Camera ၄ လံုးပါတဲ့ Huawei Nova 3
Ref : gsmarena
Camera ၄ လုံးပါတဲ့ Huawei Nova 3
Huawei က ဇူလိုင် ၁၈ ရက်နေ့မှာ Nova 3 ကို တရားဝင် ကြေညာမှာပါ။ ဒါပေမယ့် သူ့ကို VMall မှာ ကြိုတင်မှာယူဖို့ စာရင်းတင်ထားပါတယ်။ သူ့မှာ Kirin 970 Chipset, 6GB RAM , Tall Screen နဲ့ ကင်မရာ လေးလုံး ပါပါတယ်။
Chipset ဟာ Octa-Core ဖြစ်ပါတယ်။ 6GB RAM + 128GB Storage များပါပါတယ်။ Huawei ရဲ့ Super Charge ပါတဲ့ 3750mAh Battery ထည့်သွင်းထားပါတယ်။ သူဟာ ဒီဇိုင်းအပိုင်းမှာ P20 Lite နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် မျက်နှာပြင်က အနည်းငယ် ပိုကြီးပြီး ၆.၃ လက်မ LCD Full HD+ Display ထည့်ထားပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာပါပါတယ်။
အနောက်ဘက်မှာ 16MP RGB Camera နဲ့ 24MP Monochrome Camera များ ပါပါတယ်။ အရှေ့ဘက် Notch မှာ 24MP+2MP Camera များ ထည့်သွင်းထားပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါတယ်။ Android 8.1 Oreo အခြေပြု EMUI 8.2 ထည့်ထားပါတယ်။ GPU Turbo နည်းပညာပါပါတယ်။ Scene Recognition နဲ App Optimization များအပါအဝင် UI နဲ့ Chipset မှာ ဉာဏ်ရည်တု နည်းပညာများ ထည့်သွင်းထားပါတယ်။
VMall က ဈေးနှုန်းကိုတော့ မဖော်ပြထားပါဘူး။ ခရမ်း၊ အနက်၊ အပြာနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။
Ref : gsmarena
%d bloggers like this: