161 Shares 162 Views

သင့္ဖုန္းမွ ခလုတ္မ်ား မေတာ္တဆ ထိမိျခင္းကို ကာကြယ္ေပးမယ့္ Touch Lock –Touch Block

Jul 12, 2018
161 162

Touch Lock ဟာ သင့္ဖုန္းမွ ခလုတ္မ်ားနဲ႔ ထိေတြ႕မ်က္ႏွာျပင္ကို မေတာ္တဆထိမိျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။ အဲဒီအတြက္ သင္လက္ရွိ သံုးေနတဲ့ App ကေန ထြက္သြားျခင္း မရွိေတာ့ပါဘူး။ သူက Lock လုပ္ထားစဥ္မွာ စကရင္ကို ဖြင့္ေပးထားတဲ့အတြက္လည္း ရုပ္ရွင္၊ ဗီဒီယိုမ်ား ၾကည့္ရႈဖို႔ အသံုး၀င္ပါတယ္။ ဖုန္းေျပာေနစဥ္မွာလည္း ခလုတ္မ်ားထိမိျခင္းေၾကာင့္ ဆက္သြယ္မႈ ျပတ္ေတာက္သြားျခင္းမွ ကာကြယ္ေပးပါတယ္။ ကေလးငယ္မ်ား သင့္ဖုန္းကို အသံုးျပဳတဲ့အခါမွာလည္း ဂိမ္းကလြဲၿပီး အျခား အရာမ်ားကို အသံုးျပဳျခင္း မျဖစ္ေတာ့ပါဘူး။ ဟင္းခ်က္ေနစဥ္ ဖုန္းမွာ ဟင္းခ်က္နည္းကို ၾကည့္ရႈေနတဲ့ အခါမွာလည္း စကရင္ ပိတ္သြားမွာ မဟုတ္ပါဘူး။ စကရင္ကို ေရလိႈင္းပုတ္ျခင္းမွ ကာကြယ္ေပးတဲ့ အတြက္ ေရစိုခံဖုန္းမ်ားျဖင့္ ေရေအာက္ထဲမွာ ဗီဒီယုိမ်ားကို ေကာင္းစြာ ရိုက္ကူးႏုိင္ပါတယ္။ ေျမပံုၾကည့္ၿပီး ခရီးသြားသူမ်ားအတြက္လည္း သူက အသံုး၀င္ပါတယ္။ ဂိမ္းမ်ားကစားေနစဥ္မွာလည္း ခလုတ္မ်ား မွားႏွိပ္မိလို႔ အျပင္ထြက္သြားျခင္းကေန ကာကြယ္ေပးႏုိင္ပါတယ္။ သူ႔ကို Kidscrape pte ltd က ဖန္တီးေပးထားၿပီး ဖုိင္အရြယ္အစားက ေသးငယ္ပါတယ္။ Touch Lock ျပဳလုပ္ထားၿပီးေနာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာျဖင့္ Unlock လုပ္နိုင္သလို Floating Bubble ကို နွစ္ခ်က္ႏွိပ္၍ Unlock လုပ္နုိင္ပါတယ္။

သူ႔ကို ပထမဆံုး အႀကိမ္ဖြင့္ရင္ Privacy & Policy ကို သေဘာတူဖို႔ ေအာက္ေျခမွ Accept ကို ႏွိပ္ပါ။

ေနာက္အဆင့္မွာေတာ့ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသမွာပါ။ Notification Bar ကေန Touch Lock ကို ႏွိပ္ရင္ Lock လုပ္ေပးမွာပါ။

ေနာက္အဆင့္မွာေတာ့ Accessibility Settings မွာ သူ႔ကို ခြင့္ျပဳခ်က္ေပးရမွာပါ။ ေအာက္ေျခမွ Enable Now ကို နွိပ္ၿပီး ခြင့္ျပဳခ်က္ေပးပါ။ ေနာက္အဆင့္မွာလည္း Apps မ်ားကို Lock လုပ္ဖို႔ သူ႔ကို ခြင့္ျပဳခ်က္ေပးရမွာပါ။ ေအာက္ေျခမွ Enable Now ကို နွိပ္၍ လုပ္ေဆာင္ပါ။

