Samsung Galaxy S10+ မွာ Dual Selfie Camera ပါမည္

ဆမ္ေဆာင္းရဲ႕ လာမယ့္ႏွစ္မွာ မိတ္ဆက္မယ့္ Galaxy S10 နဲ႔ S10+ ရဲ႕ သတင္းအခ်က္အလက္မ်ား အခုကတည္းက ေပါက္ၾကားထြက္ေပၚလာပါတယ္။ ယခုထြက္ေပၚလာတဲ့ သတင္းအရ Galaxy S10+ မွာ အေနာက္ကင္မရာ သံုးလံုးနဲ႔ အေရွ႕ ကင္မရာ ႏွစ္လံုး ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ အေနာက္ကင္မရာ သံုးလံုးကေတာ့ 12MP Wide+12MP Tele + 16MP Fixed-Focus 120 Degree Super Wide Angle Camera မ်ား ျဖစ္ပါတယ္။

ဒီႏွစ္မွာ Galaxy S Series မ်ားကို ၂ လံုး မဟုတ္ဘဲ ၃ လံုးေတာင္ ထုတ္လုပ္ေရာင္းခ်မွာပါ။ Plus Version မွာ ၆.၄၄ လက္မ မ်က္ႏွာျပင္နဲ႔ Standard Model မွာ ၆.၂ လက္မ မ်က္ႏွာျပင္မ်ား ပါလာမွာပါ။ တန္ဖိုးနည္း ေမာ္ဒယ္မွာ ၅.၈ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားမွာပါ။

တန္ဖိုး ႀကီး ေမာ္ဒယ္ႏွစ္ခုထဲမွ တစ္လံုးမွာ ေဘးဘက္ လက္ေဗြရာ ကိရိယာနဲ႔ Curved အစား Flat Infinity Display တပ္ဆင္ထားမွာပါ။ အဲဒီအလံုးမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာလည္း ပါလာႏုိင္ပါတယ္။ အဲဒီ စမတ္ဖုန္း အားလံုးမွာ 3D Face Scanning နည္းပညာလည္း ပါလာႏုိင္ပါတယ္။ ဒါ့အျပင္ Iris Scanning လည္း ထည့္ေပးထားမွာပါ။ အဲဒီအထဲမွ တစ္လံုးမွာ ေဘးဘက္ Fingerprint Scanner ပါမယ္လို႔ သိရပါတယ္။

Ref : gsmarena

unicode

Samsung Galaxy S10+ မှာ Dual Selfie Camera ပါမည်

ဆမ်ဆောင်းရဲ့ လာမယ့်နှစ်မှာ မိတ်ဆက်မယ့် Galaxy S10 နဲ့ S10+ ရဲ့ သတင်းအချက်အလက်များ အခုကတည်းက ပေါက်ကြားထွက်ပေါ်လာပါတယ်။ ယခုထွက်ပေါ်လာတဲ့ သတင်းအရ Galaxy S10+ မှာ အနောက်ကင်မရာ သုံးလုံးနဲ့ အရှေ့ ကင်မရာ နှစ်လုံး ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အနောက်ကင်မရာ သုံးလုံးကတော့ 12MP Wide+12MP Tele + 16MP Fixed-Focus 120 Degree Super Wide Angle Camera များ ဖြစ်ပါတယ်။

ဒီနှစ်မှာ Galaxy S Series များကို ၂ လုံး မဟုတ်ဘဲ ၃ လုံးတောင် ထုတ်လုပ်ရောင်းချမှာပါ။ Plus Version မှာ ၆.၄၄ လက်မ မျက်နှာပြင်နဲ့ Standard Model မှာ ၆.၂ လက်မ မျက်နှာပြင်များ ပါလာမှာပါ။ တန်ဖိုးနည်း မော်ဒယ်မှာ ၅.၈ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာပါ။

တန်ဖိုး ကြီး မော်ဒယ်နှစ်ခုထဲမှ တစ်လုံးမှာ ဘေးဘက် လက်ဗွေရာ ကိရိယာနဲ့ Curved အစား Flat Infinity Display တပ်ဆင်ထားမှာပါ။ အဲဒီအလုံးမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာလည်း ပါလာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်း အားလုံးမှာ 3D Face Scanning နည်းပညာလည်း ပါလာနိုင်ပါတယ်။ ဒါ့အပြင် Iris Scanning လည်း ထည့်ပေးထားမှာပါ။ အဲဒီအထဲမှ တစ်လုံးမှာ ဘေးဘက် Fingerprint Scanner ပါမယ်လို့ သိရပါတယ်။

Ref : gsmarena

%d bloggers like this: