0 Shares 31 Views

ကမ္ဘာ့ပထမဆုံး 3D ဆေးရောင်စုံဇာတ်ကားကြီး ‘The House of Wax’ ရုံတင်တာ ၆၃ နှစ်ပြည့်နေ့

Apr 10, 2016
0 31

နာမည်ကျော်အမေရိကန်မင်းသားကြီး Vincent Price ပါဝင်သရုပ်ဆောင်ထားတဲ့ The House of Wax 3-D ဆေးရောင်စုံဇာတ်ကားကြီးကို New York က Paramount ရုပ်ရှင်ရုံမှာ ၁၉၅၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့က စတင်ပြသခဲ့ပါတယ်။

ဒီနေ့ဆိုရင်တော့ ဒီဇာတ်ကားကြီးကို စတင်ပြသခဲ့တာ နှစ်ပေါင်း ၆၃ နှစ်တင်းတင်း ပြည့်သွားပြီဖြစ်ပါတယ်။

Warner Brothers ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်တဲ့ The House of Wax ရုပ်ရှင်ကားဟာ၊ နာမည်ကျော်ရုပ်ရှင်စတူဒီယိုတစ်ခုက ရိုက်ကူးတဲ့ ပထမဆုံး 3D ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး၊ ပထမဆုံး ဆေးရောင်စုံ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုလည်း ဖြစ်ပါတယ်။

ဒီ The House of Wax (1953) ဇာတ်ကားကို 3-D ရိုက်ကူးရာမှာ မှန်ဘီလူးနှစ်ခုပါကင်မရာ (ကင်မရာနှစ်လုံး) ကို အသုံးပြုခဲ့ပြီး၊ ဒီကင်မရာနှစ်ခုက ပုံရိပ်တွေကို ပိတ်ကားပေါ် တစ်ပြိုင်နက်ထိုးပြီး၊ 3D ရုပ်ရှင်ဖန်တီးခဲ့တာပါ။

The House of Wax ဇာတ်ကားကို ပရိတ်သတ်တွေအနေနဲ့၊ အထူးပြုလုပ်ထားတဲ့မျက်မှန်တွေ တပ်ဆင်ကာ ကြည့်ရှုခဲ့ရပြီး၊ မင်းသမီးနောက်ကို လူသတ်သမားပြေးလိုက်ခန်းမှာ ပရိတ်သတ်တွေကိုယ်တိုင် နောက်ကပြေးလိုက်ကြည့်နေရသလိုမျိုး အပီအပြင်ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Ref: History

 

 

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category