224 Shares 93 Views

၂၀၁၈ မှာအကြိုက်မိဆုံးဇာတ်ကားတစ်ကားဖြစ်တဲ့ Rampage (2018)

Jul 13, 2018
224 93

[Zawgyi]








[Unicode]

ဒီတစ်ပတ် TGIF အတွက်ကတော့ တော်တော်များများလည်း ကြည့်ပြီးလောက်ကြပြီဖြစ်တဲ့ ရုပ်ရှင်ကားတစ်ကားအကြောင်းပါ။ နာမည်လေးကတော့ Rampage ပါတဲ့။

Image result for rampage

ဒီကားလေးကတော့ ၂၀၁၈ ထွက် သိပ္ပံ+Monster ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး Midway Games ရဲ့ဗီဒီယိုဂိမ်းစီးရီး Rampage ကိုပဲအခြေခံပြီး ဒါရိုက်တာ Brad Peyton ကရိုက်ကူးထားတာပါ။

Image result for rampage

ဇာတ်ကားရဲ့အကျဉ်းချုပ်ကတော့ အာကာသမှာစမ်းသပ်ထားတဲ့ စမ်းသပ်ခန်းပျက်စီးသွားတာကနေ မျိုးစိတ်တွေပါတဲ့ Pathogen container တွေက အမေရိကန်နိုင်ငံထဲကိုကျခဲ့တာက စပါတယ်။ Dwayne Johnson (The Rock ကြီး) က George လို့ခေါ်တဲ့ လူဝံလေးကို ကယ်ပြီး စောင့်ရှောက်ထားပြီးတော့ လက်ဟန်ခြေဟန်အချက်ပြဘာသာစကားနဲ့ဆက်သွယ်ရင်း ရင်းနှီးလာခဲ့ကြပါတယ်။ George လိုပဲ တောထဲမှာ ဝံပုလွေ၊ မြစ်ထဲမှာမိကျောင်းမျိုးစိတ်တစ်ခုစီလည်း ကျသွားခဲ့တာပါ။

Image result for rampage

တစ်ည မျိုးစိတ်ပြောင်းစေတဲ့ sample တွေ သူတို့အသီးသီးဆီရောက်လာချိန်မှာတော့ ၃ကောင်လုံး နေ့ချင်းညချင်းအကြီးစားကြီးတွေဖြစ်လာခဲ့ပါတယ်။ Davis က George အတွက်ဖြေဆေးရဖို့လုပ်နေချိန်မှာပဲ မြို့ထဲမှာ သောင်းကျန်းနေကြတဲ့အကောင်ကြီးတွေ George နဲ့ဘယ်လိုတိုက်ခိုက်တယ်ဆိုတာတွေ၊ နောက်ပိုင်း George ဘာဆက်ဖြစ်မယ်ဆိုတာတွေ ဒါတွေကို ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ ပိတ်ရက်မှာ ဇာတ်ကားလေးကြည့်ပြီးငြိမ့်ချင်တဲ့သူတွေလည်းရှိသလို မကြည့်ရသေးတဲ့သူတွေများရှိရင် ဒေါင်းပြီးကြည့်လို့ရပါတယ်လို့…အောက်မှာ Trailer လေးပြပေးလိုက်ပါတယ်

You may be interested

အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ
NEWS, Softwares & Application
0 shares0 views

အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ

Nigma - Mar 19, 2019

Xioami ဟာ Redmi Go အပြင် Mi Pay ငွေပေးချေဝန်ဆောင်မှုကိုလည်း အိန္ဒိယမှာ ယနေ့ မိတ်ဆက်ခဲ့ပါတယ်။ Xiaomi ဟာ Mi Play ကို တရုတ်ပြည်တွင်းမှာ ၂၀၁၆ ခုနှစ်က စတင် ထုတ်ပေးခဲ့တာ ဖြစ်ပြီး၊ အိန္ဒိယမှာ…

Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views

Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20

Nigma - Mar 19, 2019

Samsung က လွန်ခဲ့တဲ့လမှာ Galaxy A10, A30 နဲ့ A50 ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ယနေ့မှာတော့ A စီးရီးအသစ်ဖြစ်တဲ့ Galaxy A20 ကို ထပ်မံ မိတ်ဆက်လိုက်ပြန်ပါတယ်။ Samsung Galaxy A20 မှာ Galaxy…

Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ
Android, Huawei, HUBS
105 shares15 views

Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ

Ko Thuya - Mar 19, 2019

Honor က အိန္ဒိယမှာ Honor 10 Lite ရဲ့ မော်ဒယ်အသစ်ကို ကြေညာလိုက်ပါတယ်။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ မူလမော်ဒယ်မှာ 4GB RAM , 64GB…

Leave a Comment

Most from this category