154 Shares 88 Views

သင့္ ေဒတာေတြ အခိုးမခံရဖို႔ ကာကြယ္ေပးမယ့္ Firefox Focus : The Privacy Browser

Jul 11, 2018
154 88

Firefox ဘေရာက္စာကို ဒတ္စေတာ့နဲ႔ မိုဘိုင္းဖုန္းမ်ားအတြက္ ထုတ္လုပ္ေပးထားပါတယ္။ ဒါေပမယ့္ အျခား ဘေရာက္စာ အမ်ိဳးအစားတစ္ခုကိုလည္း Firefox က ဖန္တီးေပးထားပါတယ္။ အဲဒါကေတာ့ အသံုးျပဳသူမ်ားရဲ႕ ကိုယ္ေရးကိုယ္တာ ေဒတာမ်ားကို လံုျခံဳေအာင္ ကာကြယ္ေပးထားတဲ့ Firefox Focus : The Privacy Browser ျဖစ္ပါတယ္။ သူက ၀က္ဆိုက္မ်ားမွာ သင့္ရဲ႕ လႈပ္ရွားမႈမ်ားကို ေျခရာခံေနတဲ့ အရာမ်ားကို ကာကြယ္ေပးပါတယ္။ သူက ၀က္ဆိုက္မ်ားမွ ေၾကာ္ညာမ်ားကိုလည္း ေဖ်ာက္ေပးႏိုင္တဲ့အတြက္ ၀က္ဆိုက္မ်ား ၾကည့္ရႈရာမွာ လွ်င္ျမန္သလို ေဒတာ ကုန္က်မႈ သက္သာေစပါတယ္။ ၀က္ဆိုက္မ်ား ၾကည့္ရႈၿပီးတာနဲ႔ သူက History , Cookies, Passwords မ်ားကို ဖ်က္ဆီးေပးမွာ ျဖစ္တဲ့အတြက္ သင့္ စမတ္ဖုန္းကို အျခားလူမ်ား ယူၾကည့္တဲ့အခါမွာလည္း အလြန္ လံုျခံဳစိတ္ခ်ရပါတယ္။ သူ႔ကို အက်ိဳးအျမတ္ မယူတဲ့ အဖြဲ႕အစည္း တစ္ခု ျဖစ္တဲ့ Firefox က ဖန္တီးထားပါ တယ္။ ဘေရာက္စာတိုင္းလိုလိုမွာ Private Browsing Mode မ်ား ပါေပမယ့္ အသံုးျပဳရတာ အနည္းငယ္ ရႈပ္ေထြးပါတယ္။ Firefox Focus မွာေတာ့ Default အားျဖင့္ Private Browsing Mode ကိုသာ ထည့္သြင္းထားတာ ျဖစ္တဲ့အတြက္ အသံုးျပဳရတာ အလြန္ လြယ္ကူပါတယ္။

သူ႔ကို ပထမဆံုး အႀကိမ္ဖြင့္ရင္ သူ႔ရဲ႕ စြမ္းရည္မ်ားကို ျပသမွာ ျဖစ္ပါတယ္။ Next ကို ႏွိပ္၍ စကရင္တစ္ခုခ်င္းစီကို ၾကည့္ပါ။ ေနာက္ဆံုး စကရင္မွာ Ok ကို ႏွိပ္ပါ။

သူ႔ရဲ႕ Home Screen ဟာ အရမ္းကို ရိုးရွင္းပါတယ္။ အေပၚထိပ္မွ လိပ္စာဘားမွာ ၀က္ဆိုက္ လိပ္စာကို ရိုက္ထည့္၍ ၀က္ဆိုက္မ်ားကို လည္ပတ္ရမွာ ျဖစ္ပါတယ္။ သူ႔မွာ အျခား ဘေရာက္စာမ်ားလို Tabs မ်ားစြာ ဖြင့္၍ ၀က္ဆိုက္မ်ားကို ၾကည့္ရႈလို႔ မရပါဘူး။


၀က္ဆိုက္မ်ားကို ဖြင့္ၾကည့္တဲ့ အခါမွာလည္း စာဖတ္ရတာ ရိုးရွင္း အဆင္ေျပပါတယ္။ ေၾကာ္ညာမ်ားကိုလည္း ေဖ်ာက္ေပးထားတဲ့အတြက္ မ်က္စိရႈပ္သက္သာသလို ေဒတာ ကုန္က်မႈ နည္းပါးပါတယ္။

လိပ္စာဘားရဲ႕ ညာဘက္မွ အစက္သံုးစက္ကို ႏွိပ္ရင္ ဘေလာ့လုပ္ေပးထားတဲ့ Trackers အေရအတြက္ကို ျပသေပးထားပါတယ္။ စာမ်က္ႏွာကို Refresh လုပ္ဖို႔ ခလုတ္လည္း ပါပါတယ္။ Share ကို ႏွိပ္၍ ၀က္ဆိုက္လိပ္စာကို အျခား လူမ်ားနဲ႔ မွ်ေ၀ႏုိင္ပါတယ္။ Open with ကို ႏွိပ္၍ အဲဒီ ၀က္ဆိုက္ကို အျခား ဘေရာက္စာမ်ားနဲ႔ ဖြင့္ႏုိင္ပါတယ္။ Add to home screen ကို ႏွိပ္ရင္ေတာ့ အဲဒီ၀က္ဆိုက္ကို Firefox Focus ကေန လွ်င္ျမန္စြာ ဖြင့္ႏိုင္မယ့္ Shortcut ကို Home Screen မွာ ထားရွိႏုိင္ပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ ၀က္ဆိုက္မ်ားမွာေတာ့ ျမန္မာစာ မမွန္တာကို ေတြ႕ရပါတယ္။

