0 Shares 187 Views

Facebook မှာ နောက်ဆုံးတင်ထားတဲ့ ပို့စ်တွေကိုပဲ မြင်ရအောင် ဘယ်လိုလုပ်မလဲ

Apr 11, 2016
0 187

အရင်တုန်းက Facebook အက်ပလီကေးရှင်းမှာ ပို့စ်ဖော်ပြတဲ့ပုံစံက နောက်ဆုံးတင်ထားတဲ့ပို့စ်ကနေ နည်းနည်းကြာသွားတဲ့ပို့စ်တွေဆီ ပြန်သွားတဲ့ “Most Recent” အချိန်အစီအစဉ်နဲ့ ပုံစံမျိုးဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးထွက်လာတဲ့ Facebook အက်ပလီကေးရှင်းတွေမှာတော့ ပို့စ်ဖော်ပြတဲ့ပုံစံက ပေါ်ပြူလာအဖြစ်ဆုံးပို့စ်ကို အရင်ဆုံးဖော်ပြတဲ့ “Most Popular” ပုံစံ ဖြစ်သွားပါတယ်။

ဒါပေမယ့် Facebook အနေနဲ့ “Most Recent” ပို့စ်ဖော်ပြတဲ့ပုံစံကို လုံးဝသတ်ပစ်လိုက်တာတော့ မဟုတ်ပါဘူး။ ရှာရနည်းနည်းခက်သွားတာပဲရှိပါတယ်။

အကယ်၍ ကိုယ့် News Feed မှာ အလတ်ဆတ်ဆုံးသတင်းတွေ၊ ပို့စ်တွေကိုပဲ မြင်ချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းလေးအတိုင်း လုပ်လိုက်ပါ။

  • Facebook app ထဲ ၀င်ပါ။
  • iOS သမားတွေအနေနဲ့ အောက်ညာဘက်ထောင့်က ‘More’ ဆိုတာကို နှိပ်ပြီး၊ Android သမားတွေအနေနဲ့ ညာဘက်အပေါ်ထောင့်က မျဉ်းသုံးကြောင်း (ဟမ်ဘာဂါမီနူး) ကိုနှိပ်ပါ။
  • အောက်ကို နည်းနည်းဆွဲချလိုက်ရင် “Most Recent” ဆိုတဲ့ ခလုတ်လေးရှိပါတယ်။ နှိပ်လိုက်ပါ။ ဟုတ်ကဲ့ ဒါပါပဲ။

Facebook_Recent_Feeds_635

အခုဆိုရင် သင့် Facebook News Feed မှာ နောက်ဆုံးရသတင်းတွေ၊ ပို့စ်တွေကိုပဲ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ တစ်ခု သတိပြုရမှာက၊ ဒါက အမြဲပြောင်းလဲလိုက်တာမဟုတ်ပါဘူး။ တကယ်လို့ Facebook app ကို ပိတ်ပြီး၊ နောက်တစ်ကြိမ်ပြန်ဝင်မယ်ဆိုရင် ဒီအဆင့်အတိုင်း ပြန်လုပ်ပေးနေရမှာဖြစ်ပါတယ်။

Ref: Gadgets 360

 

 

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Leave a Comment

Most from this category