ၿပီးရင္ေတာ့ Notification Bar ကို ဆြဲခ်ပါ။ Touch Lock အတြက္ ခလုတ္ႏွစ္ခု ရွိပါတယ္။ ဘယ္ဘက္မွ ခလုတ္ကို ႏွိပ္ပါ။

ဒါဆိုရင္ ခလုတ္မ်ားနဲ႔ စကရင္ကို Lock လုပ္ေပးမွာ ျဖစ္ပါတယ္။ App မ်ားကိုလည္း ဖြင့္လို႔ မရေတာ့သလို ထိေတြ႕မ်က္ႏွာျပင္ကိုလည္း အသံုးျပဳလို႔ မရေတာ့ပါဘူး။ Unlock လုပ္ဖို႔အတြက္ အေပၚထိပ္မွ Floating Bubble ကို ႏွစ္ခ်က္နွိပ္ပါ။ ဒါဆိုရင္ ခလုတ္မ်ားနဲ႔ ထိေတြ႕မ်က္ႏွာျပင္ကို Unlock လုပ္ေပးမွာျဖစ္ပါတယ္။

Notification Bar ရဲ႕ Touch Lock က႑မွ ညာဘက္ ခလုတ္ကို နွိပ္ပါ။ သင္ႏွစ္သက္တဲ့ App တစ္ခုကို ဖြင့္ပါ။ ဒါဆိုရင္ အဲဒီ App ကေန အျခားသို႔ ထြက္သြားမွာ မဟုတ္ေတာ့ပါဘူး။ ခလုတ္မ်ားကို နွိပ္ရင္လည္း အလုပ္မလုပ္ေတာ့ပါဘူး။ ဒီလုပ္ေဆာင္ခ်က္က ရုပ္ရွင္နဲ႔ ဗီဒီယိုမ်ား ၾကည့္ျခင္း၊ ဂိမ္းမ်ား ကစားျခင္း အတြက္ အသံုး၀င္ပါတယ္။ Unlock လုပ္ဖို႔အတြက္ Home Button ကို နွစ္ခ်က္ႏွိပ္ရမွာ ျဖစ္ပါတယ္။

Touch Lock App ကို ဖြင့္ၿပီး Settings ထဲသြားပါ။

အဲဒီမွာ Unlock Method မ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။ ႏွစ္ခ်က္မႏွိပ္ဘဲ လက္ေဗြရာအာရံုခံကိရိယာျဖင့္ Unlock လုပ္ျခင္းကို ေရြးခ်ယ္ႏုိင္ပါတယ္။ ဖုန္း၀င္လာရင္ အလိုအေလွ်ာက္ Unlock လုပ္ေပးဖို႔လည္း သတ္မွတ္ထားႏုိင္ပါတယ္။ Screen Off ျဖစ္သြားရင္ အလိုအေလွ်ာက္ Unlock လုပ္ေပးဖို႔လည္း သတ္မွတ္ႏုိင္ပါတယ္။


သူ႔ရဲ႕ ဖိုင္အရြယ္အစားမွာ 5MB ရွိၿပီး Android Version 4.0.3 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

Ref : appreview

unicode

သင့်ဖုန်းမှ ခလုတ်များ မတော်တဆ ထိမိခြင်းကို ကာကွယ်ပေးမယ့် Touch Lock –Touch Block

Touch Lock ဟာ သင့်ဖုန်းမှ ခလုတ်များနဲ့ ထိတွေ့မျက်နှာပြင်ကို မတော်တဆထိမိခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီအတွက် သင်လက်ရှိ သုံးနေတဲ့ App ကနေ ထွက်သွားခြင်း မရှိတော့ပါဘူး။ သူက Lock လုပ်ထားစဉ်မှာ စကရင်ကို ဖွင့်ပေးထားတဲ့အတွက်လည်း ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်ရှုဖို့ အသုံးဝင်ပါတယ်။ ဖုန်းပြောနေစဉ်မှာလည်း ခလုတ်များထိမိခြင်းကြောင့် ဆက်သွယ်မှု ပြတ်တောက်သွားခြင်းမှ ကာကွယ်ပေးပါတယ်။ ကလေးငယ်များ သင့်ဖုန်းကို အသုံးပြုတဲ့အခါမှာလည်း ဂိမ်းကလွဲပြီး အခြား အရာများကို အသုံးပြုခြင်း မဖြစ်တော့ပါဘူး။ ဟင်းချက်နေစဉ် ဖုန်းမှာ ဟင်းချက်နည်းကို ကြည့်ရှုနေတဲ့ အခါမှာလည်း စကရင် ပိတ်သွားမှာ မဟုတ်ပါဘူး။ စကရင်ကို ရေလှိုင်းပုတ်ခြင်းမှ ကာကွယ်ပေးတဲ့ အတွက် ရေစိုခံဖုန်းများဖြင့် ရေအောက်ထဲမှာ ဗီဒီယိုများကို ကောင်းစွာ ရိုက်ကူးနိုင်ပါတယ်။ မြေပုံကြည့်ပြီး ခရီးသွားသူများအတွက်လည်း သူက အသုံးဝင်ပါတယ်။ ဂိမ်းများကစားနေစဉ်မှာလည်း ခလုတ်များ မှားနှိပ်မိလို့ အပြင်ထွက်သွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ သူ့ကို Kidscrape pte ltd က ဖန်တီးပေးထားပြီး ဖိုင်အရွယ်အစားက သေးငယ်ပါတယ်။ Touch Lock ပြုလုပ်ထားပြီးနောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာဖြင့် Unlock လုပ်နိုင်သလို Floating Bubble ကို နှစ်ချက်နှိပ်၍ Unlock လုပ်နိုင်ပါတယ်။

သူ့ကို ပထမဆုံး အကြိမ်ဖွင့်ရင် Privacy & Policy ကို သဘောတူဖို့ အောက်ခြေမှ Accept ကို နှိပ်ပါ။

နောက်အဆင့်မှာတော့ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသမှာပါ။ Notification Bar ကနေ Touch Lock ကို နှိပ်ရင် Lock လုပ်ပေးမှာပါ။

နောက်အဆင့်မှာတော့ Accessibility Settings မှာ သူ့ကို ခွင့်ပြုချက်ပေးရမှာပါ။ အောက်ခြေမှ Enable Now ကို နှိပ်ပြီး ခွင့်ပြုချက်ပေးပါ။ နောက်အဆင့်မှာလည်း Apps များကို Lock လုပ်ဖို့ သူ့ကို ခွင့်ပြုချက်ပေးရမှာပါ။ အောက်ခြေမှ Enable Now ကို နှိပ်၍ လုပ်ဆောင်ပါ။

ပြီးရင်တော့ Notification Bar ကို ဆွဲချပါ။ Touch Lock အတွက် ခလုတ်နှစ်ခု ရှိပါတယ်။ ဘယ်ဘက်မှ ခလုတ်ကို နှိပ်ပါ။

ဒါဆိုရင် ခလုတ်များနဲ့ စကရင်ကို Lock လုပ်ပေးမှာ ဖြစ်ပါတယ်။ App များကိုလည်း ဖွင့်လို့ မရတော့သလို ထိတွေ့မျက်နှာပြင်ကိုလည်း အသုံးပြုလို့ မရတော့ပါဘူး။ Unlock လုပ်ဖို့အတွက် အပေါ်ထိပ်မှ Floating Bubble ကို နှစ်ချက်နှိပ်ပါ။ ဒါဆိုရင် ခလုတ်များနဲ့ ထိတွေ့မျက်နှာပြင်ကို Unlock လုပ်ပေးမှာဖြစ်ပါတယ်။

Notification Bar ရဲ့ Touch Lock ကဏ္ဍမှ ညာဘက် ခလုတ်ကို နှိပ်ပါ။ သင်နှစ်သက်တဲ့ App တစ်ခုကို ဖွင့်ပါ။ ဒါဆိုရင် အဲဒီ App ကနေ အခြားသို့ ထွက်သွားမှာ မဟုတ်တော့ပါဘူး။ ခလုတ်များကို နှိပ်ရင်လည်း အလုပ်မလုပ်တော့ပါဘူး။ ဒီလုပ်ဆောင်ချက်က ရုပ်ရှင်နဲ့ ဗီဒီယိုများ ကြည့်ခြင်း၊ ဂိမ်းများ ကစားခြင်း အတွက် အသုံးဝင်ပါတယ်။ Unlock လုပ်ဖို့အတွက် Home Button ကို နှစ်ချက်နှိပ်ရမှာ ဖြစ်ပါတယ်။

Touch Lock App ကို ဖွင့်ပြီး Settings ထဲသွားပါ။

အဲဒီမှာ Unlock Method များကို ရွေးချယ်နိုင်ပါတယ်။ နှစ်ချက်မနှိပ်ဘဲ လက်ဗွေရာအာရုံခံကိရိယာဖြင့် Unlock လုပ်ခြင်းကို ရွေးချယ်နိုင်ပါတယ်။ ဖုန်းဝင်လာရင် အလိုအလျှောက် Unlock လုပ်ပေးဖို့လည်း သတ်မှတ်ထားနိုင်ပါတယ်။ Screen Off ဖြစ်သွားရင် အလိုအလျှောက် Unlock လုပ်ပေးဖို့လည်း သတ်မှတ်နိုင်ပါတယ်။


သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 5MB ရှိပြီး Android Version 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

Ref : appreview

You may be interested

၂၀၂၀ ခုႏွစ္မွာ တည္ေဆာက္မယ့္ ကမာၻ႕ ပထမဆံုး ေရေပၚ ၿမိဳ႕ေတာ္
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုႏွစ္မွာ တည္ေဆာက္မယ့္ ကမာၻ႕ ပထမဆံုး ေရေပၚ ၿမိဳ႕ေတာ္

Ko Thuya - Jan 16, 2019

ကမာၻ႕ ပထမဆံုး ေရေပၚၿမိဳ႕ေတာ္ကို ပစိတ္ဖိတ္ သမုဒၵရာေပၚမွာ ၂၀၂၀ ခုနွစ္တြင္ တည္ေဆာက္မွာ ျဖစ္ပါတယ္။ ေရေပၚၿမိဳ႕ေတာ္မွာ ဟိုတယ္မ်ား၊ လူေနအိမ္မ်ား၊ စားေသာက္ဆိုင္မ်ား ပါရွိမွာ ျဖစ္ပါတယ္။ သူ႔ကို Seasteading Institute က တည္ေဆာက္မွာ ျဖစ္ပါတယ္။ စီမံကိန္းကို PayPal…

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန္ဖိုးနည္း စမတ္ဖုန္း ေစ်းကြက္မွာ မ်က္ႏွာပန္းလွေနတဲ့ Realme က ယခုလ အေစာပိုင္းမွာ အလံုးေရ ၄ သန္း ေရာင္းခ်ထားၿပီးၿပီလို႔ ေၾကညာခဲ့ပါတယ္။ အခုလည္း Realme 2 အလံုးေရ ၂ သန္း ေရာင္းခ်ႏုိင္ၿပီလို႔ တြစ္တာကေန ေၾကညာလိုက္ပါတယ္။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်

Ko Thuya - Jan 16, 2019

Vivo က အိႏၵိယမွာ တန္ဖိုးနည္း Y91 ကို ေရာင္းခ်ေပးလိုက္ပါတယ္။ ရူပီး ၁၀ ၉၉၉ သတ္မွတ္ထားၿပီး ၁၅၅ ေဒၚလာေလာက္ က်သင့္ႏိုင္ပါတယ္။ Amazon India, Paytm Mall , Vivo India တို႔ အပါအ၀င္…

Leave a Comment

Most from this category