389 Shares 301 Views
Jul 12, 2018
389 301
Ref : gsmarena
unicode
23MP Rear Camera , 6” 18:9 Screen များပါတဲ့ Sony Xperia XA2 Plus
Sony Xperia XA2 နဲ့ XA2 Ultra တို့ကို ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ စွမ်းရည်သင့် Xperia XA2 Plus ကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ XA2 မှာလို 23MP MotionEye Camera နဲ့ Snapdragon 630 Chipset များ ပါပါတယ်။ ဒါပေမယ့် သူ့မှာ မျက်နှာပြင် အရှည်နဲ့ ပါးလွှာတဲ့ မျက်နှာပြင် ဘေးဘောင်များကြောင့် ဒီဇိုင်းက ပိုမို စွဲဆောင်မှု ရှိလာပါတယ်။
သူဟာ XA2 Series များထဲမှာ 18:9 Screen ပါတဲ့ ပထမဆုံး ဖုန်းပါ။ ၆ လက်မ Full HD+ LCD Display ကို Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ Snapdragon 630 မှာ 2.2GHz Octa-Core CPU နဲ့ Adreno 508 GPU များ ပါပါတယ်။ 4GB or 6GB RAM နဲ့ 32GB or 64GB Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။
အနောက် 23MP Camera က 4K Video နဲ့ 120fps Slow-Mo Video များကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက် 8MP Camera ဟာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဖြစ်ပြီး Bokeh Mode, Soft Skin နဲ့ အခြား မျက်နှာ ပြောင်းလဲတဲ့ Effect များ ပါပါတယ်။
ဘက်ထရီကတော့ XA2 Ultra နဲ့ တူညီပြီး 3580mAh ဖြစ်ပါတယ်။ Quick Charge 3.0 ပါပါတယ်။ USB-C Port ၊ အသံဆူညံမှုကို လျော့နည်းစေတဲ့ မိုက်ကရိုဖုန်းနဲ့ စပီကာများ ပါပါတယ်။ 3.5mm Jack လည်းပါပါတယ်။ အနက်၊ ငွေ၊ ရွှေနဲ့ အစိမ်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။
Ref : gsmarena
You may be interested
အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ
NEWS, Softwares & Application
0 shares0 views
အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ
Nigma - Mar 19, 2019
Xioami ဟာ Redmi Go အပြင် Mi Pay ငွေပေးချေဝန်ဆောင်မှုကိုလည်း အိန္ဒိယမှာ ယနေ့ မိတ်ဆက်ခဲ့ပါတယ်။ Xiaomi ဟာ Mi Play ကို တရုတ်ပြည်တွင်းမှာ ၂၀၁၆ ခုနှစ်က စတင် ထုတ်ပေးခဲ့တာ ဖြစ်ပြီး၊ အိန္ဒိယမှာ…
Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views
Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20
Nigma - Mar 19, 2019
Samsung က လွန်ခဲ့တဲ့လမှာ Galaxy A10, A30 နဲ့ A50 ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ယနေ့မှာတော့ A စီးရီးအသစ်ဖြစ်တဲ့ Galaxy A20 ကို ထပ်မံ မိတ်ဆက်လိုက်ပြန်ပါတယ်။ Samsung Galaxy A20 မှာ Galaxy…
Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ
Android, Huawei, HUBS
105 shares15 views
Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ
Ko Thuya - Mar 19, 2019
Honor က အိန္ဒိယမှာ Honor 10 Lite ရဲ့ မော်ဒယ်အသစ်ကို ကြေညာလိုက်ပါတယ်။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ မူလမော်ဒယ်မှာ 4GB RAM , 64GB…
Leave a Comment
Most from this category