444 Shares 135 Views

Samsung Galaxy Note 8 နဲ႔ အလြန္တူတဲ့ Note 9 ရဲ႕ ဓါတ္ပံုထြက္ေပၚလာ

Jul 11, 2018
444 135

ဆမ္ေဆာင္းက ၾသဂုတ္လ ၉ ရက္ေန႔မွာ Note 9 ကို မိတ္ဆက္ေတာ့မွာပါ။ အခုေတာ့ သူ႔ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ သူဟာ Note 8 နဲ႔ အလြန္ တူပါတယ္။ ဓါတ္ပံုမ်ား ထုတ္ျပလိုက္တဲ့ Android Headlines က ဓါတ္ပံုမ်ားဟာ ဆမ္ေဆာင္းထံမွပံုမ်ား ျဖစ္ၿပီး ယံုၾကည္ရတဲ့ အရင္းအျမစ္တစ္ခုက ရထားတာလို႔ ေျပာပါတယ္။ ဓါတ္ပံုအရ ေခတ္စားေနတဲ့ Notch မပါဘဲ စကရင္ရဲ႕ အထက္မွ ေဘာင္မွာ ကင္မရာ၊ Iris Scanner နဲ႔ အျခား ဆန္ဆာမ်ားကို တပ္ဆင္ထားပါတယ္။

ဆမ္ေဆာင္းက Galaxy Note 9 မွာ Bixby Version 2.0 ပါမယ္လို႔ ေၾကညာထားပါတယ္။ ဗားရွင္းအသစ္ဟာ လူေတြေမးတဲ့ေမးခြန္းမ်ားကို ပိုမိုနားလည္လာၿပီး လွ်င္ျမန္စြာ အေျဖမ်ား ေျပာျပႏုိင္လာမွာ ျဖစ္ပါတယ္။ ဆူညံတဲ့ ပတ္၀န္းက်င္မွာေတာင္ သခင္ရဲ႕ အသံကို နားလည္ပါတယ္။ သူဟာ Version 1.0 ထက္ လုပ္ေဆာင္ခ်က္မ်ား ပိုမို ပါ၀င္လာမွာပါ။

Note 9 မွာ Note 8 ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားထက္ အနည္းငယ္ ပိုမို ႀကီးမားတဲ့ ၆.၄ လက္မ အရြယ္ မ်က္ႏွာျပင္ကို ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Aspect Ratio ကေတာ့ တူညီမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ အရြယ္အစား အပိုင္းမွာ Note 9 နဲ႔ S9+ တို႔ဟာ မတိမ္းမယိမ္း ျဖစ္လာပါတယ္။ Note 9 မွာ Note 8 ရဲ႕ 3300mAh Battery ထက္ ပိုိမုိႀကီးမားတဲ့ 3850mAh or 4000mAh Battery မ်ား ပါလာႏုိင္ပါတယ္။

Ref : tnw

unicode

Samsung Galaxy Note 8 နဲ့ အလွန်တူတဲ့ Note 9 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

ဆမ်ဆောင်းက သြဂုတ်လ ၉ ရက်နေ့မှာ Note 9 ကို မိတ်ဆက်တော့မှာပါ။ အခုတော့ သူ့ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူဟာ Note 8 နဲ့ အလွန် တူပါတယ်။ ဓါတ်ပုံများ ထုတ်ပြလိုက်တဲ့ Android Headlines က ဓါတ်ပုံများဟာ ဆမ်ဆောင်းထံမှပုံများ ဖြစ်ပြီး ယုံကြည်ရတဲ့ အရင်းအမြစ်တစ်ခုက ရထားတာလို့ ပြောပါတယ်။ ဓါတ်ပုံအရ ခေတ်စားနေတဲ့ Notch မပါဘဲ စကရင်ရဲ့ အထက်မှ ဘောင်မှာ ကင်မရာ၊ Iris Scanner နဲ့ အခြား ဆန်ဆာများကို တပ်ဆင်ထားပါတယ်။

ဆမ်ဆောင်းက Galaxy Note 9 မှာ Bixby Version 2.0 ပါမယ်လို့ ကြေညာထားပါတယ်။ ဗားရှင်းအသစ်ဟာ လူတွေမေးတဲ့မေးခွန်းများကို ပိုမိုနားလည်လာပြီး လျှင်မြန်စွာ အဖြေများ ပြောပြနိုင်လာမှာ ဖြစ်ပါတယ်။ ဆူညံတဲ့ ပတ်ဝန်းကျင်မှာတောင် သခင်ရဲ့ အသံကို နားလည်ပါတယ်။ သူဟာ Version 1.0 ထက် လုပ်ဆောင်ချက်များ ပိုမို ပါဝင်လာမှာပါ။

Note 9 မှာ Note 8 ရဲ့ မျက်နှာပြင် အရွယ်အစားထက် အနည်းငယ် ပိုမို ကြီးမားတဲ့ ၆.၄ လက်မ အရွယ် မျက်နှာပြင်ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Aspect Ratio ကတော့ တူညီမယ်လို့ သိရပါတယ်။ မျက်နှာပြင် အရွယ်အစား အပိုင်းမှာ Note 9 နဲ့ S9+ တို့ဟာ မတိမ်းမယိမ်း ဖြစ်လာပါတယ်။ Note 9 မှာ Note 8 ရဲ့ 3300mAh Battery ထက် ပိုမိုကြီးမားတဲ့ 3850mAh or 4000mAh Battery များ ပါလာနိုင်ပါတယ်။

Ref : tnw

You may be interested

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11

Ko Thuya - Mar 21, 2019

Samsung Galaxy S10 ရဲ႕ Face Unlock ကို ဓါတ္ပံုအတုမ်ားနဲ႔ လွည့္စားလို႔ရတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ပါတယ္။ အဲဒီအတြက္ မ်က္ႏွာအာရံုခံ စနစ္ဟာ ရာႏႈန္းျပည့္ မလံုျခံဳပါဘူး။ အဲဒါေၾကာင့္ သူ႕ထက္ လံုျခံဳတဲ့ နည္းပညာတစ္ခုကို Apple က…

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
47 shares155 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
73 shares216 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

Leave a Comment

Most from this category