118 Shares 46 Views


Jul 12, 2018
118 46




Ref : theverge

unicode

Mercedes-Benz ရဲ့ မောင်းသူမဲ့ တက္ကစီကားများ ၂၀၁၉ ခုနှစ်တွင် စမ်းသပ်မည်

Mercedes-Benz ရဲ့ မိခင် ကုမ္ပဏီ Daimler နဲ့ ကားအစိတ်အပိုင်း ထောက်ပံ့သူ Bosch တို့ဟာ လာမယ့်နှစ် ဒုတိယ နှစ်ဝက်ကစပြီး San Francisco Bay Area မှာ မောင်းသူမဲ့ တက္ကစီကားများကို စမ်းသပ်မှာပါ။ ကားများကို အများပြည်သူ အခမဲ့ စီးနင်းနိုင်ပြီး Ride Sharing ဝန်ဆောင်မှု ပါပါတယ်။ အဲဒီကားများမှာ Nvidia ရဲ့ မောင်းသူမဲ့ ကားနည်းပညာကို အသုံးပြုထားမှာ ဖြစ်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းများမှာ မောင်းနှင်မှာပါ။ တည်နေရာ အတိအကျနဲ့ စမ်းသပ်မယ့် ကာလ အပိုင်းအခြားကို မပြောကြားသေးပါဘူး။

Daimler က Mercedes S-Class Car သို့မဟုတ် V-Class Vans များကို အသုံးပြုဖို့ စဉ်းစားနေပါတယ်။ နှစ်မျိုးစလုံးကိုလည်း သုံးနိုင်ပါတယ်။ မောင်းသူမဲ့ တက္ကစီများကို စမ်းသပ်ပြေးဆွဲတဲ့ အခါမှာ စောင့်ကြည့်လိုက်ပါမယ့် လူတစ်ဦးတော့ ပါလာမှာ ဖြစ်ပါတယ်။ စတီယာရင်နဲ့ ခြေနင်းများကိုလည်း မဖယ်ရှားထားပါဘူး။

Mercedes-Benz နဲ့ မိခင် ကုမ္ပဏီ Daimler တို့ဟာ မောင်းသူမဲ့ ကား စီမံကိန်းများစွာကို ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ F-015 or Smart Vision EQ တို့ ပါဝင်ပါတယ်။ မောင်းသူမဲ့ ကားများရဲ့ Brain လို့ ခေါ်တဲ့ အဓိက နည်းပညာကို ဒီနယ်ပယ်မှာ ဦးဆောင်နေတဲ့ Nvidia ကနေ Daimler က အသုံးပြုထားမှာ ဖြစ်ပါတယ်။ Daimler က Nvidia ရဲ့ Drive Pegasus မောင်းသူမဲ့ နည်းပညာ အချို့ကို အသုံးပြုမှာ ဖြစ်ပေမယ့် သူ့ကိုယ်ပိုင် ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲများကိုလည်း အသုံးပြုမယ်လို့ ပြောပါတယ်။

Ref : theverge

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
242 shares79 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category