454 Shares 162 Views

Fans မ်ားက Surface Phone ထုတ္လုပ္ေရာင္းခ်ဖို႔ Microsoft အား ဆႏၵျပေန

Jul 09, 2018
454 162

Microsoft ရဲ႕ Windows Phone မ်ားဟာ စမတ္ဖုန္း နယ္ပယ္္မွာ မေအာင္ခဲ့ဘဲ အႀကီးႀကီး က်ရႈံးခဲ့ပါတယ္။ အဲဒီအတြက္ ကုမၸဏီက ၀င္းဒိုးဖုန္းမ်ားကို တစ္ခန္းရပ္ခဲ့ပါၿပီ။ ဒါေပမယ့္ ကုမၸဏီရဲ႕ Surface Tablet / Laptop မ်ားဟာ အလြန္ ေအာင္ျမင္ေနပါတယ္။ အဲဒီအတြက္ ကုမၸဏီဟာ Surface Phone ကို ထုတ္လုပ္ေရာင္းခ်မယ့္ သတင္းမ်ား ထြက္လာခဲ့ပါတယ္။ အဲဒီသတင္းေတြ ထြက္ေနတာ ႏွစ္မ်ားစြာေတာင္ ၾကာေနပါၿပီ။

အခုထက္ထိ ထုတ္လုပ္ေရာင္းခ်ျခင္း မရွိေသးတဲ့အတြက္ Fans မ်ားက Surface Phone ထုတ္လုပ္ေရာင္းခ်ဖို႔ Microsoft အား ဆႏၵျပမႈတစ္ခု ျပဳလုပ္လိုက္ပါတယ္။ ဖန္မ်ားက အြန္လိုင္းမွာ လက္မွတ္မ်ား လိုက္လံ ေကာက္ခံေနပါတယ္။ လက္မွတ္ထိုးပြဲကို စတင္ခဲ့သူ Zachary Hinskyi က “ အဲဒီ ဖုန္းဟာ ေဒၚလာ ၈၀၀ နဲ႔ ၁၀၀၀ ေလာက္ရွိရင္ေတာင္ ၀ယ္မွာပါ။ သူ႔ရဲ႕ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓါတ္ပံုမ်ားကို ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။ ဒီဖုန္းကို ထုတ္လုပ္ေရာင္းခ်ဖို႔ မိုက္ကရိုေဆာ့ဖ္ကို ဖိအားေပးမွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။ လူေပါင္းမ်ားစြာ ပါ၀င္လာဖြယ္ရွိၿပီး လက္ရွိမွာ လက္မွတ္ေပါင္း ၃၀၀၀ ေက်ာ္ရရွိေနၿပီ ျဖစ္ပါတယ္။

ယခင္ကလည္း Surface Phone ရဲ႕ သတင္းအခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ Microsoft ရဲ႕ Patent တစ္ခုအရ ကုမၸဏီဟာ စကရင္ ႏွစ္ခုပါတဲ့ ကိရိယာတစ္ခုကို တီထြင္ေနတယ္ဆိုတာ သိရပါတယ္။ စကရင္ႏွစ္ခုကို တြဲစပ္၍လည္း အသံုးျပဳႏုိင္ပါတယ္။ သူဟာ Surface Device ျဖစ္ႏုိင္ပါတယ္။

သူနဲ႔ တြဲဖက္ အသံုးျပဳႏုိင္တဲ့ ကီးဘုတ္ကိုလည္း Patent မွာ ျပသထားပါတယ္။ ဒါဟာ လက္ေတာ့လိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္တဲ့ Microsoft Surface Series မ်ားနဲ႔ တူညီပါတယ္။ သူ႔ကို ေခါက္ခ်ိဳး၍ နည္းလမ္းမ်ားစြာျဖင့္ အသံုးခ်ႏိုင္ပါတယ္။ Patent မွာ သူ႔ကို Alarm Clock အေနျဖင့္ အသံုးျပဳထားပံုကို ျပသထားပါတယ္။ ေခါက္ခ်ိဳးထားတဲ့ ပံုသ႑ာန္ အေပၚ မူတည္၍ သူ႔ရဲ႕ User Interface မ်ားဟာ အလြန္ သင့္ေတာ္တဲ့ ပံုသ႑ာန္ အျဖစ္ ေျပာင္းလဲသြားမွာ ျဖစ္ပါတယ္။

