အလိုအလျောက်သွားတိုက်ပေးမယ့် Chiiz သွားတိုက်စက်

တစ်နေ့တစ်နေ့အိပ်ယာကထလာတာနဲ့အရင်ဆုံးမဖြစ်မနေလုပ်ရတာက သွားတိုက်ခြင်းပါပဲ။ ငယ်ငယ်တုန်းကဆို သွားတိုက်တဲ့နည်းတွေမမှန်တာကြောင့် သွားနဲ့ပတ်သတ်တဲ့ဒုက္ခတွေခဏခဏကြုံဖူးကြမှာပါ။။ အသုံးပြုတဲ့သွားတိုက်တံအမျိုးအစား၊ တိုက်ပုံတိုက်နည်း၊ တိုက်တဲ့ကြာချိန် ဒါတွေအားလုံးကို မှန်မှန်ကန်ကန်လုပ်မှ ကောင်းမွန်ကျန်းမာတဲ့သွားတွေကို ရရှိမှာပါ။

ဒီအတွက် ကိုယ့်သွားတွေကို စနစ်တကျတိုက်ပေးနိုင်ဖို့ CHIIZ ဆိုတဲ့အော်တိုသွားတိုက်စက်လေးကို ဖန်တီးထားကြပါတယ်။ လက်နဲ့လည်းအညောင်းခံတိုက်စရာမလို အချိန်ကုန်လည်း သက်သာစေတဲ့နည်းလမ်းလို့တော့ မြင်ပါတယ်။

ဒီစက်လေးနဲ့ သွားတိုက်မယ်ဆိုရင်တော့ ပါးစပ်ထဲဒီစက်လေးထည့်ပြီး ရှေ့သွားနဲ့သာသာလေးကိုက်ချလိုက်ရုံပါပဲ။ ပုံမှန်ဆိုသွားတွေအကုန်လုံးတိုက်ဖို့အတွက် စက္ကန့် ၁၈၀ လောက်တိုက်ပေးရပါတယ်။ သူကတော့ တစ်ချောင်းချင်းစီတိုက်စရာမလိုဘဲ သွားတွေအကုန်လုံးကို တစ်ပြိုင်နက်သန့်ရှင်းပေးတဲ့အတွက် စက္ကန့် ၃၀ လောက်ပဲကြာပါတယ်။

သွားတိုက်ရင် ၄၅ ံထောင့်တွေထဲကို အကုန်သန့်ရှင်းအောင်တိုက်ရသလို သူကလည်း သွားကြားတွေထဲထိ အကြွင်းအကျန်မရှိအောင်တိုက်ပေးနိုင်ပါတယ်။ ဒီ သွားတိုက်ခြင်းလုပ်ငန်းစဉ်ကို သူ့ရဲ့သွားတိုက်စက်မှာပါတဲ့ Sonic မော်တာကနေ တုန်ခါမှုနဲ့အတူ သွားပွတ်တံအမျှင်လေးတွေနဲ့ သန့်ရှင်းပေးသွားတာပါ။

ရေစိုခံပြီး ဘက်တီးရီးယားသန့်စင်ပေးတဲ့စက်လေးပါဝင်တဲ့အတွက် သိမ်းရတာလည်းလွယ်ကူပါတယ်။ သွားတိုက်ပြီးတိုင်းရေပိုက်အောက်မှာဆေးပြီးသန့်ရှင်းလိုက်ရင် အိုခေပါပြီ။ သွားဆရာဝန်တွေလည်း ထောက်ခံထားတဲ့ သွားတိုက်နည်းမှန်တဲ့သွားတိုက်စက်လေးဖြစ်ပြီး တစ်နေ့တာရဲ့မလုပ်မနေရလုပ်ငန်းတစ်ခုအတွက် အချိန်ကုန်သက်သာစေတဲ့နည်းလမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဈေးနှုန်းကတော့ Sonic Motor+ အလတ်ဆိုဒ် Mouthpiece+ အကြီးဆိုဒ် Mousepiece + အားသွင်းပြား+ သွားတိုက်ဆေးရည်ဘူး ကိုမှ $69 ပဲရှိပါတယ်။ အောက်မှာပြထားတဲ့ ဗီဒီယိုလေးကို ကြည့်ကြည့်လိုက်ပါ 😉

Source: DigitalTrends

%d bloggers like this: