ပံုေတြမွာပါတဲ့ Noise ေတြကိုလံုးဝဖယ္ရွားေပးမယ့္ Nvidia ရဲ႕ AI နည္းပညာသစ္
[Zawgyi]
NVIDIA သုေတသီေတြကေတာ့ ေနာက္ထပ္ဒီဂ်စ္တယ္ပံုရိပ္နည္းပညာသစ္တစ္ခုကို စမ္းသပ္ထုတ္လုပ္လိုက္ျပန္ပါျပီ။ သူ႔ရဲ႕တီထြင္မႈအသစ္ကေတာ့ ပံုေတြမွာပါတဲ့ Noise ေတြ ေရစာ (watermark) ေတြကို လံုးဝဖယ္ရွားေပးႏုိင္မွာျဖစ္ျပီး Artificial Intelligence (သိဉာဏ္တုနည္းပညာ)နဲ႔ျမွင့္တင္ထားတာျဖစ္လို႔ လက္ရိွ Noise ေလွ်ာ့ခ်ေပးႏုိင္တဲ့ tools ေတြထက္ ပိုထိေရာက္တဲ့နည္းပညာပါ။
အခုေခတ္ ဒီဂ်စ္တယ္ကင္မရာ sensor ေတြနဲ႔ရိုက္လို႔ ပါလာတဲ့ Noise ေတြက ဟိုးအရင္ခ်ိန္ေတြကေလာက္မဆိုးေတာ့ေပမယ့္ အထူးသျဖင့္ စမတ္ဖုန္းကင္မရာေတြကေတာ့ အလင္းေရာင္အားနည္းတဲ့ Low-Light အေျခအေနေတြမွာရိုက္ရင္ Noise ေတြမ်ားေနဆဲပါပဲ။ စမတ္ဖုန္းကင္မရာေတြရဲ႕ Sensor ဆိုဒ္က ေသးတဲ့အတြက္ေၾကာင့္ Low-Light မွာပံုေကာင္းေကာင္းမရိုက္ႏုိင္တဲ့အတြက္ ရိုက္ျပီးမွပံုေတြကို အရည္အေသြးေကာင္းေအာင္ျပန္ျပင္ရပါတယ္။ တစ္ခ်ိဳ႕ဖုန္းေတြ ဥပမာ ေနာက္ဆံုးထြက္ iPhone တို႔ Pixel တို႔ဆိုရင္ေတာ့ Low-light မွာရိုက္တဲ့အခါ Noise ေတြေတာ္ေတာ္ၾကီးကိုနည္းသြားတာေတြ႔၇ပါတယ္။ ဒါေပမယ့္ Low-light မွာ Noise ပါတဲ့ျပႆနာက စမတ္ဖုန္းေတာ္ေတာ္မ်ားမ်ားအတြက္ေတာ့ အခက္အခဲျဖစ္ေနပါေသးတယ္။
Photoshop နဲ႔ တစ္ျခား Noise ေလွ်ာ့ခ်ေပးတဲ့ေဆာ့ဖ္ဝဲလ္ေတြကေတာ့ Noise နည္းနည္းေလးပါတဲ့ပံုမ်ိဳးကိုပဲ ေကာင္းေကာင္းလုပ္ေပးပါလိ့မ္မယ္။ Noise ေတြ အရမ္းမ်ားတဲ့ပံုမ်ိဳးဆိုရင္ေတာ့ ဒီေဆာ့ဖ္ဝဲလ္ေတြလည္း မကယ္ႏိုင္ေတာ့ပါဘူး။ ဒီအတြက္ Nvidia AI နည္းပညာက မူလပံုအစစ္အမွန္ကို ရွင္းရွင္းလင္းလင္းျမင္ရေအာင္ ပံုရဲ႕ Noise ေတြကိုဖယ္ပစ္မွာျဖစ္ပါတယ္။ ဒီနည္းပညာမွာေတာ့ Tensor Flow framework နဲ႔ NVIDIA Tesla P100 GPU ေတြပါဝင္ျပီး ပံုေပါင္း ၅ေသာင္းေလာက္ကို သင္ယူစမ္းသပ္ထားတာျဖစ္ပါတယ္။ ပံုမွာပါတဲ့ Noise ေတြတင္မကဘဲ ေရစာ(watermark) ေတြကို ဖယ္ရွားေပးႏုိင္မွာပါ။
ဒီနည္းပညာေလးက ဒီဂ်စ္တယ္ဓာတ္ပံုေတြအတြက္တင္မကဘဲ MRI ဓာတ္မွန္ပံုေတြမွာ အျမဲေတြ႔ရတတ္တဲ့ Noise ေတြကိုလည္း ဖယ္ရွားေပးနုိင္တဲ့အတြက္ ဓာတ္ပံုေလာကတင္မကဘဲ ေဆးပညာေလာကအတြက္ပါ အေထာက္အကူျဖစ္ေစပါတယ္။ ေနာက္ျပီး လံုျခံဳေရးကင္မရာေတြရဲ႕ Noise ေတြမ်ားတဲ့ ျပႆနာကိုလည္း ဒီနည္းပညာနဲ႔ပဲ ေျဖရွင္းႏုိင္ပါလိမ့္မယ္။ ဓာတ္ပံုေတြအတြက္တင္မကဘဲ နယ္ပယ္အသီးသီးမွာအသံုးဝင္တယ္ဆိုရင္ ေတာ္ေတာ္ေလးကို အက်ိဳးရိွတယ္လို႔ေျပာရမွာပါပဲ။
Ref: SlashGear
[Unicode]
NVIDIA သုတေသီတွေကတော့ နောက်ထပ်ဒီဂျစ်တယ်ပုံရိပ်နည်းပညာသစ်တစ်ခုကို စမ်းသပ်ထုတ်လုပ်လိုက်ပြန်ပါပြီ။ သူ့ရဲ့တီထွင်မှုအသစ်ကတော့ ပုံတွေမှာပါတဲ့ Noise တွေ ရေစာ (watermark) တွေကို လုံးဝဖယ်ရှားပေးနိုင်မှာဖြစ်ပြီး Artificial Intelligence (သိဉာဏ်တုနည်းပညာ)နဲ့မြှင့်တင်ထားတာဖြစ်လို့ လက်ရှိ Noise လျှော့ချပေးနိုင်တဲ့ tools တွေထက် ပိုထိရောက်တဲ့နည်းပညာပါ။
အခုခေတ် ဒီဂျစ်တယ်ကင်မရာ sensor တွေနဲ့ရိုက်လို့ ပါလာတဲ့ Noise တွေက ဟိုးအရင်ချိန်တွေကလောက်မဆိုးတော့ပေမယ့် အထူးသဖြင့် စမတ်ဖုန်းကင်မရာတွေကတော့ အလင်းရောင်အားနည်းတဲ့ Low-Light အခြေအနေတွေမှာရိုက်ရင် Noise တွေများနေဆဲပါပဲ။ စမတ်ဖုန်းကင်မရာတွေရဲ့ Sensor ဆိုဒ်က သေးတဲ့အတွက်ကြောင့် Low-Light မှာပုံကောင်းကောင်းမရိုက်နိုင်တဲ့အတွက် ရိုက်ပြီးမှပုံတွေကို အရည်အသွေးကောင်းအောင်ပြန်ပြင်ရပါတယ်။ တစ်ချို့ဖုန်းတွေ ဥပမာ နောက်ဆုံးထွက် iPhone တို့ Pixel တို့ဆိုရင်တော့ Low-light မှာရိုက်တဲ့အခါ Noise တွေတော်တော်ကြီးကိုနည်းသွားတာတွေ့၇ပါတယ်။ ဒါပေမယ့် Low-light မှာ Noise ပါတဲ့ပြဿနာက စမတ်ဖုန်းတော်တော်များများအတွက်တော့ အခက်အခဲဖြစ်နေပါသေးတယ်။
Photoshop နဲ့ တစ်ခြား Noise လျှော့ချပေးတဲ့ဆော့ဖ်ဝဲလ်တွေကတော့ Noise နည်းနည်းလေးပါတဲ့ပုံမျိုးကိုပဲ ကောင်းကောင်းလုပ်ပေးပါလိ့မ်မယ်။ Noise တွေ အရမ်းများတဲ့ပုံမျိုးဆိုရင်တော့ ဒီဆော့ဖ်ဝဲလ်တွေလည်း မကယ်နိုင်တော့ပါဘူး။ ဒီအတွက် Nvidia AI နည်းပညာက မူလပုံအစစ်အမှန်ကို ရှင်းရှင်းလင်းလင်းမြင်ရအောင် ပုံရဲ့ Noise တွေကိုဖယ်ပစ်မှာဖြစ်ပါတယ်။ ဒီနည်းပညာမှာတော့ Tensor Flow framework နဲ့ NVIDIA Tesla P100 GPU တွေပါဝင်ပြီး ပုံပေါင်း ၅သောင်းလောက်ကို သင်ယူစမ်းသပ်ထားတာဖြစ်ပါတယ်။ ပုံမှာပါတဲ့ Noise တွေတင်မကဘဲ ရေစာ(watermark) တွေကို ဖယ်ရှားပေးနိုင်မှာပါ။
ဒီနည်းပညာလေးက ဒီဂျစ်တယ်ဓာတ်ပုံတွေအတွက်တင်မကဘဲ MRI ဓာတ်မှန်ပုံတွေမှာ အမြဲတွေ့ရတတ်တဲ့ Noise တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အတွက် ဓာတ်ပုံလောကတင်မကဘဲ ဆေးပညာလောကအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။ နောက်ပြီး လုံခြုံရေးကင်မရာတွေရဲ့ Noise တွေများတဲ့ ပြဿနာကိုလည်း ဒီနည်းပညာနဲ့ပဲ ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဓာတ်ပုံတွေအတွက်တင်မကဘဲ နယ်ပယ်အသီးသီးမှာအသုံးဝင်တယ်ဆိုရင် တော်တော်လေးကို အကျိုးရှိတယ်လို့ပြောရမှာပါပဲ။
Ref: SlashGear
You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Ko Thuya - Feb 23, 2019Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
Ko Thuya - Feb 23, 2019Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Ko Thuya - Feb 23, 2019Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…
Most from this category

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Ko Thuya - Feb 23, 2019
Leave a Comment
You must be logged in to post a comment.