၀က္ဆိုက္ လိပ္စာဘားရဲ႕ ညာဘက္မွ အစက္သံုးစက္ကို ႏွိပ္ၿပီး Settings ထဲသြားပါ။

Settings ထဲမွာ ဘာသာစကားမ်ား ေျပာင္းလဲႏုိင္ပါတယ္။ သင္ႏွစ္သက္တဲ့ Search Engine ကို ေရြးခ်ယ္ႏုိင္ပါတယ္။ URL Autocomplete မွာ On ေပးထားတဲ့အတြက္ လိပ္စာဘားမွာ ၀က္ဆို္က္လိပ္စာမ်ား ရိုက္ထည့္တဲ့အခါမွာ အစပိုင္း ရိုက္ထည့္ရံုနဲ႔ ေနာက္ပိုင္းကို သူက အလိုအေလွ်ာက္ ျဖည့္ေပးပါတယ္။

Firefox Focus ဟာ User Interface ရိုးရွင္းၿပီး အသံုးျပဳရတာ လြယ္ကူတဲ့ ဘေရာက္စာ ျဖစ္ပါတယ္။ ေပါ့ပါးလွ်င္ျမန္တဲ့အတြက္ စြမ္းေဆာင္ရည္နိမ့္ စမတ္ဖုန္းမ်ားနဲ႔ ဖုန္းအေဟာင္းမ်ားမွာေတာင္ အသံုးျပဳႏုိင္ပါတယ္။ ဖိုင္အရြယ္အစားကလည္း ေသးငယ္ပါတယ္။

သူ႔ရဲ႕ ဖိုင္အရြယ္အစားက အလြန္ေသးငယ္ၿပီး 4.5MB သာရွိပါတယ္။ Android 4.0.1 နဲ႔ သူ႕အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

Ref : appreview

unicode

သင့် ဒေတာတွေ အခိုးမခံရဖို့ ကာကွယ်ပေးမယ့် Firefox Focus : The Privacy Browser

Firefox ဘရောက်စာကို ဒတ်စတော့နဲ့ မိုဘိုင်းဖုန်းများအတွက် ထုတ်လုပ်ပေးထားပါတယ်။ ဒါပေမယ့် အခြား ဘရောက်စာ အမျိုးအစားတစ်ခုကိုလည်း Firefox က ဖန်တီးပေးထားပါတယ်။ အဲဒါကတော့ အသုံးပြုသူများရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာများကို လုံခြုံအောင် ကာကွယ်ပေးထားတဲ့ Firefox Focus : The Privacy Browser ဖြစ်ပါတယ်။ သူက ဝက်ဆိုက်များမှာ သင့်ရဲ့ လှုပ်ရှားမှုများကို ခြေရာခံနေတဲ့ အရာများကို ကာကွယ်ပေးပါတယ်။ သူက ဝက်ဆိုက်များမှ ကြော်ညာများကိုလည်း ဖျောက်ပေးနိုင်တဲ့အတွက် ဝက်ဆိုက်များ ကြည့်ရှုရာမှာ လျှင်မြန်သလို ဒေတာ ကုန်ကျမှု သက်သာစေပါတယ်။ ဝက်ဆိုက်များ ကြည့်ရှုပြီးတာနဲ့ သူက History , Cookies, Passwords များကို ဖျက်ဆီးပေးမှာ ဖြစ်တဲ့အတွက် သင့် စမတ်ဖုန်းကို အခြားလူများ ယူကြည့်တဲ့အခါမှာလည်း အလွန် လုံခြုံစိတ်ချရပါတယ်။ သူ့ကို အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Firefox က ဖန်တီးထားပါ တယ်။ ဘရောက်စာတိုင်းလိုလိုမှာ Private Browsing Mode များ ပါပေမယ့် အသုံးပြုရတာ အနည်းငယ် ရှုပ်ထွေးပါတယ်။ Firefox Focus မှာတော့ Default အားဖြင့် Private Browsing Mode ကိုသာ ထည့်သွင်းထားတာ ဖြစ်တဲ့အတွက် အသုံးပြုရတာ အလွန် လွယ်ကူပါတယ်။

သူ့ကို ပထမဆုံး အကြိမ်ဖွင့်ရင် သူ့ရဲ့ စွမ်းရည်များကို ပြသမှာ ဖြစ်ပါတယ်။ Next ကို နှိပ်၍ စကရင်တစ်ခုချင်းစီကို ကြည့်ပါ။ နောက်ဆုံး စကရင်မှာ Ok ကို နှိပ်ပါ။

သူ့ရဲ့ Home Screen ဟာ အရမ်းကို ရိုးရှင်းပါတယ်။ အပေါ်ထိပ်မှ လိပ်စာဘားမှာ ဝက်ဆိုက် လိပ်စာကို ရိုက်ထည့်၍ ဝက်ဆိုက်များကို လည်ပတ်ရမှာ ဖြစ်ပါတယ်။ သူ့မှာ အခြား ဘရောက်စာများလို Tabs များစွာ ဖွင့်၍ ဝက်ဆိုက်များကို ကြည့်ရှုလို့ မရပါဘူး။


ဝက်ဆိုက်များကို ဖွင့်ကြည့်တဲ့ အခါမှာလည်း စာဖတ်ရတာ ရိုးရှင်း အဆင်ပြေပါတယ်။ ကြော်ညာများကိုလည်း ဖျောက်ပေးထားတဲ့အတွက် မျက်စိရှုပ်သက်သာသလို ဒေတာ ကုန်ကျမှု နည်းပါးပါတယ်။

လိပ်စာဘားရဲ့ ညာဘက်မှ အစက်သုံးစက်ကို နှိပ်ရင် ဘလော့လုပ်ပေးထားတဲ့ Trackers အရေအတွက်ကို ပြသပေးထားပါတယ်။ စာမျက်နှာကို Refresh လုပ်ဖို့ ခလုတ်လည်း ပါပါတယ်။ Share ကို နှိပ်၍ ဝက်ဆိုက်လိပ်စာကို အခြား လူများနဲ့ မျှဝေနိုင်ပါတယ်။ Open with ကို နှိပ်၍ အဲဒီ ဝက်ဆိုက်ကို အခြား ဘရောက်စာများနဲ့ ဖွင့်နိုင်ပါတယ်။ Add to home screen ကို နှိပ်ရင်တော့ အဲဒီဝက်ဆိုက်ကို Firefox Focus ကနေ လျှင်မြန်စွာ ဖွင့်နိုင်မယ့် Shortcut ကို Home Screen မှာ ထားရှိနိုင်ပါတယ်။

ဒါပေမယ့် အချို့ ဝက်ဆိုက်များမှာတော့ မြန်မာစာ မမှန်တာကို တွေ့ရပါတယ်။

ဝက်ဆိုက် လိပ်စာဘားရဲ့ ညာဘက်မှ အစက်သုံးစက်ကို နှိပ်ပြီး Settings ထဲသွားပါ။

Settings ထဲမှာ ဘာသာစကားများ ပြောင်းလဲနိုင်ပါတယ်။ သင်နှစ်သက်တဲ့ Search Engine ကို ရွေးချယ်နိုင်ပါတယ်။ URL Autocomplete မှာ On ပေးထားတဲ့အတွက် လိပ်စာဘားမှာ ဝက်ဆိုက်လိပ်စာများ ရိုက်ထည့်တဲ့အခါမှာ အစပိုင်း ရိုက်ထည့်ရုံနဲ့ နောက်ပိုင်းကို သူက အလိုအလျှောက် ဖြည့်ပေးပါတယ်။

Firefox Focus ဟာ User Interface ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူတဲ့ ဘရောက်စာ ဖြစ်ပါတယ်။ ပေါ့ပါးလျှင်မြန်တဲ့အတွက် စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများနဲ့ ဖုန်းအဟောင်းများမှာတောင် အသုံးပြုနိုင်ပါတယ်။ ဖိုင်အရွယ်အစားကလည်း သေးငယ်ပါတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားက အလွန်သေးငယ်ပြီး 4.5MB သာရှိပါတယ်။ Android 4.0.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

Ref : appreview

You may be interested

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ
NEWS, Softwares & Application
0 shares0 views

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ

Nigma - Mar 19, 2019

Xioami ဟာ Redmi Go အျပင္ Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈကိုလည္း အိႏၵိယမွာ ယေန႔ မိတ္ဆက္ခဲ့ပါတယ္။ Xiaomi ဟာ Mi Play ကို တ႐ုတ္ျပည္တြင္းမွာ ၂၀၁၆ ခုႏွစ္က စတင္ ထုတ္ေပးခဲ့တာ ျဖစ္ၿပီး၊ အိႏၵိယမွာ…

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20

Nigma - Mar 19, 2019

Samsung က လြန္ခဲ့တဲ့လမွာ Galaxy A10, A30 နဲ႔ A50 ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။ ယေန႔မွာေတာ့ A စီးရီးအသစ္ျဖစ္တဲ့ Galaxy A20 ကို ထပ္မံ မိတ္ဆက္လိုက္ျပန္ပါတယ္။ Samsung Galaxy A20 မွာ Galaxy…

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ
Android, Huawei, HUBS
105 shares15 views

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ

Ko Thuya - Mar 19, 2019

Honor က အိႏၵိယမွာ Honor 10 Lite ရဲ႕ ေမာ္ဒယ္အသစ္ကို ေၾကညာလိုက္ပါတယ္။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္ပါတယ္။ မူလေမာ္ဒယ္မွာ 4GB RAM , 64GB…

Leave a Comment

Most from this category