1666 Shares 2609 Views


Jul 09, 2018
1666 2609





Ref : businessinsider

unicode

အမေရိကန်မှာ iPhone/ iPad ကိုင်နိုင်မှ လူချမ်းသာလို့ မြင်ကြကြောင်း စစ်တမ်းက ဖော်ပြ

အမေရိကန်မှာ iPhone/ iPad ကိုင်တာကို ကြည့်ခြင်းဖြင့် ဝင်ငွေကောင်းလား၊ မကောင်းဘူးလားဆိုတာကို ဆုံးဖြတ်ကြတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ ချီကာဂို တက္ကသိုလ်မှ စီးပွားရေး ပညာရှင် Marianne Bertrand နဲ့ Emir Kamenica တို့ရဲ့ သုတေသန စစ်တမ်းအရ သိရတာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ နှစ်များစွာကြာ ကောက်ယူထားတဲ့ ဒေတာများအရ အခြား ဘရန်းများကို ကိုင်ရင် ဝင်ငွေကောင်းတယ်လို့ လူတွေက မထင်ကြပါဘူး။ ၂၀၁၆ ခုနှစ်မှာ အိုင်ဖုန်း ကိုင်မှသာ ဝင်ငွေ ကောင်းသူ အဖြစ် မြင်ကြတာပါ။ “ လို့ ပညာရှင်များက စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အိုင်ဖုန်း ကိုင်မှ လူချမ်းသာလို့ ထင်လာကြတာ မကြာသေးပါဘူး။

၂၀၀၄ ခုနှစ်ကအထိ Land O’ Lakes Butter နဲ့ Kikkoman Soy Sauce တို့ကို သုံးနိုင်တဲ့ အိမ်ထောင်စုများဟာ ဝင်ငွေကောင်းသူ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ Grey Poupon Mustard ကို ဝယ်နိုင်သူများဟာ လူချမ်းသာ မိသားစုလို့ အထင်ခံရမှု အများဆုံး ဖြစ်ပါတယ်။ Verizon ကို သုံးသူများဟာလည်း အထင်ကြီးခံရတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

အိုင်ဖုန်ုးကို ၂၀၀၇ ခုနှစ်မှာ စတင် ရောင်းချခဲ့ပြီး သူဟာ ပြိုင်ဖက် စမတ်ဖုန်းများထက် ပိုမို တန်ဖိုး မြင့်မားတဲ့ Luxury Product ဖြစ်လာပါတယ်။ တန်ဖိုးနည်း Android Phones များကို ဒေါ်လာ ၁၀၀ လောက်နဲ့ ရောင်းနေကြပေမယ့် Apple ရဲ့ နောက်ဆုံးထုတ် အကောင်းစား အိုင်ဖုန်းကတော့ ဒေါ်လာ ၁၀၀၀ တန်ကြေးရှိပါတယ်။

Ref : businessinsider

You may be interested

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Feb 17, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်

Ko Thuya - Feb 17, 2019

နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…

Leave a Comment

Most from this category