အလိုအေလ်ာက္သြားတိုက္ေပးမယ့္ Chiiz သြားတုိက္စက္
[Zawgyi]
တစ္ေန႔တစ္ေန႔အိပ္ယာကထလာတာနဲ႔အရင္ဆံုးမျဖစ္မေနလုပ္ရတာက သြားတုိက္ျခင္းပါပဲ။ ငယ္ငယ္တုန္းကဆို သြားတုိက္တဲ့နည္းေတြမမွန္တာေၾကာင့္ သြားနဲ႔ပတ္သတ္တဲ့ဒုကၡေတြခဏခဏၾကံဳဖူးၾကမွာပါ။။ အသံုးျပဳတဲ့သြားတုိက္တံအမ်ိဳးအစား၊ တုိက္ပံုတုိက္နည္း၊ တုိက္တဲ့ၾကာခ်ိန္ ဒါေတြအားလံုးကို မွန္မွန္ကန္ကန္လုပ္မွ ေကာင္းမြန္က်န္းမာတဲ့သြားေတြကို ရရိွမွာပါ။
ဒီအတြက္ ကိုယ့္သြားေတြကို စနစ္တက်တုိက္ေပးႏုိင္ဖို႔ CHIIZ ဆိုတဲ့ေအာ္တိုသြားတုိက္စက္ေလးကို ဖန္တီးထားၾကပါတယ္။ လက္နဲ႔လည္းအေညာင္းခံတုိက္စရာမလို အခ်ိန္ကုန္လည္း သက္သာေစတဲ့နည္းလမ္းလို႔ေတာ့ ျမင္ပါတယ္။
ဒီစက္ေလးနဲ႔ သြားတုိက္မယ္ဆိုရင္ေတာ့ ပါးစပ္ထဲဒီစက္ေလးထည့္ျပီး ေရွ႕သြားနဲ႔သာသာေလးကိုက္ခ်လိုက္ရံုပါပဲ။ ပံုမွန္ဆိုသြားေတြအကုန္လံုးတုိက္ဖို႔အတြက္ စကၠန္႔ ၁၈၀ ေလာက္တုိက္ေပးရပါတယ္။ သူကေတာ့ တစ္ေခ်ာင္းခ်င္းစီတိုက္စရာမလိုဘဲ သြားေတြအကုန္လံုးကို တစ္ျပိဳင္နက္သန္႔ရွင္းေပးတဲ့အတြက္ စကၠန္႔ ၃၀ ေလာက္ပဲၾကာပါတယ္။
သြားတုိက္ရင္ ၄၅ ံေထာင့္ေတြထဲကို အကုန္သန္႔ရွင္းေအာင္တုိက္ရသလို သူကလည္း သြားၾကားေတြထဲထိ အၾကြင္းအက်န္မရိွေအာင္တုိက္ေပးႏုိင္ပါတယ္။ ဒီ သြားတုိက္ျခင္းလုပ္ငန္းစဥ္ကို သူ႔ရဲ႕သြားတုိက္စက္မွာပါတဲ့ Sonic ေမာ္တာကေန တုန္ခါမႈနဲ႔အတူ သြားပြတ္တံအမွ်င္ေလးေတြနဲ႔ သန္႔ရွင္းေပးသြားတာပါ။
ေရစိုခံျပီး ဘက္တီးရီးယားသန္႔စင္ေပးတဲ့စက္ေလးပါဝင္တဲ့အတြက္ သိမ္းရတာလည္းလြယ္ကူပါတယ္။ သြားတုိက္ျပီးတုိင္းေရပိုက္ေအာက္မွာေဆးျပီးသန္႔ရွင္းလုိက္ရင္ အိုေခပါျပီ။ သြားဆရာဝန္ေတြလည္း ေထာက္ခံထားတဲ့ သြားတုိက္နည္းမွန္တဲ့သြားတုိက္စက္ေလးျဖစ္ျပီး တစ္ေန႔တာရဲ႕မလုပ္မေနရလုပ္ငန္းတစ္ခုအတြက္ အခ်ိန္ကုန္သက္သာေစတဲ့နည္းလမ္းတစ္ခုဆိုရင္လည္း မမွားပါဘူး။ ေစ်းႏႈန္းကေတာ့ Sonic Motor+ အလတ္ဆိုဒ္ Mouthpiece+ အၾကီးဆုိဒ္ Mousepiece + အားသြင္းျပား+ သြားတုိက္ေဆးရည္ဘူး ကိုမွ $69 ပဲရိွပါတယ္။ ေအာက္မွာျပထားတဲ့ ဗီဒီယိုေလးကို ၾကည့္ၾကည့္လိုက္ပါ 😉
Source: DigitalTrends
[Unicode]
