570 Shares 459 Views


Jul 13, 2018
570 459





Ref : gsmarena

unicode

Huawei ရဲ့ နောက်ဆုံးထုတ် လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာ အမြန်ဆုံး ဖြစ်လာမည်

ခေတ်ပေါ် စမတ်ဖုန်းများမှာ ထည့်သွင်းထားတဲ့ ဘက်ထရီများဟာ အဆုံးစွန်ဆုံး အရွယ်အစား အထိရောက်နေပါပြီ။ ဒီထက်ကြီးမားတဲ့ ဘက်ထရီများကို ထည့်သွင်းပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲဒီအတွက် စမတ်ဖုန်း ထုတ်လုပ်သူများဟာ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာများကို ငွေကြေး ကုန်ကျခံပြီး ဖန်တီးနေကြပါတယ်။

Oppo မကြာခင်က ကြေညာခဲ့တဲ့ Find X Lamborgini Edition မှာ ထည့်သွင်းပေးထားတဲ့ Super VOOC Charging Standard ဟာ လက်ရှိမှာတော့ အလျှင်မြန်ဆုံး အားသွင်း စနစ် ဖြစ်ပါတယ်။ ဒီနည်းပညာက ၃၅ မိနစ်အတွင်းမှာ 3750mAh Battery ကို အားအပြည့်ဖြည့်ပေးနိုင်ပါတယ်။

ဒါပေမယ့် Oppo ရဲ့ နည်းပညာကို ဟွာဝေးရဲ့ နည်းပညာက အနိုင်ယူတော့မှာ ဖြစ်ပါတယ်။ ဟွာဝေးရဲ့ Power Adapter လို့ အမည်ပေးထားတဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာကို Astec Electronics က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူဟာ Chinese 3C Certification ကိုလည်း ရရှိထားပြီး ဖြစ်ပါတယ်။

သူဟာ Modes များစွာဖြင့် အလုပ်လုပ်နိုင်ပါတယ်။ သူဟာ 4A မှာ 10V ကို ထောက်ပံ့ပါတယ်။ အများဆုံးအနေဖြင့် 40W ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီနည်းပညာဟာ 22.5W အထိ ထုတ်လုပ်ပေးနိုင်တဲ့ Huawei P20 Series များထက် ၂ ဆ ပိုမို လျှင်မြန်ပါတယ်။ နောက်ထုတ်မယ့် Huawei Mate 20 မှာ ဒီနည်းပညာ ပါလာမယ်လို့ ထင်ပါတယ်။

Ref : gsmarena

You may be interested

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
118 shares30 views

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ

Ko Thuya - Nov 12, 2018

ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
206 shares26 views

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်

Ko Thuya - Nov 12, 2018

ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ

Ko Thuya - Nov 12, 2018

Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…

Leave a Comment

Most from this category