စမတ္ Function ေတြနဲ႔အတူ ေစ်းသက္သာလြန္းတဲ့ Xiaomi Mijia Quartz Watch

[Zawgyi]

Xiaomi ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ Mijia brand ကေတာ့ အဖြဲ႔ဝင္အသစ္ေလးတုိးလာခဲ့ျပန္ပါျပီ။ သူကိုေတာ့ Mijia Quartz Watch လို႔ေခၚျပီး ပံုမွန္နာရီဒီဇုိင္းပံုကိုမွ စမတ္ Function တစ္ခ်ိဳ႕ေပါင္းစပ္လိုက္တဲ့ hybrid နာရီေလးတစ္လံုးပါ။

Image result for Xiaomi Mijia Quartz Watch debuts with affordable price tag

ပံုမွန္သံုးေနက်နာရီေတြကိုမွ Smart Feature ေလးေတြ နည္းနည္းေလးပိုလာတာမ်ိဳးကို ရွာေနတဲ့သူေတြအတြက္ေတာ့ အကိုက္ညီဆံုးျဖစ္ပါလိမ့္မယ္။ နာရီအုိးအခ်င္းကလည္း 40mm ပဲရိွျပီး ပံုမွန္လက္ပတ္နာရီေတြလို လတ္ပတ္ၾကိဳး၂ဖက္ပါပါတယ္။ ဒီဇုိင္းကေတာ့ ေတာ္ေတာ္ေလးကိုရိုးရိုးရွင္းရွင္းနဲ႔မိုက္ေနတာပါပဲ။

သြားခဲ့သမွ်ေျခလွမ္းေတြကိုမွတ္ႏုိင္ဖို႔ Pedometer ပါတဲ့အတြက္ တစ္ေန႔ေျခဘယ္ႏွစ္လမ္းေလွ်ာက္ခဲ့တယ္ဆိုတာကုိ ျပေပးႏိုင္ပါတယ္။ စံေတာ္ခ်ိန္ေတြအလိုက္ အခ်ိန္ကိုအလိုအေလ်ာက္ညိွေပးႏုိင္ျပီး Call notification ေတြ Alarm ေတြလည္း လုပ္ေဆာင္ႏုိင္ပါေသးတယ္။ သူကေတာ့ Display ကေနတိုက္ရိုက္ Set up လုပ္လို႔မရတဲ့အတြက္ စမတ္ဖုန္း App တစ္ခုနဲ႔ခ်ိတ္ဆက္ျပီးမွ Alarm ေတြဘာေတြေပးႏုိင္မွာပါ။

နာရီကိုယ္ထည္ကေတာ့ ေရေအာက္ ၃၀ မီတာထိေရစိုခံျပီး Bluetooth 4.0 ကိုေထာက္ပံ့ေပးႏုိင္ဖို႔ CR2430 ဘက္ထရီကိုသံုးထားပါတယ္။ အေရာင္ကေတာ့ အျဖဴ၊ မီးခိုးနဲ႔ အနက္ေရာင္ဆိုျပီး သံုးေရာင္လာျပီး CD လို Pattern ေတြပါတဲ့အတြက္ ေနေရာင္နဲ႔ေတြ႔ရင္ Pattern အတုိင္းပဲအေရာင္ေလးေတြေျပာင္းေနပါလိမ့္မယ္။

ေစ်းႏႈန္းကလည္း တရုတ္ယြမ္ ၃၄၉ (၅၂ေဒၚလာ)ပဲရိွတဲ့အတြက္ ဒီလို ၂မ်ိဳးသံုးစမတ္နာရီေတြထဲမွာေတာ့ ေတာ္ေတာ္ေလးတန္တယ္လို႔ေတာ့ ေျပာလို႔ရပါတယ္။ ဇူလိုင္လ ၁၇ ရက္ေန႔မွာ စတင္ေရာင္းခ်ေတာ့မွာျဖစ္ပါတယ္။

Source: GsmArena

[Unicode]

Xiaomi ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Mijia brand ကတော့ အဖွဲ့ဝင်အသစ်လေးတိုးလာခဲ့ပြန်ပါပြီ။ သူကိုတော့ Mijia Quartz Watch လို့ခေါ်ပြီး ပုံမှန်နာရီဒီဇိုင်းပုံကိုမှ စမတ် Function တစ်ချို့ပေါင်းစပ်လိုက်တဲ့ hybrid နာရီလေးတစ်လုံးပါ။

Image result for Xiaomi Mijia Quartz Watch debuts with affordable price tag

ပုံမှန်သုံးနေကျနာရီတွေကိုမှ Smart Feature လေးတွေ နည်းနည်းလေးပိုလာတာမျိုးကို ရှာနေတဲ့သူတွေအတွက်တော့ အကိုက်ညီဆုံးဖြစ်ပါလိမ့်မယ်။ နာရီအိုးအချင်းကလည်း 40mm ပဲရှိပြီး ပုံမှန်လက်ပတ်နာရီတွေလို လတ်ပတ်ကြိုး၂ဖက်ပါပါတယ်။ ဒီဇိုင်းကတော့ တော်တော်လေးကိုရိုးရိုးရှင်းရှင်းနဲ့မိုက်နေတာပါပဲ။

သွားခဲ့သမျှခြေလှမ်းတွေကိုမှတ်နိုင်ဖို့ Pedometer ပါတဲ့အတွက် တစ်နေ့ခြေဘယ်နှစ်လမ်းလျှောက်ခဲ့တယ်ဆိုတာကို ပြပေးနိုင်ပါတယ်။ စံတော်ချိန်တွေအလိုက် အချိန်ကိုအလိုအလျောက်ညှိပေးနိုင်ပြီး Call notification တွေ Alarm တွေလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ သူကတော့ Display ကနေတိုက်ရိုက် Set up လုပ်လို့မရတဲ့အတွက် စမတ်ဖုန်း App တစ်ခုနဲ့ချိတ်ဆက်ပြီးမှ Alarm တွေဘာတွေပေးနိုင်မှာပါ။

နာရီကိုယ်ထည်ကတော့ ရေအောက် ၃၀ မီတာထိရေစိုခံပြီး Bluetooth 4.0 ကိုထောက်ပံ့ပေးနိုင်ဖို့ CR2430 ဘက်ထရီကိုသုံးထားပါတယ်။ အရောင်ကတော့ အဖြူ၊ မီးခိုးနဲ့ အနက်ရောင်ဆိုပြီး သုံးရောင်လာပြီး CD လို Pattern တွေပါတဲ့အတွက် နေရောင်နဲ့တွေ့ရင် Pattern အတိုင်းပဲအရောင်လေးတွေပြောင်းနေပါလိမ့်မယ်။

ဈေးနှုန်းကလည်း တရုတ်ယွမ် ၃၄၉ (၅၂ဒေါ်လာ)ပဲရှိတဲ့အတွက် ဒီလို ၂မျိုးသုံးစမတ်နာရီတွေထဲမှာတော့ တော်တော်လေးတန်တယ်လို့တော့ ပြောလို့ရပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မှာ စတင်ရောင်းချတော့မှာဖြစ်ပါတယ်။

Source: GsmArena

%d bloggers like this: