Vivo Nex ကို ကမ္ဘာအဝန်းမှာ ရောင်းပြီ

Pop-Up Selfie Camera နဲ့ Bezel-less Display ပါတဲ့ Vivo Nex ကို ရှန်ဟိုင်းမှာ ဇွန်လ ၁၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ကမ္ဘာအဝန်းမှာ ရောင်းချပေးတော့မယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ပထမဆုံး ရောင်းချမယ့် ငါး နိုင်ငံကတော့ ရုရှား၊ အိန္ဒိယ၊ မလေးရှား၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ ဖြစ်ပြီး ယခုလကုန်မှာ ရောင်းချမှာပါ။

Vivo Nex ကိုမော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Vivo Nex S မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Snapdragon 845 Chipset ပါပါတယ်။ Vivo Nex A မှာ သာမာန် လက်ဗွေရာ ကိရိယာနဲ့ Snapdragon 710 Chipset ထည့်သွင်းထားပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးမှာ Pop-Up Selfie Camera များ ပါပါတယ်။ Screen-to-body Ratio မှာ ၈၆ ကနေ ၉၁ ရာခိုင်နှုန်း အထိ ရှိပါတယ်။

Nex S ကို တရုတ်မှာ ယွမ် ၄၄၉၈ နဲ ၄၉၉၈ အကြား သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၇၀၀ နဲ ၇၈၀ အကြားရှိပါတယ်။ Nex A ဟာ ယွမ် ၃၉၉၈ (၆၀၅ ဒေါ်လာ) ရှိပါတယ်။ အခြားနိုင်ငံများမှာလည်း ဒီဈေးနှုန်း ဝန်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။

Ref : gsmarena

unicode

Vivo Nex ကို ကမ္ဘာအဝန်းမှာ ရောင်းပြီ

%d bloggers like this: