54 Shares 30 Views
ကမ္ဘာ့ဖလား ၂ဝ၁၈ ပရိသတ်များအတွက် Russia Roaming Packs များကို အူရီဒူးမှမိတ်ဆက်
Jul 11, 2018
54 30
[Zawgyi]
ဒေတာ ၁ GB ၂ GB
SMS ၁ဝ စောင် အစောင် ၂ဝ
သက်တမ်း ၇ ရက်         ၇ ရက်
#Ooredoo #PR
[Unicode]
\အူရီဒူးမြန်မာမှ ကမ္ဘာ့ဖလားကို ပျော်ရွင်စွာဆင်နွှဲနိုင်ရန် ယနေ့တွင် အူရီဒူးသုံးစွဲသူများအတွက် အထူးအစီအစဉ်တစ်ခုဖြစ်သည့် “Roam 2 Russia” ကို ရုရှားနိုင်ငံသို့သွားရောက်၍ ကမ္ဘာ့ဖလားပွဲစဉ်များ ကို ပျော်ရွှင်နှစ်ခြိုက်စွာ ကြည့်ရှုခံစားနိုင်ရန်၊ သို့မဟုတ် အလုပ်ကိစ္စသွားရောက်ရာတွင် အသုံးပြုနိုင်ရန် မိတ်ဆက်ပေးလိုက်ပါသည်။ ယခုစတင်မှုနှင့်အတူ Ooredoo Roaming Passport အစီအစဉ်တွင်ပါဝင်သည့် နိုင်ငံအရေအတွက်မှာ ၄ နိုင်ငံသို့ တိုးမြှင့်သွားပြီဖြစ်သည်။
          Roam 2 Russia roaming အစီအစဉ်နှစ်မျိုးရှိပါသည်။ ယင်းအစီအစဉ်များမှာ (၇) ရက် သက်တမ်းရှိပြီး ရရှိသည့် ခံစားခွင့်ပမာဏပေါ်တွင်မူတည်၍ ၁၅,ဝဝဝ ကျပ်တန် အစီအစဉ်နှင့်                        ၂၅,၀၀၀ ကျပ်တန် အစီအစဉ်ဟူ၍ မိတ်ဆက်ပေးထားပါသည်။ ယင်းအစီအစဉ်များတွင်ပါရှိသည့် ကမ်းလှမ်းချက်များမှာ သုံးစွဲသူများသည် ဒေတာအသုံးပြုခြင်း၊ မြန်မာနိုင်ငံသို့ဖုန်းခေါ်ဆိုခြင်း၊ ရုရှားနိုင်ငံအတွင်း ဖုန်းခေါ်ဆိုခြင်း၊ အဝင်ဖုန်းများလက်ခံခြင်းနှင့် SMS များ ပေးပို့ခြင်း စသည်တို့ကို သတ်မှတ်ထားသည့် အခကြေးငွေပေးခြင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ရုရှားနိုင်ငံသို့ရောက်ရှိနေစဉ် ယင်းအခွင့်ထူးများအားလုံးကို ရယူအသုံးပြုနိုင်ရန်အတွက် မိတ်ဖက်ပြုလုပ်ထားသည့် “Tele 2” ကွန်ရက်ကို ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ယင်းအစီအစဉ်ကို စာရင်းသွင်းအသုံးပြုနိုင်ရန်အတွက် သုံးစွဲသူများအနေဖြင့် *181*2*4# ကို ခေါ်ဆိုရယူရမည် (သို့မဟုတ်) မိမိတို့၏ My Ooredoo အက်ပလီကေးရှင်းကို အသုံးပြုပြီး “Roam 2 Russia” roaming pack ကို စာရင်းသွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။
အစီအစဉ်အကြောင်း ဖော်ပြချက် Russia Roaming Pack  
၁၅,ဝဝဝတန် အစီအစဉ် ၂၅,ဝဝဝ တန် အစီအစဉ်
စာရင်းသွင်းခ (အခွန်ပါပြီး) ၁၅,၇၅ဝ ကျပ် ၂၆,၂၅ဝ ကျပ်
ဒေတာ ၁ GB ၂ GB
မြန်မာနိုင်ငံသို့ ခေါ်ဆိုခြင်း (+၉၅) ၅ မိနစ် ၁ဝ မိနစ်
ရုရှားနိုင်ငံတွင်း ခေါ်ဆိုခြင်း (ရုရှား +၇) ၁၅ မိနစ် ၂၅ မိနစ်
MTC (အဝင်ဖုန်းများလက်ခံခြင်း) ၁၅ မိနစ် ၂၅ မိနစ်
SMS ၁ဝ စောင် အစောင် ၂ဝ
သက်တမ်း ၇ ရက်         ၇ ရက်
အူရီဒူးမြန်မာ၏ Chief Business Officer ဖြစ်သူ Mr. Anadi Agnihotri က “အူရီဒူးမှ သုံးစွဲသူတွေအတွက် သင့်လျော်ပြီး ထိုက်တန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နေတယ်ဆိုတာ အမြဲယုံကြည်ပါတယ်။ ကျွန်တော်တို့အနေဖြင့် ကမ္ဘာ့ဖလားကျင်းပနေစဉ်အတောအတွင်း Roam 2 Russia အစီအစဉ်တွေကို လူအများနှစ်ခြိုက်မယ့် ခံစားခွင့်တွေ၊ ဈေးနှုန်းတွေနဲ့အတူ ကမ်းလှမ်းပေးနိုင်တဲ့အတွက် ဝမ်းသာပါတယ်။” ဟု ပြောကြားလိုက်သည်။
အထူးသီးသန့် roaming အစီအစဉ်အနေဖြင့် Ooredoo Roaming Passport အစီအစဉ်ကို                 ဧပြီလ ၂ဝ၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး အူရီဒူးသုံးစွဲသူများအနေဖြင့် စင်္ကာပူနိုင်ငံ (Star Hub ကွန်ရက်)၊ ကာတာနိုင်ငံ (Ooredoo Qatar ကွန်ရက်) နှင့် အင်ဒိုနီးရှားနိုင်ငံ (Ooredoo Indosat ကွန်ရက်) တို့တွင် အထူးနှုန်းထားများနှင့် roaming ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ယခု ရုရှားအထူးအစီအစဉ်ကို မိတ်ဆက်ခြင်းနှင့်အတူ ရုရှားသည်လည်း အူရီဒူး Passport ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါသည်။
#Ooredoo #PR
You may be interested
အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ
NEWS, Softwares & Application
0 shares0 views
အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ
Nigma - Mar 19, 2019
Xioami ဟာ Redmi Go အပြင် Mi Pay ငွေပေးချေဝန်ဆောင်မှုကိုလည်း အိန္ဒိယမှာ ယနေ့ မိတ်ဆက်ခဲ့ပါတယ်။ Xiaomi ဟာ Mi Play ကို တရုတ်ပြည်တွင်းမှာ ၂၀၁၆ ခုနှစ်က စတင် ထုတ်ပေးခဲ့တာ ဖြစ်ပြီး၊ အိန္ဒိယမှာ…
Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views
Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20
Nigma - Mar 19, 2019
Samsung က လွန်ခဲ့တဲ့လမှာ Galaxy A10, A30 နဲ့ A50 ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ယနေ့မှာတော့ A စီးရီးအသစ်ဖြစ်တဲ့ Galaxy A20 ကို ထပ်မံ မိတ်ဆက်လိုက်ပြန်ပါတယ်။ Samsung Galaxy A20 မှာ Galaxy…
Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ
Android, Huawei, HUBS
105 shares15 views
Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ
Ko Thuya - Mar 19, 2019
Honor က အိန္ဒိယမှာ Honor 10 Lite ရဲ့ မော်ဒယ်အသစ်ကို ကြေညာလိုက်ပါတယ်။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ မူလမော်ဒယ်မှာ 4GB RAM , 64GB…
Leave a Comment
Most from this category