မနက်ဖြန်မှာတွေ့ရတော့မယ့် Nokia X5 စမတ်ဖုန်း

[Zawgyi]





[Unicode]

Nokia X5 စမတ်ဖုန်းကတော့ မနက်ဖြန် ဇူလိုင်လ ၁၁ ရက်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်ကြောင်း အတည်ပြုပြီးပါပြီ။ TENAA ကနေ ပုံတွေ Specs တွေနဲ့ Bluetooth Certification တွေထွက်လာခဲ့ပြီးနောက်မှာတော့ အခု Baidu မှာ Press Render ပုံတွေပေါ်ထွက်လာခဲ့ပါပြီ။

Image result for Leaked Nokia X5 press renders reveal wide notch

X6 မှာတုန်းကလိုပဲ Nokia X5 မှာလည်း ကျောဘက် Dual-Camera နဲ့ ရှေ့ဘက်မှာ Notch ပါပါတယ်။ သူ့ရဲ့ Notch ကတော့ iPhone X တို့ Xiaomi Mi 8 တို့လောက်ကို Notch အရွယ်ပိုကျယ်လာတာကို တွေ့ရပါတယ်။ ( ပုံပါအတိုင်းဆိုရင်တော့ )

X6 နဲ့တော်တော်လေးကို ဆင်ပေမယ့် Nokia X5 မှာ ကင်မရာနဲ့ Fingerprint Sensor ကိုအနားသတ်ကွပ်ထားတဲ့သတ္တုဘောင်မပါတာကတော့ သိသာကွာခြားစေတဲအချက်ပါ။ သူ့မှာတော့ Full HD+ မဟုတ်ဘဲ HD+ resolution ကိုမှ နောက်ကင်မရာတွေက 13MP+5MP ရှိပါတယ်။ ဈေးနှုန်းကတော့ မှန်းထားရသလောက် တရုတ်ယွမ် ၉၉၉ (ဒေါ်လာ ၁၅၀) မကျော်နိုင်ပါဘူး။

Ref: GsmArena

%d bloggers like this: