347 Shares 618 Views
Jul 10, 2018
347 618
Ref : theverge
unicode
Microsoft က တန်ဖိုးနည်း Surface Go Tablet ကို ကြေညာ
မိုက်ကရိုဆော့ဖ်က Surface Go အမည်ရ တန်ဖိုးနည်း တက်ဘလက် အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ၁၀ လက်မ 1800×1200 Display နဲ့ Windows 10 ၊ Kickstand များ ထည့်သွင်းထားပါတယ်။ တန်ဖိုးအားဖြင့် ၃၉၉ ဒေါ်လာသာ ရှိပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး သြဂုတ်လမှာ ရောင်းမှာပါ။
သူ့ရဲ့ ဒီဇိုင်းက အခြား Surface Device များနဲ့ တူညီပါတယ်။ Kickstand က တက်ဘလက်ကို ပုံစံအနေအထားများစွာနဲ့သုံးနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အရှေ့ကင်မရာမှာ မျက်နှာဖြင့် Login ဝင်နိုင်တဲ့ စွမ်းရည်ပါပါတယ်။ Surface Connector Port ကနေ အားသွင်းခြင်းနဲ့ ဒတ်စတော့ကို ချိတ်ဆက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ USB-C 3.1 Port တစ်ခုလည်း ပါပါတယ်။
သူ့မှာ Windows 10 မှ Split-Screen နဲ့ Multitasking Modes များလို Productivity ကို တိုးတက်စေမယ့် လုပ်ဆောင်ချက်များ ပါပါတယ်။ 4GB RAM , 64GB SSD Model ကို ၃၉၉ ဒေါ်လာနဲ့ 8GB RAM , 128GB SSD Model ကို ၅၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Surface Go Type Cover ကို ၉၉ ဒေါ်လာဖြင့် သီးခြား ဝယ်ယူရမှာ ဖြစ်ပါတယ်။ Surface Mobile Mouse ကို ၃၅ ဒေါ်လာနဲ့ Surface Pen ကို ၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
သူ့မှာ Intel Pentium Gold 4415Y Processor ထည့်သွင်းထားပါတယ်။။ သူဟာ Dual-Core 7th Gen Model ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၉ နာရီခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အစောပိုင်းမှာ ဝိုင်ဖိုင်မော်ဒယ်ကိုသာ ရောင်းချမှာပါ။ LTE Model ကို ယခုနှစ်နှောင်းပိုင်းမှာ ဝယ်ယူနိုင်မှာပါ။
Ref : theverge
You may be interested
မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views
မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11
Ko Thuya - Mar 21, 2019
Samsung Galaxy S10 ရဲ့ Face Unlock ကို ဓါတ်ပုံအတုများနဲ့ လှည့်စားလို့ရတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက် မျက်နှာအာရုံခံ စနစ်ဟာ ရာနှုန်းပြည့် မလုံခြုံပါဘူး။ အဲဒါကြောင့် သူ့ထက် လုံခြုံတဲ့ နည်းပညာတစ်ခုကို Apple က…
Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
47 shares155 views
Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Nigma - Mar 21, 2019
Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…
Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
73 shares216 views
Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
Nigma - Mar 21, 2019
Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…
Leave a Comment
Most from this category