0 Shares 14902 Views
Jul 11, 2018
0 14902
Ref : tnw
unicode
Apple Store ကနေ ဒေါ်လာ ၂၇၀၀၀ ကျော်ဖိုး MacBook နဲ့ iPhone များ လုယူမှုဖြစ်ပွား
လူလေးဦးဟာ Apple Store ကနေ ဒေါ်လာ ၂၇၀၀၀ ကျော်ဖိုး MacBook နဲ့ iPhone များ လုယူမှုဖြစ်ပွားခဲ့ပါတယ်။ လုယူမှုဟာ စက္ကန့်ပိုင်းသာ ကြာခဲ့ပြီး ထွက်ပြေးသွားခဲ့ကြပါတယ်။ သူတို့ဟာ ခေါင်းစွပ်ပါတဲ့ အင်္ကျ ီများကို ဝတ်ဆင်ထားကြပြီး ခေါင်းကို အုပ်ထားပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဖရက်စနိုရှိ Fashion Fair Mall အတွင်းမှ Apple Store မှာ အခင်း ဖြစ်ပွားခဲ့တာပါ။
သူတို့ဟာ စတိုးမှ လက်တော့နဲ့ ဖုန်းများကို ချိတ်ဆက်ထားတဲ့ ကြိုးများအား လျှင်မြန်စွာ ဖြုတ်ပြီးတာနဲ့ ပစ္စည်းများကို ကိုင်ကာ စတိုးထဲကနေ ပြေးထွက်သွားခဲ့တာပါ။ အခင်းဖြစ်ပွားချိန်ဟာ စက္ကန့် ၆၀ ပဲ ကြာမြင့်ခဲ့ပါတယ်။ လုံခြုံရေး ကင်မရာကနေ လုယူမှုကို ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။
iPhone 6,7,8 , X များနဲ့ လက်ပ်တော့များစွာ ပါသွားခဲ့ပါတယ်။ သံသယ ဖြစ်သူများဟာ လေးဦး သို့မဟုတ် ငါးဦးလောက်ရှိနိုင်ပြီး လူမည်းများ ဖြစ်နိုင်တယ်လို့ ရဲများက ပြောပါတယ်။ အသက်အားဖြင့် ၁၆ ကနေ ၁၈ နှစ်အတွင်း ရှိနိုင်ပါတယ်။ ဇွန်လ ၂၁ ရက်နေ့ ကယ်လီဖိုးနီးယား ပြည်နယ် ၊ San Luis Obispo မှာ ဖြစ်ပွားခဲ့တဲ့ Apple Store လုယက်မှုနဲ့ ဆက်စပ်နိုင်ပါတယ်။
ပဌ္စမမြောက် လူဟာ အပြင်ဘက်မှာ ကားတစ်စီးနဲ့ စောင့်နေတယ်လို့ ထင်ရပါတယ်။ “ ကယ်လီဖိုးနီးယားရဲ့ အခြား မြို့များနဲ့ တည်နေရာများမှ Apple စတိုးများမှာ အလားတူ အမှုများ ဖြစ်ပွားနေပါတယ်။ ဒီအမှုဟာ အခြား အမှုများနဲ့ ပတ်သက်မလားဆိုတာ စုံစမ်းနေပါတယ်။ “ လို့ ရဲဌာနက ပြောပါတယ်။
Ref : tnw
You may be interested
6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ကြေညာ
Android, HUBS, Mobiles & Tablets
0 shares0 views
6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ကြေညာ
Ko Thuya - May 23, 2019
OPPO က စွမ်းဆောင်ရည်သင့် K3 စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ Full HD+ AMOLED Display တပ်ဆင်ထားပြီး Notch မပါပါဘူး။ Screen-to-body Ratio မှာ ၉၁.၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ယခင်မျိုးဆက်ထက်…
မိုဘိုင်းမှာ အသွင်အနည်းငယ် ပြောင်းသွားတဲ့ Google Search
NEWS, Softwares & Application
0 shares0 views
မိုဘိုင်းမှာ အသွင်အနည်းငယ် ပြောင်းသွားတဲ့ Google Search
Nigma - May 23, 2019
Google က Mobile Devices တွေအတွက် Search Result ဖော်ပြတဲ့ စာမျက်နှာကို ဒီဇိုင်းအနည်းငယ် ပြောင်းလဲလိုက်ပါတယ်။ အခုဆိုရင် Search Result တခုချင်းစီရဲ့ ခေါင်းစီးစာသား (Title) ပေါ်မှာ website ရဲ့ icon နဲ့ နာမည်တို့ကို…
League of Legends မိုဘိုင်းဂိမ်းကို Riot Games နဲ့ Tencents တို့ ပူးပေါင်းထုတ်လုပ်မည်
NEWS
0 shares38 views
League of Legends မိုဘိုင်းဂိမ်းကို Riot Games နဲ့ Tencents တို့ ပူးပေါင်းထုတ်လုပ်မည်
Nigma - May 23, 2019
နာမည်ကြီး MOBA ဂိမ်းတခုဖြစ်တဲ့ League of Legends ကို မိုဘိုင်းဗားရှင်းထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ League of Legends ဂိမ်း developer Riot Games နဲ့ မိခင်ကုမ္ပဏီ Tencent တို့ က LoL…
Leave a Comment
Most from this category