 -inch ေတြက 2880 x 1800 ပါပဲ။
  • ၁၃လက္မေမာ္ဒယ္လ္ေတြကေတာ့ $1,799 ျဖစ္ျပီး ၁၅လက္မေမာ္ဒယ္လ္ေတြကေတာ့ $2,399 ရိွပါတယ္။ storage မ်ားရင္ေတာ့ ေစ်းပိုမ်ားသြားမွာပါ။
  • Touch Bar မပါတဲ့ 13-inch MacBook Pro ေမာ္ဒယ္လ္ေတြကေတာ့ ဘာမွေျပာင္းလဲျခင္းမရိွေသးပါဘူး။


[Unicode]

ဇူလိုင်လ ၁၂ရက်နေ့ကပဲ Apple ကနေ Touch Bar ပါတဲ့ 13-inch နဲ့ 15-inch MacBook Pro တွေကိုမိတ်ဆက်လိုက်ပါတယ်။ အခုဆို အွန်လိုင်းစတိုးတွေကနေ မှာယူလို့ရနေပါပြီ။

အခုထွက်လာတဲ့ 2018 MacBook Pro တွေက မနှစ်က 2017 MacBook Pro တွေနဲ့ ဘာကွာလဲ ဘာတွေကောင်းလာလဲဆိုတာ ကြည့်ရအောင်..

  • 2018 MacBook Pro တွေမှာ 8th-Generation Intel Core Processor တွေသုံးထားပါတယ်။ ဒါကြောင့် 15-inch မော်ဒယ်တွေက မနှစ်ကထက် ၇၀% လောက်ပိုမြန်လာပြီး 13-inch မော်ဒယ်လ်တွေကတော့ မနှစ်က 7th-Generation Intel Core Processor တွေထက် ၂ဆတောင်ပိုမြန်လာတာကိုတွေ့ရပါတယ်။ (Benchmark score တွေအရပေါ့)
  • မနှစ်က 15-inch မော်ဒယ်လ်မှာတော့ clock-speed 3.1 GHz ရှိတဲ့ quad-core Core i7 ကိုသုံးခဲ့ပြီး ဒီနှစ်မှာတော့ 2.9 GHz ရှိတဲ့ six-core Processor ကိုသုံးထားပါတယ်။ ၂၀၁၇ 13-inch မော်ဒယ်တွေတုန်က 3.5 GHz dual-core ပဲသုံးခဲ့ပေမယ့် 2018 13-inch တွေမှာတော့ 2.7GHz quad-core သုံးထားတဲ့အပြင် Touch Bar လည်းပါတဲ့ MacBook Pro ဖြစ်သွားပါပြီ။
  • ၂၀၁၇ ၁၅လက်မမော်ဒယ်လ်တုန်းက LPDDR3 RAM 16GB ပဲရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ DDR4 RAM 32 GB တောင် ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီသက်တမ်းကလည်း ၁၀% လောက်ပိုအားခံလာပါတယ်။ အားတစ်ခါအပြည့်သွင်းထားရင် ၁၀နာရီလောက် အသုံးခံပါတယ်။
  • AMD ရဲ့ Radeon Pro ဂရပ်ဖစ်ကဒ်တွေက 15-inch မော်ဒယ်တွေမှာတော့ 4GB GDDR5 memory standard နဲ့လာပြီး 13-inch မော်ဒယ်လ်တွေမှာတော့ eDRAM 128MB ရှိလာပြီး Graphic ကတော့မပြောင်းလဲပါဘူး။
  • 2017 မော်ဒယ်လ်တွေတုန်းက Apple T1 chip တွေသုံးခဲ့ပြီး၂၀၁၈ MacBook Pro တွေမှာတော့ Apple T2 chip တွေသုံးထားတဲ့အတွက် “Hey  Siri” ဆိုတဲ့ Feature ကိုသုံးလို့ရနိုင်ပါပြီ။
  • 13-inch မော်ဒယ်လ်တွေမှာ SSD storage ပမာဏကိုအရင်က 1TB ဒီနှစ်မှာတော့ 2TB ဖြစ်တဲ့အတွက် ၂ဆဖြစ်သွားပြီး 15-inch မော်ဒယ်လ်တွေကတော့ မနှစ်က 2TB ကနေ ဒီနှစ် 4TB ထိရလာပါပြီ။
  • 2018 MacBook Pro တွေမှာတော့ အခု True Tone Display တွေကိုသုံးလိုက်တဲ့အပြင် ၁၅လက်မရော ၁၃လက်မမော်ဒယ်လ်ပါ Touch Bar နဲ့ဖြစ်သွားပါပြီ။ နောက်ဆုံးထွက် iPhone, iPad display တွေလိုပဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့အလင်းရောင်ကိုလိုက်ပြီး Display အလင်းကိုချိန်ညှိပေးနိုင်တဲ့အတွက် မျက်စိကိုမထိခိုက်စေတော့ပါဘူး။
  • ၂၀၁၈ MacBook Pro တွေမှာတော့ ပိုကောင်းပြီး အသံပိုတိုးသွားတဲ့ 3rd-Generation Keyboard တွေကိုသုံးထားပါတယ်။ ဒါပေမယ့် Butterfly ခလုတ်တွေကိုပဲဆက်သုံးထားတာဖြစ်လို့ အရင်လို ကီးကပ်တာတွေ မလုပ်မလုပ်တာတွေ စတဲ့ပြဿနာတွေဆက်ဖြစ်ဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
  • မနှစ်က Bluetooth 4.2 ကိုပဲထောက်ပံ့ပေးခဲ့ပေမယ့် 2018 MacBook Pro တွေမှာတော့ Bluetooth 5.0 ကိုထောက်ပံ့ပေးထားပါတယ်။ Wi-Fi ကတော့ 802.11ac ဖြစ်လို့ မပြောင်းလဲသေးပါဘူး။
  • ၂၀၁၈ မော်ဒယ်လ်တွေက ဒီဇိုင်းရော I/O ရော မနှစ်က မော်ဒယ်လ်တွေနဲ့ တူတူပါပဲ။ Thunderbolt ၃ပေါက်၊ 3.5mm နားကြပ်ပေါက်၊ Space Gray or Silver အရောင်တွေအပြင် ၁၃လက်မမော်ဒယ်လ်ကလည်း ၃ပေါင်၊ ၁၅လက်မမော်ဒယ်လ်ကလည်း ၄ပေါင်အတိုင်းပဲ ဆက်ရှိနေပါသေးတယ်။
  • Resolution ကလည်း မနှစ်ကအတိုင်းမပြောင်းလဲပါဘူး 13-inch တွေက 2560 x 1600 နဲ့ 15 -inch တွေက 2880 x 1800 ပါပဲ။
  • ၁၃လက်မမော်ဒယ်လ်တွေကတော့ $1,799 ဖြစ်ပြီး ၁၅လက်မမော်ဒယ်လ်တွေကတော့ $2,399 ရှိပါတယ်။ storage များရင်တော့ ဈေးပိုများသွားမှာပါ။
  • Touch Bar မပါတဲ့ 13-inch MacBook Pro မော်ဒယ်လ်တွေကတော့ ဘာမှပြောင်းလဲခြင်းမရှိသေးပါဘူး။

You may be interested

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန္ဖိုးနည္း စမတ္ဖုန္း ေစ်းကြက္မွာ မ်က္ႏွာပန္းလွေနတဲ့ Realme က ယခုလ အေစာပိုင္းမွာ အလံုးေရ ၄ သန္း ေရာင္းခ်ထားၿပီးၿပီလို႔ ေၾကညာခဲ့ပါတယ္။ အခုလည္း Realme 2 အလံုးေရ ၂ သန္း ေရာင္းခ်ႏုိင္ၿပီလို႔ တြစ္တာကေန ေၾကညာလိုက္ပါတယ္။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်

Ko Thuya - Jan 16, 2019

Vivo က အိႏၵိယမွာ တန္ဖိုးနည္း Y91 ကို ေရာင္းခ်ေပးလိုက္ပါတယ္။ ရူပီး ၁၀ ၉၉၉ သတ္မွတ္ထားၿပီး ၁၅၅ ေဒၚလာေလာက္ က်သင့္ႏိုင္ပါတယ္။ Amazon India, Paytm Mall , Vivo India တို႔ အပါအ၀င္…

iPhone ေမာ္ဒယ္သစ္ေတြအတြက္ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple ဖြင့္ဟ
Apple, Mobiles & Tablets, NEWS
916 shares187 views

iPhone ေမာ္ဒယ္သစ္ေတြအတြက္ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple ဖြင့္ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ႔ iPhone Xr တို႔မွာ Qualcomm modem ေတြ သုံးခ်င္ခဲ့ေပမယ့္၊ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple က ေျပာၾကားခဲ့ပါတယ္။ Qualcomm ရဲ႕…

Leave a Comment

Most from this category