295 Shares 191 Views

Facebook မွ Content မ်ားကို သိမ္းဆည္းနည္း သံုးနည္း

Jul 09, 2018
295 191

Facebook မွ ပို႔စ္၊ ဗီဒီယို၊ လင့္နဲ႔ ဓါတ္ပံုမ်ားကို ေနာက္မွ ျပန္လည္ ၾကည့္ရႈဖို႔အတြက္ပဲ ျဖစ္ျဖစ္၊ ထာ၀ရသိ္မ္းထားခ်င္လို႔ပဲ ျဖစ္ျဖစ္ သိမ္းဆည္းမ်ားစြာ ရွိပါတယ္။ Facebook ကလည္း သူ႔ရဲ႕ လူမႈကြန္ရက္ထဲမွာပဲ Content မ်ားကို သိမ္းဆည္းနည္းကို ပံ့ပိုးေပးထားပါတယ္။ ေအာက္ပါနည္းလမ္း သံုးခုထဲက သင္နွစ္သက္ရာကို အသံုးျပဳနုိ္္င္ဖို႔ တင္ျပေပးလိုက္ပါတယ္။

Facebook ရဲ႕ စြမ္းေဆာင္ခ်က္ကို အသံုးျပဳပါ။

Facebook က Save on Facebook လို႔ ေခၚတဲ့ Tool အသစ္ကို Desktop နဲ႔ Mobile ႏွစ္မ်ိဳးစလံုးမွာ ထည့္သြင္းေပးထားပါတယ္။ အဆိုပါ စြမ္းေဆာင္ခ်က္က Facebook မွ Content မ်ားကို အလြယ္ကူဆံုး သိမ္းဆည္းေပးႏုိင္လို႔ လူမ်ားစြာက ႏွစ္သက္ၾကပါတယ္။ ဒါ့အျပင္ သင္သိမ္းဆည္းထားတဲ့ အရာမ်ားကို ျပန္လည္ ဖတ္ရႈဖို႔ သင့္ကို အသိေပးမွာ ျဖစ္ပါတယ္။

Facebook မွာ ေဆာင္းပါးတစ္ပုဒ္ကို သိမ္းဆည္းဖို႔အတြက္ Status ရဲ႕ ညာဘက္အေပၚေထာင့္မွ အစက္သံုးစက္ကို ႏွိပ္ပါ။ Save post or Save link ကိုေရြးခ်ယ္ပါ။ သိမ္းဆည္းထားတဲ့ ေဆာင္းပါးကို ျပန္လည္ ဖတ္ရႈဖို႔ ဘယ္ဘက္ Sidebar မွ Saved က႑ကို သြားရမွာ ျဖစ္ပါတယ္။

Links, Places, Photos, Video, Movies, TV, Music, Events နဲ႔ အျခားအရာအားလံုးကို သိမ္းဆည္းႏုိင္ပါတယ္။ အရင္ကေတာ့ Link Preview ပါမွသာ သိမ္းဆည္းလို႔ရတာ ျဖစ္ၿပီး ဓါတ္ပံုမ်ားကိုလည္း သိမ္းဆည္းလို႔ မရပါဘူး။ အခုေတာ့ အားလံုးကို သိမ္းဆည္းႏုိင္ပါၿပီ။

ဒါေပမယ့္ Facebook မွာ သိမ္းထားတဲ့ ပို႔စ္မ်ားကို ျပန္လည္ရွာေဖြဖို႔ Search Box ပါေပမယ့္ Evernote ေလာက္ အစြမ္းမထက္ပါဘူး။ Evernote က ဓါတ္ပံုမ်ားမွ စာသားမ်ားကိုပါ Optical Image Recognition နည္းပညာျဖင့္ ရွာေဖြေပးႏုိင္ပါတယ္။

Evernote and Skitch

Evernote နဲ႔ Skitch က Facebook မွသာမက အင္တာနက္ စာမ်က္ႏွာတိုင္းမွ သတင္း၊ ေဆာင္းပါး၊ ဓါတ္ပံု ၊ ဗီဒီယို အားလံုးကို သိ္မ္းႏုိင္ပါတယ္။ သိမ္းထားတာေတြကို Evernote Website , Mobile App, Desktop App အားလံုးမွာ Sync လုပ္ၿပီး ျပန္လည္ ၾကည့္ရႈႏုိင္ပါတယ္။

