577 Shares 278 Views

ေမ့သြားတဲ့ Android Lock Screen ကို ဘယ္လို ေက်ာ္မလဲ ?

Jul 10, 2018
577 278

Android Device ကို PIN Code , Pattern မ်ားျဖင့္ ကာကြယ္ထားသူမ်ားအတြက္ ေမ့သြားတဲ့ အခါမွာ အခက္အခဲ ၾကံဳေတြ႕ၾကရပါတယ္။ ဒါေပမယ့္ အဲဒီ Lock Screen ကို ေက်ာ္ျဖတ္ႏုိင္တဲ့ လြယ္ကူတဲ့ နည္းလမ္းမ်ား ရွိပါတယ္။ အဲဒီနည္းလမ္းမ်ားထဲက အေကာင္းဆံုး နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

အေကာင္းဆံုး နည္းလမ္း။ ။ Android Device Manager ( Android 2.3 နဲ႔ သူ႔အထက္ )

အရုိုးရွင္းဆံုးနဲ႔ အေကာင္းဆံုး နည္းလမ္းကေတာ့ Android Device Manager ျဖစ္ပါတယ္။ သင့္ဖုန္းမွာ Google အေကာင့္ ထည့္ထားတာနဲ႔ ဒီနည္းလမ္းက အလုပ္ျဖစ္ပါၿပီ။ ကြန္ျပဴတာကေန Android Device Manager ၀က္ဆိုက္ကို သြားပါ။ သင့္ Google အေကာင့္နဲ႔ Login ၀င္ပါ။ Device ကို ေရြးခ်ယ္ပါ။ Code အသစ္တစ္ခုနဲ႔ Lock လုပ္လိုက္တာနဲ႔ ယခင္ Code အေဟာင္းကို Override လုပ္ေပးမွာပါ။

အျခားနည္းလမ္းမ်ား

Smart Lock

Android Device မ်ားမွာ Smart Lock စြမ္းေဆာင္ခ်က္ ထည့္ေပးထားပါတယ္။ သူက သင့္ေနအိမ္လို စိတ္ခ်ရတဲ့ ေနရာမ်ားနဲ႔ သင့္ရဲ႕ စမတ္နာရီလို ကိရိယာမ်ား အနားမွာ သင့္ Android Device ရွိေနခ်ိန္မွာ အလိုလို ဖုန္းကို Unlock လုပ္ေပးတဲ့ စြမ္းေဆာင္ခ်က္ျဖစ္ပါတယ္။ သင့္ရဲ႕ ဖုန္းကို အဲဒီတည္ေနရာနဲ႔ ကိရိယာမ်ား အနားကို ယူသြားလိုက္တာနဲ႔ အိုေကပါၿပီ။ သင့္ဖုန္းမွာ Smart Lock ကို အရင္ Set Up လုပ္ထားရမွာပါ။

Third Party Security Options

အခ်ိဳ႕ စမတ္ဖုန္း ထုတ္လုပ္သူမ်ားက သူတို႔ကိုယ္ပိုင္ Security Software မ်ားကို ဖုန္းမွာ ထည့္ေပးတတ္ၾကပါတယ္။ ဥပမာအားျဖင့္ Samsung ရဲ႕ Find My Mobile ျဖစ္ပါတယ္။ ဒီနည္းလမ္းကလည္း အရင္ Set Up လုပ္ထားရမွာပါ။ ဖုန္းရဲ႕ Lock Screen PIN သို႔မဟုတ္ Pattern ေမ့သြားရင္ ပီစီ သို႔မဟုတ္ အျခား Device တစ္ခုကေန Find My Mobile ၀က္ဆိုက္ကို သြားၿပီး Unlock လုပ္လိုက္ရံုပါပဲ။

Password Reset ( Android KitKat နဲ႔ သူ႔အရင္ ဗားရွင္းမ်ား )

သင့္ဖုန္းဟာ Android KitKat နဲ႔ သူ႔အရင္ ဗားရွင္းဆိုရင္ ( Lollipop မတိုင္ခင္ ဗားရွင္းမ်ား ) PIN နဲ႔ Pattern မ်ားကို ေက်ာ္ျဖတ္ဖုိ႔ အလြန္ လြယ္ကူပါတယ္။ မွားယြင္းတဲ့ PIN သို႔မဟုတ္ Pattern ကို ၅ ခါ ရိုက္ထည့္မိတာနဲ႔ “ Too many attempts “ ဆိုတဲ့ သတိေပးစာကို ျမင္ရမွာပါ။ အဲဒီကေန သင့္ရဲ႕ Gmail နဲ႔ Password ကို ထည့္သြင္းေပးလိုက္တာနဲ႔ Lock Screen ကို ေက်ာ္ျဖတ္ႏုိင္ပါၿပီ။

ေနာက္ဆံုး နည္းလမ္း။ ။ Factory Reset

ဒီနည္းကို သံုးရင္ Android Device မွ ေဒတာမ်ား အားလံုးကို ဖ်က္ပစ္မွာ ျဖစ္တဲ့အတြက္ အေပၚက နည္းလမ္းမ်ားနဲ႔ အဆင္မေျပမွသာ အသံုးျပဳသင့္ပါတယ္။ ဒီနည္းလမ္းကို သံုးဖို႔ အလြယ္ဆံုး နည္းလမ္းကေတာ့ ပီစီကေန Android Device Manager ၀က္ဆိုက္ကိုသြားပါ။ သင့္ Google အေကာင့္နဲ႔ Login ၀င္ပါ။ Factory Reset လုပ္ပါ။

ေနာက္တစ္နည္းက ဖုန္းရဲ႕ Recovery Mode ကေန Factory Reset လုပ္တာပါ။ Recovery Mode ထဲ ၀င္တဲ့ နည္းလမ္းကေတာ့ ဖုန္းတစ္လံုးနဲ႔ တစ္လံုး မတူၾကပါဘူး။ အမ်ားစုအတြက္ ဖုန္းပိတ္ထားစဥ္မွာ Power နဲ႔ Volume ခလုတ္မ်ားကို တစ္ၿပိဳင္နက္ ဖိၿပီး ၀င္ရတာပါ။ သင့္ဖုန္းအတြက္ ခလုတ္အတြဲအစပ္မ်ားကို အြန္လိုင္းကေန ရွာႏုိင္ပါတယ္။ Recovery Mode ထဲေရာက္ရင္ေတာ့ Factory Reset ကို ရွာၿပီး ျပဳလုပ္ႏုိင္ပါတယ္။

ref : androidpit

unicode

မေ့သွားတဲ့ Android Lock Screen ကို ဘယ်လို ကျော်မလဲ ?

Android Device ကို PIN Code , Pattern များဖြင့် ကာကွယ်ထားသူများအတွက် မေ့သွားတဲ့ အခါမှာ အခက်အခဲ ကြုံတွေ့ကြရပါတယ်။ ဒါပေမယ့် အဲဒီ Lock Screen ကို ကျော်ဖြတ်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းများ ရှိပါတယ်။ အဲဒီနည်းလမ်းများထဲက အကောင်းဆုံး နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

အကောင်းဆုံး နည်းလမ်း။ ။ Android Device Manager ( Android 2.3 နဲ့ သူ့အထက် )

အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး နည်းလမ်းကတော့ Android Device Manager ဖြစ်ပါတယ်။ သင့်ဖုန်းမှာ Google အကောင့် ထည့်ထားတာနဲ့ ဒီနည်းလမ်းက အလုပ်ဖြစ်ပါပြီ။ ကွန်ပြူတာကနေ Android Device Manager ဝက်ဆိုက်ကို သွားပါ။ သင့် Google အကောင့်နဲ့ Login ဝင်ပါ။ Device ကို ရွေးချယ်ပါ။ Code အသစ်တစ်ခုနဲ့ Lock လုပ်လိုက်တာနဲ့ ယခင် Code အဟောင်းကို Override လုပ်ပေးမှာပါ။

အခြားနည်းလမ်းများ

Smart Lock

Android Device များမှာ Smart Lock စွမ်းဆောင်ချက် ထည့်ပေးထားပါတယ်။ သူက သင့်နေအိမ်လို စိတ်ချရတဲ့ နေရာများနဲ့ သင့်ရဲ့ စမတ်နာရီလို ကိရိယာများ အနားမှာ သင့် Android Device ရှိနေချိန်မှာ အလိုလို ဖုန်းကို Unlock လုပ်ပေးတဲ့ စွမ်းဆောင်ချက်ဖြစ်ပါတယ်။ သင့်ရဲ့ ဖုန်းကို အဲဒီတည်နေရာနဲ့ ကိရိယာများ အနားကို ယူသွားလိုက်တာနဲ့ အိုကေပါပြီ။ သင့်ဖုန်းမှာ Smart Lock ကို အရင် Set Up လုပ်ထားရမှာပါ။

Third Party Security Options

အချို့ စမတ်ဖုန်း ထုတ်လုပ်သူများက သူတို့ကိုယ်ပိုင် Security Software များကို ဖုန်းမှာ ထည့်ပေးတတ်ကြပါတယ်။ ဥပမာအားဖြင့် Samsung ရဲ့ Find My Mobile ဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း အရင် Set Up လုပ်ထားရမှာပါ။ ဖုန်းရဲ့ Lock Screen PIN သို့မဟုတ် Pattern မေ့သွားရင် ပီစီ သို့မဟုတ် အခြား Device တစ်ခုကနေ Find My Mobile ဝက်ဆိုက်ကို သွားပြီး Unlock လုပ်လိုက်ရုံပါပဲ။

Password Reset ( Android KitKat နဲ့ သူ့အရင် ဗားရှင်းများ )

သင့်ဖုန်းဟာ Android KitKat နဲ့ သူ့အရင် ဗားရှင်းဆိုရင် ( Lollipop မတိုင်ခင် ဗားရှင်းများ ) PIN နဲ့ Pattern များကို ကျော်ဖြတ်ဖို့ အလွန် လွယ်ကူပါတယ်။ မှားယွင်းတဲ့ PIN သို့မဟုတ် Pattern ကို ၅ ခါ ရိုက်ထည့်မိတာနဲ့ “ Too many attempts “ ဆိုတဲ့ သတိပေးစာကို မြင်ရမှာပါ။ အဲဒီကနေ သင့်ရဲ့ Gmail နဲ့ Password ကို ထည့်သွင်းပေးလိုက်တာနဲ့ Lock Screen ကို ကျော်ဖြတ်နိုင်ပါပြီ။

နောက်ဆုံး နည်းလမ်း။ ။ Factory Reset

ဒီနည်းကို သုံးရင် Android Device မှ ဒေတာများ အားလုံးကို ဖျက်ပစ်မှာ ဖြစ်တဲ့အတွက် အပေါ်က နည်းလမ်းများနဲ့ အဆင်မပြေမှသာ အသုံးပြုသင့်ပါတယ်။ ဒီနည်းလမ်းကို သုံးဖို့ အလွယ်ဆုံး နည်းလမ်းကတော့ ပီစီကနေ Android Device Manager ဝက်ဆိုက်ကိုသွားပါ။ သင့် Google အကောင့်နဲ့ Login ဝင်ပါ။ Factory Reset လုပ်ပါ။

နောက်တစ်နည်းက ဖုန်းရဲ့ Recovery Mode ကနေ Factory Reset လုပ်တာပါ။ Recovery Mode ထဲ ဝင်တဲ့ နည်းလမ်းကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူကြပါဘူး။ အများစုအတွက် ဖုန်းပိတ်ထားစဉ်မှာ Power နဲ့ Volume ခလုတ်များကို တစ်ပြိုင်နက် ဖိပြီး ဝင်ရတာပါ။ သင့်ဖုန်းအတွက် ခလုတ်အတွဲအစပ်များကို အွန်လိုင်းကနေ ရှာနိုင်ပါတယ်။ Recovery Mode ထဲရောက်ရင်တော့ Factory Reset ကို ရှာပြီး ပြုလုပ်နိုင်ပါတယ်။

ref : androidpit

You may be interested

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
0 shares0 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

မိုဘိုင္းဖုန္းမ်ားအတြက္ 8GB LPDDR5 DRAM ေတြကို ထုတ္လုပ္ေတာ့မယ့္ Samsung
Samsung
119 shares18 views

မိုဘိုင္းဖုန္းမ်ားအတြက္ 8GB LPDDR5 DRAM ေတြကို ထုတ္လုပ္ေတာ့မယ့္ Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အေနနဲ႔ 8GB LPDDR5 DRAM Chip အေၾကာင္းေတြကို မေန႔ ညေနတုန္းက ေၾကျငာခဲ့တာ ျဖစ္ပါတယ္။ 8GB LPDDR5 ေတြဟာ ကုမၸဏီရဲ႕ ပထမဦးဆုံး 10nm အမ်ိဴးအစား Chip မ်ား ျဖစ္သလို 5G…

Xiaomi က ဇူလိုင္လ ၂၄ ရက္ေန႔မွာ Mi A2 Lite ကို မိတ္ဆက္မယ္လို႔ အတည္ျပဳ
Android, HUBS, Mobiles & Tablets
93 shares115 views

Xiaomi က ဇူလိုင္လ ၂၄ ရက္ေန႔မွာ Mi A2 Lite ကို မိတ္ဆက္မယ္လို႔ အတည္ျပဳ

Ko Thuya - Jul 18, 2018

ေရွာင္မီက တြစ္တာအေကာင့္ကေန Mi A2 ရဲ႕ သတင္းအခ်က္အလက္မ်ားကို အရိပ္အျမြက္ ျပသေနပါတယ္။ အခုေတာ့ Mi A2 နဲ႔အတူ Mi A2 Lite ကိုပါ မိတ္ဆက္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ပထမ Tweet မွာ “ 2…

Leave a Comment

Most from this category