1689 Shares 3536 Views

စွမ်းဆောင်ရည်ကို ခုန်တက်သွားစေမယ့် Huawei ရဲ့ GPU Turbo နည်းပညာဆိုတာ??

Jul 12, 2018
1689 3536

[Zawgyi]











[Unicode]

Honor ရဲ့ GPU Turbo နည်းပညာက ကုမ္ပဏီကထုတ်ခဲ့သမျှဟန်းဆက်တော်တော်များများအတွက် စွမ်းဆောင်ရည်ရော ဘက်ထရီသက်တမ်းပါ ပိုမိုကောင်းမွန်လာစေဖို့ရည်ရွယ်ထားတာပါ။ အခုဒီနည်းပညာကို high-end စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Honor 10, ပြီးရင်တော့ Honor Play, View 10, Honor 9 Lite နဲ့ Honor 7X တို့မှာပါ သုံးလာပါတော့မယ်။

AI နဲ့အဆင့်မြှင့်တင်ထားတဲ့ Dual-camera၊ ဖန်ကိုယ်ထည်ဒီဇိုင်းနဲ့ စွမ်းရည်မြင့် Kirin 970 Processor တွေကိုတော့ Huawei P20 Pro မှာကတည်းက တွေ့ပြီးသားဖြစ်လို့ ဒီတစ်ခေါက် Honor 10 မှာ GPU Turbo နည်းပညာနဲ့ အမြင့်စား Chipset ကိုသာသုံးလိုက်ရင် အမြန်ဆုံးဆိုတဲ့စမတ်ဖုန်းတွေထဲက တစ်လုံးဖြစ်လာနိုင်မယ်ထင်ပါတယ်။

Honor ရဲ့ GPU Turbo နည်းပညာဆိုတာကတော့ Graphic Hardware နဲ့ သူ့ကို Run နေရတဲ့ဆော့ဖ်ဝဲလ်ကြားက ဖြစ်တတ်တဲ့ပြဿနာတွေ အတားအဆီးတွေကို ဖြေရှင်းပေးထားတဲ့နည်းပညာပါ။ နည်းပညာတွေဖန်တီးမှုအသေးစိတ်တွေကတော့ အကုန်ကောင်းပေမယ့် သုံးစွဲသူတွေအတွက်ရောတကယ်ပိုကောင်းလာသလား?? Honor ကတော့ GPU Turbo ကိုပြောင်းလိုက်ရင် စွမ်းဆောင်ရည်၊ စွမ်းအင်အသုံးပြုမှု၊ အပူချိန် ဒါတွေအားလုံးမှာ ပိုပြီးကောင်းလာတယ်လို့ ဆိုထားပါတယ်။

သူ့ရဲ့ GPU Turbo က အရင် Graphic Framework တွေနဲ့ယှဉ်လိုက်ရင် စွမ်းဆောင်ရည်က ၆၀% တောင် ပိုမြင့်လာတဲ့အတွက် Performance ပိုမြင့် Frame rate တွေလည်း ပိုငြိမ်တဲ့အပြင် ပုံတွေရဲ့အရည်အသွေးတွေလည်း သေချာပေါက်ပိုကောင်းလာမှာပါ။ 3D ဂိမ်းတွေဆိုရင်တော့ ပိုလည်း Smooth ဖြစ်လာပြီး HDR(High Dynamic Range) မထောက်ပံ့ပေးနိုင်ရင်တောင် ရုပ်ထွက်တွေက ပိုမိုက်နေမှာပါ။

နောက်ထပ်အားသာချက်တစ်ခုကတော့ စွမ်းအင်ကုန်မှုက ၃၀% လောက်ကို လျော့သွားတာပါ။ ဆိုတော့ ဂိမ်းတွေမြန်မြန် run နိုင်တဲ့အပြင် ဘက်ထရီစားလည်း သက်သာသွားပါလိမ့်မယ်။ စွမ်းအင်သုံးနည်းတဲ့အတွက်ကြောင့် ဖုန်းလည်း မပူတော့ဘဲ အပူလွန်တာကာကွယ်ဖို့ စွမ်းဆောင်ရည်လျှော့ချတယ်ဆိုတဲ့ကိစ္စမျိုးလည်း ကင်းသွားပါတယ်။

Maker:0x4c,Date:2017-9-25,Ver:4,Lens:Kan03,Act:Lar01,E-Y

ဒီလိုအားသာချက်တွေရှိလာတဲ့ GPU Turbo ကို ဘယ်ချိန်မှာရနိုင်တော့မလဲ??

Honor 10 ကတော့ ဒီနည်းပညာကိုသုံးမယ့် ပထမဆုံးစမတ်ဖုန်းတစ်လုံးပါပဲ။ သူကတော့ သြဂုတ်လအစပိုင်းလောက်ထွက်လာမယ်လို့မှန်းရပြီး ဥရောပ၊ အာရှ၊ ရုရှား၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအပြင် တစ်ကမ္ဘာလုံးကသုံးစွဲသူတွေအားလုံး ဒီ Update နည်းပညာကိုမကြာခင်ရကြမှာဖြစ်ကြောင်းတော့ ပြောထားပါတယ်။

Honor 9 Lite, View 10 နဲ့ Honor 7X တို့ကတော့ Update ကို စက်တင်ဘာလလောက်မှာရနိုင်ချေရှိပြီး ကျန်တဲ့ဟန်းဆက်တွေကတော့ နိုဝင်ဘာလလောက်မှာ ရလာမယ်လို့ခန့်မှန်းရပါတယ်။

source: Android Authority

You may be interested

Instagram မှ User များရဲ့ Password များ ပေါက်ကြား
Facebook, HUBS, NEWS
0 shares0 views

Instagram မှ User များရဲ့ Password များ ပေါက်ကြား

Ko Thuya - Nov 19, 2018

Instagram မကြာခင်က မိတ်ဆက်ခဲ့တဲ့ Download Your Data Tool ကနေ User များရဲ့ Password များ ပေါက်ကြားသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် User အနည်းငယ်သာ ပေါက်ကြားသွားတာ ဖြစ်ပြီး အခုတော့ လုံခြုံရေး ဟာကွက်ကို…

အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
NEWS, Odd
62 shares20 views

အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်

Ko Thuya - Nov 19, 2018

ချစ်စရာ အနက်နဲ့ အ၀ါရောင် ကြောင်လေး နှစ်ကောင်ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှ အနုပညာ ပြတိုက်ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ၀င်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဒီလိုလုပ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ လုံခြုံရေး ၀န်ထမ်းများကြောင့်…

အသည်းပြိုလောက်စရာ Selfie ပုံတွေအတွက် 20 MP အရှေ့ကင်မရာနဲ့ ပွဲထွက်လာတော့မယ် Vivo Y95
Local, Local News
99 shares131 views

အသည်းပြိုလောက်စရာ Selfie ပုံတွေအတွက် 20 MP အရှေ့ကင်မရာနဲ့ ပွဲထွက်လာတော့မယ် Vivo Y95

Creepy Tyler - Nov 19, 2018

လူငယ်တွေရဲ့ တစ်ကိုယ်ရည် ဖက်ရှင် Trend တွေထဲမှာ ယခုနောက်ပိုင်း ခေတ်စားလာတဲ့ Accessory တစ်ခုက စမတ်ကျတဲ့ ဖုန်းတစ်လုံးပါ။ ဒါ့အပြင် Facebook လိုမျိုး Social Network တွေပေါ်မှာ အပေါင်းအသင်းတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့အတွက် Selfie Camera ကောင်းတဲ့…

Leave a Comment

Most from this category