Skitch ကို Evernote ကပဲ တီထြင္ေပးထားတာ ျဖစ္ၿပီး Screenshot ရိုက္ႏုိင္ၿပီး ဓါတ္ပံုေပၚမွာ စာေရးတာ၊ ပံုဆြဲတာေတြ ျပဳလုပ္ႏုိင္ပါတယ္။ အဲဒီ Tool ႏွစ္ခုကို ေပါင္းစပ္ အသံုးျပဳရင္ Facebook မွ Content မ်ားကိုသိမ္းႏုိင္ရံုသာမက Edit ျပဳလုပ္ႏုိင္အံုးမွာပါ။

Desktop အသံုးျပဳသူမ်ားအတြက္ Evernote Browser Extension ကို အသံုးျပဳႏိုင္ပါတယ္။ သိမ္းခ်င္တဲ့ Facebook Post မွ အခ်ိန္ သို႔မဟုတ္ ေန႔ရက္ကို ႏွိပ္ၿပီး Browser Toolbar ေပၚမွ Extension Icon ကို ႏွိပ္လိုက္တာနဲ႔ လြယ္ကူစြာ သိမ္းႏုိင္ပါၿပီ။

မိုဘုိင္းဖုန္းမ်ားမွာေတာ့ သိ္မ္းခ်င္တဲ့ အရာကို အီးေမးပို႔ပါ။ သင့္ရဲ႕ Evernote Email ထံသို႔ ေပးပို႔ၿပီးသိမ္းႏုိင္ပါတယ္။

Bit.ly

Bit.ly က ၀က္ဆိုက္ လိပ္စာမ်ားကို မွတ္ရလြယ္ေအာင္ အတိုေကာက္ ျပဳလုပ္ေပးတာပါ။ အဲဒီ၀န္ေဆာင္မႈက သူ႔ရဲ႕ အဓိက အလုပ္ျဖစ္ေပမယ့္ Facebook မွ Content မ်ားကိုလည္း Bit.ly လိပ္စာမ်ားအျဖစ္ ျပဳလုပ္ၿပီး သိမ္းေပးႏုိင္ပါတယ္။ Bit.ly မွာ အေကာင့္တစ္ခု ျပဳလုပ္ၿပီး Login ၀င္ပါ။

ညာဘက္အေပၚေထာင့္မွ Create ကို ႏွိပ္ပါ။ Facebook မွ ပို႔စ္ရဲ႕ လိပ္စာကို Paste long url မွာ ထည့္ေပးပါ။ ေအာက္ေျခမွ Create ကို ႏွိပ္ပါ။ ဒါဆိုရင္ အဲဒီ ပို႔စ္ကို သိမ္းေပးထားမွာပါ။ သိမ္းထားတာေတြကို ျပန္ဖတ္ခ်င္ရင္ ဘယ္ဘက္ အေပၚေထာင့္မွ Drop-Down Arrow ကို ႏွိပ္ၿပီး Bitlinks ကို ႏွိပ္ပါ။

Facebook ဟာ သတင္းမ်ား၊ ေဆာင္းပါးမ်ားကို ဖတ္ရႈဖို႔အတြက္ အလြန္ေကာင္းတဲ့ အရင္းအျမစ္တစ္ခုပါ။ ဖတ္ဖို႔ အခ်ိန္မရတဲ့ အေျခအေနမွာ အေပၚမွာ ေဖာ္ျပထားတဲ့ နည္းလမ္းသံုးခုက အသံုး၀င္မွာ ျဖစ္ပါတယ္။ သင္နဲ႔ အသင့္ေတာ္ဆံုး နည္းလမ္းကို ေရြးခ်ယ္အသံုးျပဳပါ။

ref : cnet

unicode

Facebook မှ Content များကို သိမ်းဆည်းနည်း သုံးနည်း

Facebook မှ ပို့စ်၊ ဗီဒီယို၊ လင့်နဲ့ ဓါတ်ပုံများကို နောက်မှ ပြန်လည် ကြည့်ရှုဖို့အတွက်ပဲ ဖြစ်ဖြစ်၊ ထာဝရသိမ်းထားချင်လို့ပဲ ဖြစ်ဖြစ် သိမ်းဆည်းများစွာ ရှိပါတယ်။ Facebook ကလည်း သူ့ရဲ့ လူမှုကွန်ရက်ထဲမှာပဲ Content များကို သိမ်းဆည်းနည်းကို ပံ့ပိုးပေးထားပါတယ်။ အောက်ပါနည်းလမ်း သုံးခုထဲက သင်နှစ်သက်ရာကို အသုံးပြုနို်င်ဖို့ တင်ပြပေးလိုက်ပါတယ်။

Facebook ရဲ့ စွမ်းဆောင်ချက်ကို အသုံးပြုပါ။

Facebook က Save on Facebook လို့ ခေါ်တဲ့ Tool အသစ်ကို Desktop နဲ့ Mobile နှစ်မျိုးစလုံးမှာ ထည့်သွင်းပေးထားပါတယ်။ အဆိုပါ စွမ်းဆောင်ချက်က Facebook မှ Content များကို အလွယ်ကူဆုံး သိမ်းဆည်းပေးနိုင်လို့ လူများစွာက နှစ်သက်ကြပါတယ်။ ဒါ့အပြင် သင်သိမ်းဆည်းထားတဲ့ အရာများကို ပြန်လည် ဖတ်ရှုဖို့ သင့်ကို အသိပေးမှာ ဖြစ်ပါတယ်။

Facebook မှာ ဆောင်းပါးတစ်ပုဒ်ကို သိမ်းဆည်းဖို့အတွက် Status ရဲ့ ညာဘက်အပေါ်ထောင့်မှ အစက်သုံးစက်ကို နှိပ်ပါ။ Save post or Save link ကိုရွေးချယ်ပါ။ သိမ်းဆည်းထားတဲ့ ဆောင်းပါးကို ပြန်လည် ဖတ်ရှုဖို့ ဘယ်ဘက် Sidebar မှ Saved ကဏ္ဍကို သွားရမှာ ဖြစ်ပါတယ်။

Links, Places, Photos, Video, Movies, TV, Music, Events နဲ့ အခြားအရာအားလုံးကို သိမ်းဆည်းနိုင်ပါတယ်။ အရင်ကတော့ Link Preview ပါမှသာ သိမ်းဆည်းလို့ရတာ ဖြစ်ပြီး ဓါတ်ပုံများကိုလည်း သိမ်းဆည်းလို့ မရပါဘူး။ အခုတော့ အားလုံးကို သိမ်းဆည်းနိုင်ပါပြီ။

ဒါပေမယ့် Facebook မှာ သိမ်းထားတဲ့ ပို့စ်များကို ပြန်လည်ရှာဖွေဖို့ Search Box ပါပေမယ့် Evernote လောက် အစွမ်းမထက်ပါဘူး။ Evernote က ဓါတ်ပုံများမှ စာသားများကိုပါ Optical Image Recognition နည်းပညာဖြင့် ရှာဖွေပေးနိုင်ပါတယ်။

Evernote and Skitch

Evernote နဲ့ Skitch က Facebook မှသာမက အင်တာနက် စာမျက်နှာတိုင်းမှ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ ၊ ဗီဒီယို အားလုံးကို သိမ်းနိုင်ပါတယ်။ သိမ်းထားတာတွေကို Evernote Website , Mobile App, Desktop App အားလုံးမှာ Sync လုပ်ပြီး ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

Skitch ကို Evernote ကပဲ တီထွင်ပေးထားတာ ဖြစ်ပြီး Screenshot ရိုက်နိုင်ပြီး ဓါတ်ပုံပေါ်မှာ စာရေးတာ၊ ပုံဆွဲတာတွေ ပြုလုပ်နိုင်ပါတယ်။ အဲဒီ Tool နှစ်ခုကို ပေါင်းစပ် အသုံးပြုရင် Facebook မှ Content များကိုသိမ်းနိုင်ရုံသာမက Edit ပြုလုပ်နိုင်အုံးမှာပါ။

Desktop အသုံးပြုသူများအတွက် Evernote Browser Extension ကို အသုံးပြုနိုင်ပါတယ်။ သိမ်းချင်တဲ့ Facebook Post မှ အချိန် သို့မဟုတ် နေ့ရက်ကို နှိပ်ပြီး Browser Toolbar ပေါ်မှ Extension Icon ကို နှိပ်လိုက်တာနဲ့ လွယ်ကူစွာ သိမ်းနိုင်ပါပြီ။

မိုဘိုင်းဖုန်းများမှာတော့ သိမ်းချင်တဲ့ အရာကို အီးမေးပို့ပါ။ သင့်ရဲ့ Evernote Email ထံသို့ ပေးပို့ပြီးသိမ်းနိုင်ပါတယ်။

Bit.ly

Bit.ly က ဝက်ဆိုက် လိပ်စာများကို မှတ်ရလွယ်အောင် အတိုကောက် ပြုလုပ်ပေးတာပါ။ အဲဒီဝန်ဆောင်မှုက သူ့ရဲ့ အဓိက အလုပ်ဖြစ်ပေမယ့် Facebook မှ Content များကိုလည်း Bit.ly လိပ်စာများအဖြစ် ပြုလုပ်ပြီး သိမ်းပေးနိုင်ပါတယ်။ Bit.ly မှာ အကောင့်တစ်ခု ပြုလုပ်ပြီး Login ဝင်ပါ။

ညာဘက်အပေါ်ထောင့်မှ Create ကို နှိပ်ပါ။ Facebook မှ ပို့စ်ရဲ့ လိပ်စာကို Paste long url မှာ ထည့်ပေးပါ။ အောက်ခြေမှ Create ကို နှိပ်ပါ။ ဒါဆိုရင် အဲဒီ ပို့စ်ကို သိမ်းပေးထားမှာပါ။ သိမ်းထားတာတွေကို ပြန်ဖတ်ချင်ရင် ဘယ်ဘက် အပေါ်ထောင့်မှ Drop-Down Arrow ကို နှိပ်ပြီး Bitlinks ကို နှိပ်ပါ။

Facebook ဟာ သတင်းများ၊ ဆောင်းပါးများကို ဖတ်ရှုဖို့အတွက် အလွန်ကောင်းတဲ့ အရင်းအမြစ်တစ်ခုပါ။ ဖတ်ဖို့ အချိန်မရတဲ့ အခြေအနေမှာ အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းသုံးခုက အသုံးဝင်မှာ ဖြစ်ပါတယ်။ သင်နဲ့ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်အသုံးပြုပါ။

ref : cnet

You may be interested

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ
NEWS, Softwares & Application
0 shares0 views

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ

Nigma - Mar 19, 2019

Xioami ဟာ Redmi Go အျပင္ Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈကိုလည္း အိႏၵိယမွာ ယေန႔ မိတ္ဆက္ခဲ့ပါတယ္။ Xiaomi ဟာ Mi Play ကို တ႐ုတ္ျပည္တြင္းမွာ ၂၀၁၆ ခုႏွစ္က စတင္ ထုတ္ေပးခဲ့တာ ျဖစ္ၿပီး၊ အိႏၵိယမွာ…

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20

Nigma - Mar 19, 2019

Samsung က လြန္ခဲ့တဲ့လမွာ Galaxy A10, A30 နဲ႔ A50 ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။ ယေန႔မွာေတာ့ A စီးရီးအသစ္ျဖစ္တဲ့ Galaxy A20 ကို ထပ္မံ မိတ္ဆက္လိုက္ျပန္ပါတယ္။ Samsung Galaxy A20 မွာ Galaxy…

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ
Android, Huawei, HUBS
105 shares15 views

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ

Ko Thuya - Mar 19, 2019

Honor က အိႏၵိယမွာ Honor 10 Lite ရဲ႕ ေမာ္ဒယ္အသစ္ကို ေၾကညာလိုက္ပါတယ္။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္ပါတယ္။ မူလေမာ္ဒယ္မွာ 4GB RAM , 64GB…

Leave a Comment

Most from this category