0 Shares 206 Views

ဇူလိုင်လ ၁၉ရက်နေ့မှာ တရားဝင်မိတ်ဆက်လာတော့မယ့် Xiaomi Mi Max 3

Jul 12, 2018
0 206

[Zawgyi]







[Unicode]

Xiaomi ရဲ့ Screen ဆိုဒ်ကြီးကြီးနဲ့ ဖုန်းတစ်လုံးထွက်ဖို့အချိန်တော့ ရောက်လာပြီထင်ပါတယ်။ Xiaomi က သူ့ရဲ့ Mi Max 3 ဖုန်းတွေကို လာမယ့် ဇူလိုင်၁၉ မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ကြောင်း မနေ့ကပဲအတည်ပြုလိုက်ပါတယ်။ နောက်တစ်ပတ်မှ စမိတ်ဆက်မှာဆိုတော့ ရောင်းဖို့ကတော့ နည်းနည်းစောင့်ရပါဦးမယ်။

Xiaomi Mi Max 3 expected to be unveiled on July 19

တရုတ်နိုင်ငံမှာတော့ Memory နဲ့ သုံးတဲ့ Chipset ကိုလိုက်ပြီး ဗားရှင်းအမျိုးမျိုးထွက်ပါလိမ့်ဦးမယ်။ ပုံမှန်မော်ဒယ်လ်ကတော့ Clock-speed 1.8GHz octa-core Snapdragon 636 Processor ကိုသုံးထားပြီးတော့ Pro ဗားရှင်းကတော့ ပိုမြင့်တဲ့ Snapdragon 710 Processor ကိုသုံးထားမယ့်ပုံပါ။

Xiaomi Mi Max 3 Pro ကတော့ RAM 6GB, internal memory 128GB နဲ့ ပုံမှန်ဗားရှင်းကတော့ 3GB/32GB ၊ 4GB/64GB storage နဲ့ 6GB/128GB storage ဆိုပြီးထွက်လာနိုင်ပါတယ်။

မော်ဒယ် ၂ခုလုံးကတော့ ကျောဘက် Dual-camera နဲ့ Dual-SIM တွေချည်းပါပဲ။ နောက်ထပ် Xiaomi Mi Max 3 ရဲ့ အဓိက Highlight Feature တွေကတော့ ၇လက်မရှိတဲ့ Full HD+ resolution ၊ 5,500 mAh ဘက်ထရီ၊ ကျောဘက် Fingerprint Sensor နဲ့ 4G LTE ထောက်ပံ့ပေးနိုင်တာတွေပါ။

ဈေးနှုန်းဘယ်လောက်လောက်ဖြစ်နိုင်မလဲဆိုတော့ မခန့်မှန်းနိုင်သေးပေမယ့် အရောင်တွေကတော့ Gold, Rose နဲ့ Black ဆိုပြီးလာမယ်လို့တော့သိရပါတယ်။

You may be interested

League of Legends မိုဘိုင်းဂိမ်းကို Riot Games နဲ့ Tencents တို့ ပူးပေါင်းထုတ်လုပ်မည်
NEWS
0 shares0 views

League of Legends မိုဘိုင်းဂိမ်းကို Riot Games နဲ့ Tencents တို့ ပူးပေါင်းထုတ်လုပ်မည်

Nigma - May 23, 2019

နာမည်ကြီး MOBA ဂိမ်းတခုဖြစ်တဲ့ League of Legends ကို မိုဘိုင်းဗားရှင်းထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ League of Legends ဂိမ်း developer Riot Games နဲ့ မိခင်ကုမ္ပဏီ Tencent တို့ က LoL…

Caviar က Samsung Galaxy Fold ရဲ့ Game of Thrones Edition ကို ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares81 views

Caviar က Samsung Galaxy Fold ရဲ့ Game of Thrones Edition ကို ရောင်းမည်

Ko Thuya - May 23, 2019

Samsung Galaxy Fold ရဲ့ တန်ကြေးဟာ ဒေါ်လာ ၁၉၈၀ ရှိတဲ့ အတွက် တန်ဖိုးက မသေးပါဘူး။ အခုတော့ သူ့ထက် လေးဆ ပိုဈေးများတဲ့ Model ထွက်လာတော့မှာပါ။ ရုရှား ကုမ္ပဏီ Caviar က Samsung Galaxy…

ZTE က တန်ဖိုးနည်း Blade A5 2019 ကို ကြေညာ
Android, HUBS, Mobiles & Tablets
0 shares14 views

ZTE က တန်ဖိုးနည်း Blade A5 2019 ကို ကြေညာ

Ko Thuya - May 23, 2019

ZTE က တန်ဖိုးနည်း Blade A7 ကို ယခုလ အစောပိုင်းက ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ထက် ဈေးသက်သာတဲ့ ZTE Blade A5 2019 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ 18:9 Screen ထည့်သွင်းထားပါတယ်။ Octa-core…

Leave a Comment

Most from this category