439 Shares 144 Views
Jul 13, 2018
439 144
Ref : tnw
unicode
Apple က MacBook Pro Model အသစ်များကို ကြေညာ
Apple က တန်ဖိုးြ့ကီး MacBook Pro အသစ်များကို ကြေညာလိုက်ပါတယ်။ ၁၃ နဲ့ ၁၅ လက်မ လက်ပ်တော့များ ဖြစ်ပြီး Touch Bars ပါရှိပါတယ်။ Specs များ တိုးတက်လာပေမယ့် ထူးခြားဆန်းသစ်တဲ့ နည်းပညာများတော့ မပါပါဘူး။
၁၅ လက်မ မော်ဒယ်မှာ 6 Core 8th Gen Intel Core Processors များထည့်သွင်းထားပါတယ်။ ၁၃ လက်မ မော်ဒယ်မှာ Quad-Core Processor ပါပါတယ်။ သူတို့မှာ 32GB RAM , 4TB SSD များ ထည့်သွင်းထားပါတယ်။
၁၃ လက်မမော်ဒယ်ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ၁၇၉၉ ဒေါ်လာနဲ့ ၁၅ လက်မရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၂၃၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။ ၁၅ လက်မမော်ဒယ်ရဲ့ တန်ဖိုးအမြင့်ဆုံးဟာ ၆၆၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။
မော်ဒယ် အသစ်များမှာ စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ ဥပမာအားဖြင့် အသုံးပြုသူရဲ့ Viewing Experience ကို တိုးတက်စေတဲ့ True Tone လုပ်ဆောင်ချက်ပါလာပါတယ်။ Apple က Update အနေနဲ့ MacBook Pro မှာ Hey Siri ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီအတွက် အသံအမိန့်နဲ့ Siri ကို ဆင့်ခေါ်နိုင်ပါတယ်။ Keyboard Shortcut ကို သုံးစရာ မလိုတော့ပါဘူး။
Apple က MacBook Pro များမှာ ဖြစ်ပွားနေတဲ့ ကီးဘုတ် ပြဿနာကိုလည်း ဖြေရှင်းပေးထားပါတယ်။ ဖုန်နဲ့ အညစ်အကြေးများ မပေအောင် ကီးဘုတ်ကို ဒီဇိုင်းထုတ်ထားပါတယ်။
Ref : tnw
You may be interested
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
Ko Thuya - Jan 16, 2019
ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Ko Thuya - Jan 16, 2019
တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Ko Thuya - Jan 16, 2019
Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…
Leave a Comment
Most from this category