Ref : techradar

unicode

Fans များက Surface Phone ထုတ်လုပ်ရောင်းချဖို့ Microsoft အား ဆန္ဒပြနေ

Microsoft ရဲ့ Windows Phone များဟာ စမတ်ဖုန်း နယ်ပယ်မှာ မအောင်ခဲ့ဘဲ အကြီးကြီး ကျရှုံးခဲ့ပါတယ်။ အဲဒီအတွက် ကုမ္ပဏီက ဝင်းဒိုးဖုန်းများကို တစ်ခန်းရပ်ခဲ့ပါပြီ။ ဒါပေမယ့် ကုမ္ပဏီရဲ့ Surface Tablet / Laptop များဟာ အလွန် အောင်မြင်နေပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ Surface Phone ကို ထုတ်လုပ်ရောင်းချမယ့် သတင်းများ ထွက်လာခဲ့ပါတယ်။ အဲဒီသတင်းတွေ ထွက်နေတာ နှစ်များစွာတောင် ကြာနေပါပြီ။

အခုထက်ထိ ထုတ်လုပ်ရောင်းချခြင်း မရှိသေးတဲ့အတွက် Fans များက Surface Phone ထုတ်လုပ်ရောင်းချဖို့ Microsoft အား ဆန္ဒပြမှုတစ်ခု ပြုလုပ်လိုက်ပါတယ်။ ဖန်များက အွန်လိုင်းမှာ လက်မှတ်များ လိုက်လံ ကောက်ခံနေပါတယ်။ လက်မှတ်ထိုးပွဲကို စတင်ခဲ့သူ Zachary Hinskyi က “ အဲဒီ ဖုန်းဟာ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ လောက်ရှိရင်တောင် ဝယ်မှာပါ။ သူ့ရဲ့ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံများကို တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒီဖုန်းကို ထုတ်လုပ်ရောင်းချဖို့ မိုက်ကရိုဆော့ဖ်ကို ဖိအားပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ လူပေါင်းများစွာ ပါဝင်လာဖွယ်ရှိပြီး လက်ရှိမှာ လက်မှတ်ပေါင်း ၃၀၀၀ ကျော်ရရှိနေပြီ ဖြစ်ပါတယ်။

ယခင်ကလည်း Surface Phone ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ Microsoft ရဲ့ Patent တစ်ခုအရ ကုမ္ပဏီဟာ စကရင် နှစ်ခုပါတဲ့ ကိရိယာတစ်ခုကို တီထွင်နေတယ်ဆိုတာ သိရပါတယ်။ စကရင်နှစ်ခုကို တွဲစပ်၍လည်း အသုံးပြုနိုင်ပါတယ်။ သူဟာ Surface Device ဖြစ်နိုင်ပါတယ်။

သူနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ ကီးဘုတ်ကိုလည်း Patent မှာ ပြသထားပါတယ်။ ဒါဟာ လက်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်တဲ့ Microsoft Surface Series များနဲ့ တူညီပါတယ်။ သူ့ကို ခေါက်ချိုး၍ နည်းလမ်းများစွာဖြင့် အသုံးချနိုင်ပါတယ်။ Patent မှာ သူ့ကို Alarm Clock အနေဖြင့် အသုံးပြုထားပုံကို ပြသထားပါတယ်။ ခေါက်ချိုးထားတဲ့ ပုံသဏ္ဍာန် အပေါ် မူတည်၍ သူ့ရဲ့ User Interface များဟာ အလွန် သင့်တော်တဲ့ ပုံသဏ္ဍာန် အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

Ref : techradar

You may be interested

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
0 shares0 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
41 shares15 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

အသည္းၿပိဳေလာက္စရာ Selfie ပံုေတြအတြက္ 20 MP အေရွ႕ကင္မရာနဲ႔ ပြဲထြက္လာေတာ႔မယ္ Vivo Y95
Local, Local News
81 shares108 views

အသည္းၿပိဳေလာက္စရာ Selfie ပံုေတြအတြက္ 20 MP အေရွ႕ကင္မရာနဲ႔ ပြဲထြက္လာေတာ႔မယ္ Vivo Y95

Creepy Tyler - Nov 19, 2018

လူငယ္ေတြရဲ႕ တစ္ကိုယ္ရည္ ဖက္ရွင္ Trend ေတြထဲမွာ ယခုေနာက္ပိုင္း ေခတ္စားလာတဲ႔ Accessory တစ္ခုက စမတ္က်တဲ႔ ဖုန္းတစ္လံုးပါ။ ဒါ႔အျပင္ Facebook လိုမ်ိဳး Social Network ေတြေပၚမွာ အေပါင္းအသင္းေတြရဲ႕ အာရံုကို ဖမ္းစားႏိုင္ဖို႔အတြက္ Selfie Camera ေကာင္းတဲ႔…

Leave a Comment

Most from this category