0 Shares 595 Views


Jul 13, 2018
0 595




Ref: gsmarena

unicode

Xiaomi Mi A2 ကို ဇူလိုင်လ ၂၄ ရက်နေ့မှာ မိတ်ဆက်မည်

နောက်ဆုံးထွက်ပေါ်လာတဲ သတင်းများအရ Xiaomi က Mi A2 ကို ဇူလိုင်လ ၂၄ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ Specs အပိုင်းမှာ Mi 6X နဲ့ Mi A2 ရဲ့ တစ်ခုထဲသော ကွာခြားချက်မှာ OS ဖြစ်ပါတယ်။ Mi A2 မှာ MIUI မပါဘဲ Stock Android ထည့်သွင်းထားပါတယ်။ Mi A2 မှာ ၅.၉၉ လက်မ Full HD+ Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 660 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 12+20MP Dual Camera များ ပါပါတယ်။ အရှေ့ဘက်မှာ 20MP Selfie Camera ထည့်သွင်းထားပါတယ်။ ဘက်ထရီကတော့ 3010mAh ဖြစ်ပါတယ်။

microSD Card Slot တော့ မပါပါဘူး။ စွမ်းရည် အမြင့်ဆုံး မော်ဒယ်မှာ 6GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 4GB RAM Model ကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ရွှေ၊ အပြာနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ Internal Storage အပိုင်းမှာ ၄ မျိုးတောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

မနှစ်က Mi 5X တုန်းက Android One စမတ်ဖုန်းအနေနဲ့ထွက်ခဲ့သလို ဒီနှစ် Mi 6X လည်းတူတူပဲဖြစ်ပါလိမ့်မယ်။ ဈေးသက်သာအောင်ဖန်တီးထားရတဲ့အတွက် ဈေးကွက်ထဲကတခြားစမတ်ဖုန်းတွေနဲ့ယှဉ်ရင် နည်းနည်းတော့ထူရင်ထူနေပါလိမ့်မယ်။ ရှေ့ဘက်ဖုန်းပုံဒီဇိုင်းတော့ထွက်လာပေမယ့် နောက်ဘက်ဒီဇိုင်းအတွက်တော့ ဘာပုံမှမထွက်သေးပါဘူး။ Mi 6X လိုပဲဆိုရင်တော့ အလူမီနီယမ်ကိုယ်ထည်ကိုမှ ကျောဘက်ကင်မရာကိုထောင့်မှာ ဒေါင်လိုက်တပ်ဆင်ထားပါလိ့မ်မယ်။ ဒီနှစ် ၂၀၁၈မော်ဒယ်လ်လည်း ကျောဘက် Fingerprint Scanner နဲ့လာဦးမယ့်ပုံပါပဲ။

Ref: gsmarena

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category