တစ်နေ့တစ်နေ့အိပ်ယာကထလာတာနဲ့အရင်ဆုံးမဖြစ်မနေလုပ်ရတာက သွားတိုက်ခြင်းပါပဲ။ ငယ်ငယ်တုန်းကဆို သွားတိုက်တဲ့နည်းတွေမမှန်တာကြောင့် သွားနဲ့ပတ်သတ်တဲ့ဒုက္ခတွေခဏခဏကြုံဖူးကြမှာပါ။။ အသုံးပြုတဲ့သွားတိုက်တံအမျိုးအစား၊ တိုက်ပုံတိုက်နည်း၊ တိုက်တဲ့ကြာချိန် ဒါတွေအားလုံးကို မှန်မှန်ကန်ကန်လုပ်မှ ကောင်းမွန်ကျန်းမာတဲ့သွားတွေကို ရရှိမှာပါ။
ဒီအတွက် ကိုယ့်သွားတွေကို စနစ်တကျတိုက်ပေးနိုင်ဖို့ CHIIZ ဆိုတဲ့အော်တိုသွားတိုက်စက်လေးကို ဖန်တီးထားကြပါတယ်။ လက်နဲ့လည်းအညောင်းခံတိုက်စရာမလို အချိန်ကုန်လည်း သက်သာစေတဲ့နည်းလမ်းလို့တော့ မြင်ပါတယ်။
ဒီစက်လေးနဲ့ သွားတိုက်မယ်ဆိုရင်တော့ ပါးစပ်ထဲဒီစက်လေးထည့်ပြီး ရှေ့သွားနဲ့သာသာလေးကိုက်ချလိုက်ရုံပါပဲ။ ပုံမှန်ဆိုသွားတွေအကုန်လုံးတိုက်ဖို့အတွက် စက္ကန့် ၁၈၀ လောက်တိုက်ပေးရပါတယ်။ သူကတော့ တစ်ချောင်းချင်းစီတိုက်စရာမလိုဘဲ သွားတွေအကုန်လုံးကို တစ်ပြိုင်နက်သန့်ရှင်းပေးတဲ့အတွက် စက္ကန့် ၃၀ လောက်ပဲကြာပါတယ်။
သွားတိုက်ရင် ၄၅ ံထောင့်တွေထဲကို အကုန်သန့်ရှင်းအောင်တိုက်ရသလို သူကလည်း သွားကြားတွေထဲထိ အကြွင်းအကျန်မရှိအောင်တိုက်ပေးနိုင်ပါတယ်။ ဒီ သွားတိုက်ခြင်းလုပ်ငန်းစဉ်ကို သူ့ရဲ့သွားတိုက်စက်မှာပါတဲ့ Sonic မော်တာကနေ တုန်ခါမှုနဲ့အတူ သွားပွတ်တံအမျှင်လေးတွေနဲ့ သန့်ရှင်းပေးသွားတာပါ။
ရေစိုခံပြီး ဘက်တီးရီးယားသန့်စင်ပေးတဲ့စက်လေးပါဝင်တဲ့အတွက် သိမ်းရတာလည်းလွယ်ကူပါတယ်။ သွားတိုက်ပြီးတိုင်းရေပိုက်အောက်မှာဆေးပြီးသန့်ရှင်းလိုက်ရင် အိုခေပါပြီ။ သွားဆရာဝန်တွေလည်း ထောက်ခံထားတဲ့ သွားတိုက်နည်းမှန်တဲ့သွားတိုက်စက်လေးဖြစ်ပြီး တစ်နေ့တာရဲ့မလုပ်မနေရလုပ်ငန်းတစ်ခုအတွက် အချိန်ကုန်သက်သာစေတဲ့နည်းလမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဈေးနှုန်းကတော့ Sonic Motor+ အလတ်ဆိုဒ် Mouthpiece+ အကြီးဆိုဒ် Mousepiece + အားသွင်းပြား+ သွားတိုက်ဆေးရည်ဘူး ကိုမှ $69 ပဲရှိပါတယ်။ အောက်မှာပြထားတဲ့ ဗီဒီယိုလေးကို ကြည့်ကြည့်လိုက်ပါ 😉
Source: DigitalTrends
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.