225 Shares 122 Views


Jul 11, 2018
225 122





Ref : theverge

unicode

Facebook က News Feed မှာ AR Ads များကို စမ်းသပ်နေ

Facebook က Virtual Fitting Room လို စွမ်းရည်တစ်ခုကို သူ့ရဲ့ လူမှုကွန်ရက်မှာ စမ်းသပ်နေပါတယ်။ Virtual Fitting Room ဆိုတာက Facebook မှာ မျက်မှန်ကြော်ညာ တစ်ခုကို တွေ့တဲ့ အခါ အဲဒီ မျက်မှန်ကို သင် ဝတ်ဆင်လိုက်ရင် ဘယ်လို ပုံသဏ္ဍာန် ရှိမလဲဆိုတာကို ပြသပေးပါတယ်။ တစ်နည်းအားဖြင့် Augmented Reality နည်းပညာကို သုံးထားတဲ့ ကြော်ညာများ ဖြစ်ပါတယ်။

AR Ads များဟာ စမ်းသပ်ဆဲ အဆင့်မှာသာ ရှိပါသေးတယ်။ အမေရိကန်မှာတော့ အဲဒီကြော်ညာများကို မြင်နေရပါပြီ။ Facebook ဟာ ၂၀၁၆ ခုနှစ်မှာ AR Face Filter App ဖြစ်တဲ့ MSQRD ကို ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက်မှာ Facebook နဲ့ Messenger Camera Features များမှာ Filters များကို ပိုမို ထည့်သွင်းပေးခဲ့ပါတယ်။

Users များဟာ အနာဂတ်မှာ Facebook မှာ ရောင်းချတဲ့ လူသုံးကုန် ပစ္စည်းများ၊ အလှကုန်များနဲ့ အခြား ထုတ်ကုန်များကို AR နည်းပညာဖြင့် စမ်းသပ် အသုံးပြုကြည့်ပြီးတော့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက နာမည်ကျော် စတိုးဆိုင်များ ဖြစ်တဲ့ Sephora, Wayfair, Pottery Barn တို့ အပါအဝင် အခြား စတိုးဆိုင်များနဲ့ ပူးပေါင်းထားပြီး AR Ads များကို စမ်းသပ်ဖို့ ပြင်ဆင်နေပါတယ်။

Facebook က Shopping for Instagram Stories အမည်ရ လုပ်ဆောင်ချက်ကိုလည်း တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။ ဒီလုပ်ဆောင်ချက်က စီးပွားရေး လုပ်ငန်းများဟာ Instagram Stories များကနေ ထုတ်ကုန်များကို ရောင်းချနိုင်ပါတယ်။

Ref : theverge

You may be interested

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
HOW TO, Softwares & Application, Softwares & Application
0 shares0 views

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?

Ko Thuya - Sep 26, 2018

Facebook က Android App မှာ Your Time on Facebook အမည်ရ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက တစ်နေ့လျှင် သင် Facebook ကို အချိန်ဘယ်လောက် သုံးသလဲ ဆိုတာကို တစ်နေ့ချင်းစီအတွက် ပြသပေးထားပါတယ်။ တစ်နေ့လျှင်…

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock
Gadgets, NEWS
38 shares8 views

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock

Ko Thuya - Sep 26, 2018

အခုဆိုရင် နေအိမ်တံခါးများမှာ Smart Lock များကို အသုံးပြုလာကြပါပြီ။ အခုလည်း Lockly က ထူးခြား ဆန်းသစ်တဲ့ စမတ် လော့ခ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Secure Plus Lock ဖြစ်ပြီး သူ့မှာ 3D Fingerprint…

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
76 shares36 views

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ

Ko Thuya - Sep 26, 2018

Xiaomi က သူ့ရဲ့ ပထမဆုံး Gaming Phone ကို ယခုနှစ် ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှ မှတ်ပုံတင် သတင်းအချက်အလက်များ ထွက်ပေါ်လာတဲ့ အတွက် Xiaomi ဟာ ဒုတိယ…

Leave a Comment

Most from this category